အမေ…………
မိဘမဲ့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ဘဝအတွက် အရာရာနဲ့
အစားထိုးလို့ မပြည့်စုံနိုင်ခဲ့ပါဘူး အမေ ။
ထပ်ဆင့်ခံစားသည်
မဖြစ်နိုင်မှန်း သိပါတယ်
ဒါပေမဲ့
"သား" လို့ ခေါ်သံကြားလိုက်တိုင်း
တစ်ခါတစ်ခါ အားငယ်စိတ်တွေနဲ့
လှည့်ကြည့်မိတဲ့ အခါတွေ ရှိသလို
"အမေ" လို့ ခေါ်သံကြားလိုက်တိုင်းလည်း
ခေါ်ခွင့်မရှိတော့တဲ့ ကိုယ့်ကို ကို အတွက်
ဝမ်းနည်းမျက်ရည်ကျမိတဲ့ အခါတွေလည်း
မရေတွက် နိုင်ခဲ့ပါဘူး အမေရယ် ။
တချို့တချို့တွေက
မိဘတွေရှိရက်နဲ့
တန်ဖိုး မထားတတ်ကြဘူး အမေ
တန်ဖိုးထားတတ်တဲ့ သူတွေကြတော့လည်း
မိဘတွေက မရှိပြန်ဘူး အမေ
တကယ်တော့……
လောကကြီးက မတရားပါဘူး အမေရယ် ။
ဘာပဲ ဖြစ်ဖြစ်ပေါ့ အမေရယ်
မချစ်လို့ပဲ ထား ထား
အပြစ်ဖို့ပဲ သွား သွား
အမေ့သား အမေ့ကို မမုန်းပါဘူး
ကံပြုသမျှပေါ့ အမေရယ်……… ။
အမေ့ သား
ဖြူသလား မဲသလားဆိုတာ
အမေသိခွင့်ရပေမဲ့
သား အမေ
ဖြူသလား မဲသလား
သိခွင့်မရခဲ့တဲ့ အမေ့သား လေ
တကယ်လို့များ
ဝဋ်ကြွေးတွေသာ ရှိခဲ့ရင်
ဒီဘဝ ဒီမျှနဲ့သာ ကြေပါစေတော့ အမေရယ် ……။
ဒီဘဝ ဒီမျှနဲ့သာ
ကြေ ပါ ရ စေ တော့ ………။
"တောင်းဆုတစ်ခု"
ထားသွားပြီးလား. . . အမေ။
သားအမှားတွေကြောင့်လား . ?
အကြင်နာတရား မထားခဲ့ပေမဲ့
ရင်နာမည့် စကား သား မပြောလိုပါ . . အမေ
တခြားတတွေနဲ့ စာရင်
သား အမေက လူဖြစ်အောင် မွေးပေးခဲ့တာပဲ။
မချစ်ချင်လို့ ထားခဲ့မှတော့
အပြစ်တင်ဖို့ စကားလည်း မဆိုဘူး . . အမေ
ကံကြမ္မာ အလှည့် အပြောင်းတွေကြားမှာ
သားကံကိုက မကောင်းခဲ့တာပါ။
တော်စရာ အဖေ
ခေါ်စရာ အမေ မရှိတဲ့ ဘဝမှာ
ပျော်စရာတွေလည်း
ရှိမယ် မထင်ပါဘူး အမေ။
ဝဋ်ကြွေးတွေလား . . ?
ကြေပါစေတော့ . . လေ
နောင်ဘဝ ဘဝ တွေများ ရှိခဲ့ရင်
ရင်မှာတရားလည်းသိ
အကြင်နာများလည်း ရှိတဲ့
မိဘတွေနှင့်သာ ဆုံပါရစေ အမေ။
ရွှေငွေတွေ မျှော်လို့ မဟုတ်ဘူး အမေ
အဖေ အမေ ခေါ်ချင်လို့
ကျေးဇူးဆပ်ခွင့်လေးရချင်လို့ပါ အမေရယ်။
photo from google