photo credit by facebook
ဘဝမှာကိုယ်မနှစ်သက်တဲ့သူနဲ့ ပတ်သတ်ရမယ်ဆို ဘယ်လောက်ပဲပျော်ရွှင်မယ့်လမ်းပဲဖြစ်ပါစေ ကိုယ်မလျှောက်ချင်ပါဘူး။ကိုယ်မနှစ်သက်တဲ့သူရဲ့ အပြုံးအောက်မှာ ငိုကာရယ်ကာဖြစ်မယ်ဆိုတာ ကြိုသိခဲ့ရင် သူလျှောက်မယ့်လမ်းကနေရှောင်ကွင်းသွားချင်ပါရဲ့။
ဘဝဆိုတာ ကိုယ်ဖြစ်ချင်တာဖြစ်ရမယ်ဆိုရင် ကိုယ်မုန်းတဲ့သူတွေနဲ့ တစ်မိုးအောက်မှာတောင် မနေချင်ပါဘူး။မလွှဲသာလို့ တစ်မိုးအောက်မှာနေရရင် ကိုယ်နဲ့သူ့ကြားမှာ ပင်လယ်ကြီးတစ်စင်းခြားနေပါစေလို့ ကိုယ်ရူးရူးမိုက်မိုက် ဆုတောင်းလိုက်ချင်ရဲ့ကွယ်။