ဖြေးဖြေးချင်း ရေးနေရသူမလို့ သည်းခံ ဖတ်ပေးကြစေလိုပါသည်။
နယုန်လ ရာသီပန်းမှာ စံပယ်ပန်းနှင့် မြတ်လေးပန်းဟု သတ်မှတ်သည်။ နယုန်လ အဓိပ္ပာယ် မှာ မိုးရေများစီးဆင်းသောလဟု ဆိုသည်။ နယုန်မိုးနှင့်အတူ ပန်းများ ဖူးကြ ပွင့်ကြသည်။ နယုန်လပန်း စံပယ်ပန်းအဓိပ္ပါယ်သည် မင်းကို ချစ်တယ် ဟု အဓိပ္ပာယ် ရလေသည်။ ပန်းစံကားတစ်ခုပင် ။ စာဖတ်သူ မိတ်ဆွေ များ ချစ်အဖြေပေးချင်ကြသလား..။ စံပယ်ပန်းသာပေးလိုက်ပါလေ..။ စံပယ်ပန်းကို စလေဦးပုညက
ပန်းစံပယ်
နန်းလယ် မပေါ်ခိုက်ဟာမို့
အလိုက်တော်တန်သင့်ရုံပ
ခံပွင့်ကိုကုံး။
နန်းရဝေ
မန်းမြေမှာ စံပယ်လှိုင်တော့
ခံပန်းခိုင် ယာယီရွေ့  တယ်
တောလေ့ရွာသုံး။ ။ ဟု ရေးဖွဲ့ခဲ့သည်။
ကဗျာအဓိပ္ပါယ်က ရှင်းသည်။ ပန်းစံပယ် မပေါ်ချိန် ခံပွင့်မျညးအား စံပယ်လို သီကုံးပန်ပြီး ပန်းစံပယ်ပေါ်တော့ ခံပွင့်ကို ပစ်ခံရပုံကို ရေးသားထားသည်။ ထိုကဗျာကို လူတိုသ်းသိကြပါလိမ့်မည်။ ၇တန်း ဖတ်စာအုပ်တွင် သင်ခဲ့ရသည်။ စံပယ်ပန်း မွေးရနံ့ကို မကြိုက်သူ မရှိဟု ထင်မိသည်။ စံပယ်တစ်ရုံ ရှိလျှင်ဖြင့် တစ်အိမ်လုံး မွှေးရနံ့ သင်းပျံ့နေပါလိမ့်မည်။ စံပယ်တွင်လည်း ပွင့်ဖတ် ထူသော အိုးပုတ် စံပယ်က ပိုချိုမွှေး၏။
စံပယ် နှင့် ပတ်သတ်သော သီချင်းများလည်း ရှိသးသည်။ မိတ်ဆွေ တို့လည်း ကြားဖူးကြပါလိမ့်မည်။ စံပယ်နှင့်အတူ ပွင့်သော နယုန်လပန်းက မုလေးပန်းခေါ် မြတ်လေးပန်း ပင် ဖြစ်သည်။ ပန်းတကာထက် မြတ် သောကြောင့် မြတ်လေးပန်းဟု ခေါ်သည်။ မြတ်လေးပန်း ၏ အဓိပ္ပာယ် မှာ ဇွဲသတ္တိ ရှိခြင်းပင်။ မြတ်လေးပန်းအဖူးလေးများသည် အနီရောင်ဖြစ်ပြီး ပွင့်သောအခါ အဖြူရောင် ဖြစ်သွားလေသည်။
မြတ်လေးပန်းသည် စံပယ်လောက် မထင်ရှားသော်လည်း လူတိုင်းနှစ်သက်ကြလေသည်။စံပယ်ရော မြတ်လေးရော ခြုံပင်အမျိုးအစားတွင်ပါလေသည်။ မြတ်လေးပန်း၏ ထူးခြားချက်မှာ မြေပေါ်ကြွေမကျ အပင်ပေါ်တွင်သာ ညှိုးခြောက်လေသည်။ မြေပေါ်မကြွေသဖြင့် မြတ်လေးပန်းတွင်သလား ထင်မိပါသည်။
နယုန်လကို ...
ရွှေစာတော် ပြန်မေးလို့
မြတ်လေးတဲ့ စံပယ်။
မေထုန်ဆို ရာသီကူး
ပွင့်ဖူးဝတ်မှုံနံ့
သင်းပျံ့တော့တယ်။
ကောင်းကင်လယ်
ထက်ဝယ်ဘုံက
ဇေဌ ရွှေကြက်မင်းငယ်
လင်းတဲ့ချိန်ပ..။ဟုလည်း စပ်ဆိုခဲ့ပါသည်။
ဆက်ရန်
Author
Msc 050