ဒုလ္လဘရဟန်းခဏ ဝတ်ကြသူများ သိသင့်တယ်ထင်လို့ပါ ။
ကိုယ်ရဟန်းဝတ်က ထွက်ခြင်းလို့ထွက်ကျသောအခါ
သင်္ကန်းချွတ်လိုက်ယုံနဲ့ လူအသွင်ကိုမရောက်ပါဘူး ။
သိက္ခာချခြင်း အင်္ဂါတွေနဲ့ညီမှပြည့်စုံမှ
ရဟန်းအသွင်ကိုပျောက်ခါ လူအသွင်ကိုရောက်တာပါ ။
အောက်မှာဖတ်ကြည့်ပါ ။
ဒုလ္လဘရဟန်းများ လူထွက်သောအခါ
အထူးသတိထားသင့်ဧ။်၊ သိက္ခချနည်းကို
မသိနားမလည်ဘဲ ဖြစ်သလို ပြီး,ပြီးရော့
သိက္ခာချ၍လူထွက်ခြင်း၊ လူအ၀တ်စား
ဝတ်လိုက်လျှင် သိက္ခာကျသည်ထင်၍
စနစ်တကျသိက္ခာမချဘဲ လူအ၀တ်စား
ကောက်ဝတ်ပြီး လူထွက်ခြင်းများပြုမိပါက
လူဖြစ်မသွားပါ၊ လူအ၀တ်စားဝတ်ထား
စေကာမူ ရဟန်းသိက္ခာများတည်ရှိနေတဲ့
ရဟန်းအဖြစ်ပင် တည်ရှိနေပါသည်။
သိက္ခာချရာ၌ "သိက္ခာချဆဠင်္ဂ"ဆိုတဲ့အတိုင်း
အင်္ဂါ(၆)မျိုးရှိဧ။်၊ ထိုအင်္ဂါ(၆)မျိုးလုံးပြည့်စုံပါမှ
ရဟန်းသိက္ခာကျပါသည်၊ အင်္ဂါ(၆)မျိုးထဲက
တစ်ခုခုလွဲချော်နေရင် မညီညွတ်ခဲ့ရင် ရဟန်း
သိက္ခားများ မကျပါ။
ဝိနည်းမှာက "စိတ်,ခေတ်,ကာလ,ပယောဂနှင့်
ပုဂ္ဂလ,ဝိဇာ ဤခြောက်ဖြာ သိက္ခာကျကြောင်း
တည်း" လိုဆိုထားပါတယ်။
(၁) စိတ်ဆိုတာ ကာယကံရှင် ရဟန်း
ကိုယ်တိုင်က သိက္ခာ ချချင်တဲ့စိတ်ကို
ပြောတာပါ။ ကာယကံရှင်က သိက္ခာချ
ချင်စိတ် လူထွက်လိုတဲ့စိတ်ရှိမှ သိက္ခာ
ကျပါ တယ်။
ကာယကံရှင်မှာ သိက္ခာချ ချင်စိတ် လူထွက်
လိုတဲ့စိတ်မရှိပါက သင်္ကန်းချွတ်ပြီး ကိုယ်
တုံးလုံး ဝတ်လစ် စလစ်နေစေကာမူ သိက္ခာ
ကျမသွားပါဘူး။ ရဟန်းတော်အဖြစ်တည်ရှိ
နေပါတယ်။
ကိုယ်တုံးလုံး ဝတ်လစ်စလစ် မကသေးဘဲ
ခေါင်းမှ ခြေမ,အထိ တစ်ကိုယ်လုံးကို အရေ
ခွံခွာ ပစ်အုံးတော့ သိက္ခာမကျပါဘူး။ ရဟန်း
အဖြစ်တည်ရှိနေတုန်းပါဘဲ။
ဒီထက်ပိုပြီး မသေမချင်း နှိပ်စက်သတ်ဖြတ်လို့
သေသွားရင်တောင် လူကိုသတ်တာမဟုတ်
ပါဘူး။ ရဟန်းသံဃာကို သတ်တာ ဖြစ်ပါ
တယ်။ ထို့ကြောင့်စိတ်ဆိုတဲ့ အင်္ဂါရပ်တစ်ခု
ကလည်း အလွန်အရေးကြီးပါတယ်။
(၂) ခေတ်ဆိုတာက သိက္ခာချရာမှာ ဘုရား
ပညတ်ထားတဲ့ စကားစုတွေကို ပြောတာပါ။
သိက္ခာချနိုင်တဲ့ခေတ်ပုဒ် (၂၂) ပုဒ်ခန့် ရှိပါ
တယ်။ ထိုထဲကမှ တစ်ပုဒ်ပုဒ်ကို အသုံးပြုပြီး
ပြောဆိုသိက္ခာချမှ သိက္ခာ ကျပါတယ်။
ဒီတော့ ဒီသိက္ခာချနိုင်တဲ့ခေတ်ပုဒ်ကလည်း
အရေးကြီးပါတယ်။
(၃) ကာလဆိုတာက သိက္ခာချတဲ့ခေတ်ပုဒ်
