photo credit by facebook
ရာသီဥတုပူလာတာနဲ့အမျှ ကျေးလက်ကလူတော်တော်များများ အိမ်ထဲမှာနေတဲ့အချိန်ထက် အိမ်ပြင်မှာစကားစုပြောကြတဲ့အချိန်တွေ ပိုများလာကြတယ်။ပူပြင်းတဲ့နေရောင်ခြည်ရဲ့ရန်ကနေကင်းဝေးအောင် နေ့လယ်ခင်းဆို အိမ်ထဲကအေးမယ့်နေရာလေးမှာ ရှာကြံနေကြရပီး နေအေးတာနဲ့တပြိုင်နက် အိမ်ပြင်ကိုထွက်ပီး လေအေးခံကြရတဲ့အရသာက တစ်ကယ့်အိုအေစစ်ပါပဲ။
နွေရာသီရဲ့သင်္ကေတဖြစ်တဲ့ မီးကင်းတဲလေးပေါ်မှာ ကာလသားတစ်ချို့ရဲ့ ငြင်းခုံနေကြတဲ့ စစ်တုရင်ပွဲကလည်း စည်စည်ကားကားပဲပေါ့။မီးကင်းစောင့်ဖို့ကို အားတတ်သရောရှိကြတဲ့ ရွာသားတစ်ချို့မှာလည်း အကြံအစည်သမားတွေတော့ ပါတာပေါ့။
မီးကင်းစောင့်ရင်း လူပျိုလှည့်ခဲ့တဲ့ လူပျိုကြီးတစ်ယောက် ခုချိန်မှာ ကလေးသုံးယောက်ရနေတဲ့ အကြောင်းတစ်ခုကြောင့် မီးကင်းစောင့်ရင်း လူပျိုလှည့်ချင်ကြတဲ့ ကာလသားတွေရှိတဲ့ရွာမှာနေရတာ ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလဲနော်။မီးရေး ထင်းရေး စိတ်ချရတာပေါ့။