NHK ရုပ်သံ က မြန်မာ့ မီးရထားလမ်းတစ်လျှောက် documentary ရိုက်ကူးဆိုတဲ့ သတင်းကို လေ့လာရအောင်ပါ
ဂျပန်နိုင်ငံရဲ့ NHK ရုပ်သံလိုင်းက မီးရထားလမ်းတစ်လျှောက် လူမှုဘဝတွေကို ရုပ်သံရိုက်ကူး
ဗီဒီယို ရိုက်ကူးတာကို film ကို verb အဖြစ် သုံးပါတယ်
လူမှုဘဝတွေ နေထိုင်မှုပုံစံတွေကို lifestyles လို့ ရေးပါတယ်
မီးရထားလမ်းကို railway line လို့ ရေးထားပါတယ်
NHK က မြန်မာ့မီးရထားလမ်းရဲ့ မြင်ကွင်းတွေ ဘူတာရုံတွေနဲ့ မန္တလေးမြို့က လူတွေရဲ့ လူမှုဘဝတွေကို
မှတ်တမ်းတင် ဗီဒီယိုကို မနေ့က ရိုက်ကူးခဲ့တယ်
မှတ်တမ်းတင် ဗီဒီယိုကို documentary ရိုက်ကူးတာကို ဒီနေရာမှာ shot နဲ့ သုံးထားပါတယ်
Shoot ရဲ့ အတိတ်ကာလပြ verb ပါ ဘူတာရုံတွေကို stations လို့ သုံးပါတယ်
မှတ်တမ်းတင် ဗီဒီယိုကို unexplored train journey လို့ အမည်ပေးထားပြီး NHK ရိုက်ကူးရေး
အဖွဲ့သားတွေက အမှတ် ၁၄၇ အဆန်ရထားနဲ့ သာစည်ဘူတာကနေ လွန်ထိုးဘူတာကို စီးနင်းသွားကြပြီး
လွန်းထိုးဘူတာ ရုံပိုင်ကြီးနဲ့ အင်တာဗျူးပါတယ်
မှတ်တမ်းတင် ဗီဒီယိုရဲ့ နာမည် ခေါင်းစဥ်ကို title လို့ သုံးပါတယ် ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သားတွေကို
Crew လို့ပဲ သုံးပါတယ် အဆန်ရထားကို up train လို့ သုံးပါတယ် ဘူတာရုံပိုင်ကြီးကို
master လို့ပဲ ရေးတာတွေ့ရပါတယ် ထို့နောက် အဖွဲ့သားတွေက ဘူတာအနီးတဝိုက်မှာ အစားအသောက်
ရောင်းချနေသူများကို ရိုက်ကူးပြီး အမှတ် ၁၄၁ အဆန်ရထားနဲ့ လွန်းထိုးဘူတာကနေ စင်တောင်ဘူတာကို
စီးနင်းသွားပါတယ် ပြီးတော့ ရထားပေါ်က ခရီးသွားတွေကို အင်တာဗျူးပါတယ်
ဒီလောက်ဆို သတင်းကို ကိုယ့်ဘာသာ ဆက်လေ့လာလို့ ရပြီထင်ပါတယ် English စာ ကျွမ်းကျင်ပြီးသား
ဆရာများကို သင်ကြားခြင်း မဟုတ်ပါ ကျောင်းသား ကျောင်းသူများကိုသာ ရည်ရွယ်သင်ကြားခြင်း ဖြစ်ပါတယ်
Upvote က ဆရာတွေလည်း ပေးချင်ပေးနိုင်ပါတယ်နော် ကျေးဇူးပါခင်ဗျာ