ကို ရွတ်ဆိုတဲ့အခါကာလပါ၊ ပစ္စုပ္ပန်ကာလနဲ့
ရွတ်ဆိုမှ သိက္ခာကျပါတယ်။ အတိတ်ကာလ
အနာဂတ်ကာလနဲ့ ကာလအပိုင်းခြားကို
မရည်ညွှန်းတဲ့ အနာမဋ္ဌကာလတွေနဲ့ ရွတ်
ဆို၍သိက္ခာချပါက သိက္ခာမကျ ပါဘူး။
ဥပမာ=မနေ့က ငါ့ကိုလူလို့မှတ်ပါ၊(အတိတ်)
မနက်ဖြန် ငါ့ကိုလူလို့မှတ်ပါ။(အနာဂတ်)
ငါ သိက္ခာ ချမယ်၊ငါရဟန်းဝတ်နေတာ
ဘာမျှအကျိုးမရှိ (အနာမဋ္ဌကာလ)နဲ့
ပြောဆိုသိက္ခာချတာမျိုးဟာ သိက္ခာချမှု
မဖြစ်၍ သိက္ခာမကျပါ။
ငါ့ကို သာမဏေလို့မှတ်ပါ၊ ငါ့ကိုလူလို့မှတ်ပါ၊
ငါ့ကို ဥပါသကာ/ဒါယကာလို့မှတ်ပါ ဆိုတဲ့
ပစ္စုပ္ပန်တည့်တည့်စကားမျိုးနဲ့ဆိုမှ သိက္ခာချမှု
အောင်မြင်ပါတယ်၊ သိက္ခာကျပါတယ်။
ဒီကာလကလည်း အရေးကြီးပါတယ်။
၎။ ပယောဂဆိုတာက သိက္ခာချလိုသူ
(၀ါ)လူထွက်လိုသူ ကာယကံရှင်ရဲ့
ဝစီပယောဂ ခေါ် နှုတ်ပါးစပ်နဲ့ ရွတ်ဆိုပြီး
သိက္ခာချမှ သိက္ခာကျတာကြောင့် ဝစီ
ပယောဂ(နှုတ်မြွက်ဆိုမှု)ကို ပြောတာပါ။
စာရွက် ပေါ်မှာ လက်နဲ့ ရေးတာဟာ
ကာယပယောဂဖြစ်လို့ သိက္ခာချမှု မဖြစ်ပါဘူး။
အထက်ပါ(၄)ခုက သိက္ခာချလိုတဲ့ လူထွက်
လိုတဲ့ ကာယကံရှင်ဘက်ကပြည့်စုံရန် လို
အပ်တဲ့ အချက်လေးချက် ဖြစ်ပါတယ်။ ဒါက
လည်း အရေးပါတဲ့အချက်ပါ။
တခြို့ သိက္ခာချတဲ့စကားကို ဆရာတပည့်
နှစ်ဦးလုံးပြောမှ သိက္ခာကျတယ်လို့ မှား
ယွင်းစွာပြောဆိုနေကြပါတယ်၊ ထိုစကား
သည် ၀ိနည်းကို ကောင်းစွာမသင်ဘူး၍
ဝိနည်းနားမလည်ဘဲလွဲမှားစွာ ပြောနေ
သောစကားသာဖြစ်ပါသည်၊ ယခုခေတ်
ဆရာကတိုင်ပေးခြင်းသည် အမှားကင်း
စေရန်အတွက်သာ ရှေ့ကတိုင်ပေး၍
လိုက်ဆိုစေခြင်းဖြစ်ဧ။်၊ သိက္ခာချမည့်သူက
(၀ါ)လူထွက်လိုသူက ကျွမ်းကျင်စွာဆိုတတ်
လျှင် ဆရာလုပ်သူ(သို့) နားထောင်၍ အသိ
မှတ်ပြုပေးသူက ဆိုစရာမလိုပါ။
၅။ ပုဂ္ဂလဆိုတာကတော့ သိက္ခာချမှုကို
နားထောင် အသိမှတ်ပြုပေးတဲ့သူပါ။
ထိုပုဂ္ဂိုလ်ဟာ လူဇာတ်ရှိသူဖြစ်ရပါမယ်။
(သိက္ခာချတဲ့စကားလုံးကို နားလည်သိရှိတဲ့
ရှင်,ရဟန်း,လူ မည်သူ့ထံမှာမဆို သိက္ခာ
ချလို့ရပါတယ်။ ဒါပေမဲ့ သိက္ခာချသူ လက်ခံ
နားထောင်သူတို့ဟာ ရူးသူ ဝေဒနာအလွန်
နှိပ်စက်ခံနေရသူ စိတ်ပျံ့လွင့်သူတွေမဖြစ်
ရပါဘူး။)
ဒါပေမဲ့ နတ်ဗြဟ္မာတွေ,တိရစ္ဆန်တွေထံမှာ
တော့ သိက္ခာချ လို့ မရပါဘူး၊ နတ်ဗြဟ္မာနဲ့
တိရစ္ဆာန်တွေဆီသိက္ခာချရင် သိက္ခာမကျ
