ယခုနှစ် စာမေးပွဲမေးခွန်ထဲမှာပါလာသောမေးသော
ဂါထာလေး၏ အဓိပ္ပါယ်လေးကို ပြန်လည်ကာဝေမျှလိုပါတယ် ။
ဂါထာလေး၏ ဆိုလိုရင်း သဘောသွားလေးတိုင်း
လိုက်နာကျင့်သုံးမယ်ဆိုရင် အဖိုးနဂ္ဂတောင်ဖြတ်လို့ရမယ်မထင်ပါဘူး ။
" သာဓု ဓမ္မရုစိ ရာဇာ သာဓုပညာနဝါ နရော ။
သာဓု မိတ္တာနမဒ္ဒုဗ္ဘော ပါပဿာ ကရဏံသုခံ " ။
သာဓု ဓမ္မရုစိ ရာဇာ ။
သုစရိုက်တရားကိုနှစ်သက်သော ကောင်းသော
အကျင့်ကိုကျင့်သော ဖြောင့်မှန်သောစိတ်ထားဖြင့် တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့အုပ်ချုပ်သော မင်းသည် ကောင်း၏ ။
တိုင်းပြည် နိုင်ငံတစ်နိုင်ငံမှာ မင်းကျင့်တရား ( ၁၀)ပါးနဲ့ တိုင်းသူပြည်သား
တို့၏အကျိုးကိုလိုလား၍ ရင်ဝယ်သားကဲ့သို့ စောက်ရှောက်သော
မင်းတစ်ပါး ရှိဖို့ လိုအပ်ပါတယ် ။
သာဓု ပညာနဝါ နရော ။
ပညာရှိသော အကောင်းအဆိုးကိုဝေဖန်ပိုင်းခြားနိုင်သော လူသည်
ကောင်း၏ ။ မိမိမှာ အသိပညာ အတတ်ပညာနဲ့ပြည့်စုံမှာသာလျှင်
မကောင်းတာကိုရှောင်၍ ကောင်းသောအလုပ်ကိုလုပ်မည်
လူမိုက်ကိုရှောင်၍ သူတော်ကောင်းကိုမှီဝဲဆည်းကပ်မည် ။
မိမိမှာ အသိပညာ ဗဟုသုတ ရှိဖို့ကလည်း လိုအပ်ပါတယ် ။
သာဓု မိတ္တာနမဒ္ဒုဗ္ဘော ။
မိတ်ဆွေ အဆွေခင်ပွန်ကောင်းကို မပြစ်မှားသောသူသည် ကောင်း၏ ။
မိမိမှာ မိတ်ဆွေ အဆွေခင်ပွန်ကောင်း ရှိဖို့အရမ်းလိုအပ်ပါတယ် ။
မိတ်ဆွေကောင်းကို မပြစ်မှားခြင်း ကျေးဇူးသိတတ်ခြင်းသည်ကလည်း
လောကီ လောကုတ္တရာ နှစ်ဖြာသောကောင်းကျိုးကိုဖြစ်ပေါ်စေခြင်း၏
အကြောင်းရင်းတစ်ခုပါပဲ ။ ဒါကြောင့် မိမိမှာရှိသော မိတ်ဆွေကောင်းများကို
မပြစ်မှားပါနဲ့ တိုက်တွန်းချင်ပါတယ် ။
ပါပဿာကရဏံ သုခံ ။
နောက်ဆုံးတစ်ချက်ပေါ့ အရေးကြီးတဲ့ထဲက အရေးကြီးဆုံးအရာတစ်ခု
လို့ ဆိုလိုရရင်းလည်း မှားနိုင်မယ်မထင်ပါဘူး ။
" မကောင်းမူကို မပြုခြင်းသည် ချမ်းသာ၏ " ။
ရရှိလာတဲ့ လူ့ဘဝ၏ ခဏတာ အခိုက်တန့်လေးမှာ စိတ်ချမ်းသာဖို့
လိုအပ်ပါတယ် ။ မိမိကိုယ်ကိုယ် သနားရင်း ပျော်ရွှင်စိတ်ချမ်းသာခြင်းရင်
မကောင်းမှု မကောင်းသောအရာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ ။
မကောင်းအလုပ် မကောင်းသောအပြောအဆို မကောင်းသောအကြံသည်
မိမိဘဝကို အောက်သို့ဆွဲချနေသည်သာဆိုတာ မမေ့ပါနဲ့ မိတ်ဆွေ ။