This too, will passs. ဤစကားစုကို လူအများအပြား ကြားဖူး သိဖူးကြပါလိမ့်မည်။ "ဒါလဲ ပြီးသွားမှာပါ” ဟုပင်..။ အလွန် ရိုးရှင်း လှပါသည်။ သို့သော် အလွန် တန်ဖိုးရှိလှပါသည်။ မိမိတို့တွင် မည်မျှ ကြီးမားသော အခက်ခဲပင် ရှိနေပါစေ ထိုစကားလုံးလေး တွေးမိလျှင် အနည်းငယ် စိတ်သက်သာရာ ရနိုင်ပေမည်။ အချိန် တန်လျှင် ပြီးသွားမှာပါ ဟု တွေးပြီး နှစ်သိမ့်အားပေးလို့ရနေသည်။ ပျော်ရွှင်စရာ ကိစ္စ ရှိနေပါသလား တစ်သက်လုံးရှိနေမည် ထင်မနေပါနှင့် ဒါလဲ ပြီးသွားမည် မဟုတ်ပါလား..။ ဝမ်းနည်းစရာ တွေ ကြုံနေရသလား စိတ်မပူပါနှင့် ဒါလဲ ပြီးသွားမှာပါပဲလေ..။
Crd-org-source
ဘဝခရီးလမ်း လျောက်လှမ်းရာတွင် သင့်တင့်စွာ နေထိုင်တတ်စေရန် နှစ်ဖက် ညီမျှစေရန် ထိန်းပေးသော စကားလေးပင် မဟုတ်ပါလား..။ ထို့ကြောင့် အရမ်းပျော်နေပါသလား This too,will pass.
အရမ်း စိတ်ညစ်နေပါသလား This too, will pass ပင် ဖြစ်ပါသည်။ ဘဝတွင် မည်သည့်အရာမျှ အမြဲ ရှိအနေနိုင် အချိန်တန်လျှင်ပြီးသွားမည် ဖြစ်ကြောင်း သတိပေးရင်း နိဂုံးချုပ်ပါ၏။
Author