ပါဘူး။
၆။ ဝိဇာနနာဆိုတာတော့ နားထောင်ပြီး
အသိမှတ်ပြုပေးသူက ဒီရဟန်းဟာ သိက္ခာ
ချမှု ပြုလုပ်တာပဲလို့ သိရှိနားလည် တာကို
ပြောခြင်းဖြစ်ပါသည်။သူဟာ သာသနာမှာ
မပျော်ပိုက်ဘူး လူအဖြစ်ကိုတောင့်တပြီး
ရဟန်းသိက္ခာချနေတာလို့ နားလည်သိရှိ
ခြင်းဖြစ်ပါသည်။
ဤနံပါတ်(၅)နဲ့ (၆)နှစ်ချက်ကတော့
သိက္ခာချမှုကိုလက်ခံအသိမှတ်ပြု၍
နားထောင်ပေးသူဘက်မှ ပြည့်စုံရမယ့်
အချက်နှစ်ခုဖြစ်ပါသည်။
အထက်ပါအင်္ဂါ(၆)ချက်လုံးနဲ့ညီအောင်
သိက္ခာချလျှင် သိက္ခာကျ၍ တစ်ခုခုချွတ်ယွင်း
လွဲချော်မှုဖြစ်ခဲ့လျှင် သိက္ခာမကျပါ။
နံပါတ်(၆)အတွက် အနည်းငယ်ဖြည့်
လိုပါသည်၊ နားထောင်အသိမှတ်ပြုပေးသူ
သည် သိက္ခာချသောစကားပြောကြားခြင်း
ကို ပြောပြောချင်းသဘောမပေါက်ဘဲ အနည်း
ငယ်စဉ်းစားပြီးမှ အော်သူသိက္ခာချနေတာ
ကိုဟူ၍ သိခြင်းမျိုးဖြစ်က သိက္ခာမကျဟူ၍
ဆိုဧ။်။
ထို့အပြင် သံဃာစုဝေးနေသောနေရာ
သွား၍သိက္ခာချခြင်းမျိုးတွင် သိက္ခာချသူက
မထေရကြီးတစ်ပါးကို ရည်ရွယ်၍ သိက္ခာ
ချရာ ၄င်းရည်ညွှန်းခံမထေရ်ကြီးက သတိ
မပြုမိခြင်း မကြားလိုက်ခြင်းစသည်ချွတ်ယွင်း
ချက်ကြောင့် သိက္ခာချနေသည်ဟုမသိရှိ
ခဲ့လျှင် အခြားရဟန်းများ နားလည်သိရှိစေ
ကာမူ ရည်ညွှန်းတဲ့ပုဂ္ဂိုလ်သိခြင်းမဟုတ်၍
သိက္ခာမကျဟုဆိုသည်။
စုဝေးနေသောပရိသတ်ထဲဝင်၍ မည်သူ့ကိုမှ
သီးခြားမရည်ညွှန်းဘဲ အများရှေ့သိက္ခာချ
ရာ၌ ပရိသတ်ထဲက တစ်ယောက်ယောက်
သိရှိနားလည်ခဲ့ရင် သိက္ခာကျသည်ဟု
ဆိုပါသည်။
သိက္ခာချပုံ
********
အလွယ်ဆုံးသိက္ခာချနည်းကိုပြောပါမည်။
သိက္ခာချလိုသောရဟန်ုတော်သည် အသိ
မှတ်ပြု နားထောင်ပေးမည့်ဘုန်းကြီး(သို့)
လူ,သာမဏေတစ်ဦးထံချဉ်းကပ်ပြီး
သိက္ခာချ လူထွက်မည့်အကြောင်းအသိ
ပေး လျှောက်ထား ပြောကြားကာ
ပါဠိလို.."သာမဏေရော,တိ မံ ဓာရေထ"
မြန်မာလို...တပည့်တော်ကို
(ကျွန်တော်ကို)ကို၇င်/
သာမဏေဟု မှတ်ပါဘုရား။
ပါဠိလို...ဂိဟီ,တိ မံ ဓာရေထ"
မြန်မာလို...တပည့်တော်ကို
(ကျွန်တော်ကို)
လူအဖြစ်မှတ်တော်မူပါဘုရား။
ထိုစကားလုံးကိုပါဠိ မြန်မာနှစ်ဘာသာ
နဲ့ဖြစ်စေ မိမိနားလည်ရာဘာသာစကား
နဲ့ဖြစ်စေ နှုတ်မြွက်ပြောဆိုပြီး သိက္ခာချရ
ပါတယ်။ နားထောင်သူက သိက္ခာချနေ
သည်ဟု နားလည်သဘောပေါက်လျှင်
သိက္ခာချမှုကိစ္စ အောင်မြင်ပါသည်။