9.3.2018 နေ့ နယ်ဘက်ကဘွဲ့ယူလာကြသော ညီမတွေက
ရောက်တုန်းရောက်ခိုက် ဘုရားဖူးလိုက်ဖို့ပေးအုံး ဖုန်းဆက်လာလို့
လိုက်ပို့ပေးဖြစ်တယ် ။
မန်းလေး တောင် ကျောက်တော်ကြီးဘုရား ကုသိုလ်တော်ဘုရား
ဦးပိန် ကျောက်စိမ်း မန္တလေးမြို့ပေါ်မှာ ရှိတဲ့ဘုရားတွေအကုန်စုံပါပဲ ။
သူတို့လဲ ပျော်ကြသလို ကိုယ်လဲပျော်ခဲ့ပါ၏ ။
သူတို့လဲ စိတ်ချမ်းသာကြသလို ကိုယ်လည်းစိတ်ချမ်းသာပါ၏ ။
နွေရာသီကျောင်းပိတ်ရက်မို့လားမသိ
အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူများနဲ့လည်းကြိတ်ကြိတ်တိုး
စည်ကားလှပါတယ် ။
အများကျိုးဆောင် ကိုယ်ကျိုးအောင် ဆိုသလိုပဲ
အမျိုးများ ကို လိုက်ပို့ပေးရင် ကိုယ်မရောက်ဖြစ်တာကြာပြီဖြစ်တဲ့
နေရာများကို ရောက်ခဲ့ပါ၏ ။