မရဏတေး
မင်းကိုချစ်တယ် နိုရာ"
တစ်နေ့ပြီးတစ်နေ့ သေဆုံးခြင်းတွေ
ရှင်သန်ခြင်းတွေနဲ့ အချိုးမကျတဲ့ဘဝတွေဟာ
စုတ်ပြတ်သတ်နေတဲ့ ကြွက်စုတ်တစ်ကောင်သာသာရယ်
ဂရိဒဏ္ဍာရအကြည့်တစ်ချက်ဝှေ့ရုံနဲ့ မနက်ဖြန်တိုင်းက
ကျောက်စိုင်ကျောက်သားတွေလို ငါ့အသွေးသားက ငါ့ကို မျက်တောင်ခပ်ခွင့် မပေးတော့ဘူး ....
မျှော်လင့်တကြီးငေးကြည့်မိတဲ့ ကောင်းကင်ကြီးလဲ
အသက်မပါတော့ ရုပ်ကြွင်းဟာတရွေ့ရွေ့
အဖြေမရှိအသိဟာတရွေ့ရွေ့ ဒီလို ဒီလို...နဲ့
ရှူလို့မကောင်းတဲ့လေယူလေစိမ်းဟာ မြစ်ဖျားခံစိတ်တစ်ခုနဲ့ နေဝင်ချိန်တွေ စောလွန်း..နေခဲ့တယ် ....