MSC အဖွဲ့သားများအားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေဗျာ။အင်တာနက်လိုင်းမကောင်းတဲ့တောရွာလေးကိုရောက်နေတာမို့ တင်ချင်တိုင်းတင်မရဖြစ်နေရပါတယ်။မီးကလည်းမရှိတာမို့ ဖုန်းအားချွေတာရသေး။နောက်ထပ်6လလောက်တော့ သည်လိုပါပဲခင်ဗျာ။ကျေးလက်ကျန်းမာရေးဌာနတည်ဆောက်ရေးကလည်းစပြီဆိုတော့ကာ အားလပ်ချိန်ပိုပိုပြီးနည်းလာတာပေါ့ဗျာ။
သည်ရက်ထဲ လိုင်းကောင်းတဲ့ရက်တွေ 8ballလေးထိုးကြည့်သေးသဗျာ။ဦးဇင်း၊ဦးရွှေနှစ်ယောက်နဲ့တွေ့ပြီး ရှိသမျှAds videoတွေတောင်ထပ်ကြည့်စရာမရှိအောင်ထိပလုံသွားခဲ့သည်။ကိုယ့်လက်ရည်ကောင်းချက်ကအဲ့လိုပါဆို။ကျူတံအကောင်းစားနှင့်ပွဲငါးရာကျော်ထိုးထားသော ဦးရွှေကို 10ပွဲကျော်ထိုးထားသောကျွန်ုပ် မည်သို့ယှဉ်ရအံ့နည်း။ဒါတောင်ကိုအောင်ကြီးတို့လို ဆရာ့ဆရာကြီးများနှင့်မတွေ့သေး၍ထင်သည်။ကျွန်ုပ်တို့သည် ပါရမီဖြည့်ဖက်များသာဖြစ်လေတော့သည်။
Coinလေး50ရ၍ အားရဝမ်းသာ 50ခုံသို့ဝင်လိုက်သည်။Serverမှတွဲပေးပုံကိုပြောပါဦးမည်။ပွဲတစ်ထောင်နီးပါးထိုးထားပြီး ကျူတံအကောင်းစားကိုင်ထားသောသူနှင့် ၁၀ပွဲကျော်သာထိုးရသေးသောသူကိုတွဲပေးသဖြင့် တစ်ကျူမှပင်မထိုးလိုက်ရပဲ50လှူလိုက်ရလေသည်။သည်ကနေ့တော့ကံကောင်းသည်ဆိုရမလားမသိ။နှစ်ပွဲဆက်တိုက်အနိုင်ရရှိလိုက်သည်။ကိုယ်ကောင်း၍တော့မဟုတ်၊ပထမတစ်ပွဲတွင် တစ်ဖက်လူ၌ နံပါတ်8တစ်လုံးသာထိုးစရာကျန်တော့သည်။ကျွန်ုပ်တွင်တော့ 4လုံးခန့်ကျန်သေးသည်။လက်ရည်ကမကောင်းတော့ ထို4လုံးရှိသည်ကိုနှစ်ကျူအတွင်း တစ်လုံးမျှဝင်အောင်မထိုးနိုင်ပါချေ။သို့သော်ကံကမျက်နှာသာပေးသည်ထင်....တစ်ဖက်လူထိုးရမည့် နံပါတ်8ကိုထိုးမရအောင်ကျွန်ုပ်အသီးများကကွယ်နေလေသည်။နောက်ဆုံးတွင်တော့ နံပါတ်8ဝင်သွားတော့သည်။ကျွန်ုပ်အသီးနှင့်တိုက်ထိုးလိုက်သည့်အတွက် ကျွန်ုပ်အနိုင်ရသွားတော့သည်။ဤတွင် ကျွန်ုပ်တို့တစ်ကယ့်အပြင်မှာထိုးပုံနှင့် ကွာုခါးချက်တစ်ချို့ကိုတွေ့ရသည်။သူ့စည်းမျဉ်းကိုကျွန်ုပ်နားမလည်ပါ။စနူကာစည်းမျည်းနှင့်သွားတူနေသလားမပြောတတ်။သို့သော် ကိုယ့်အသီးကိုကိုယ်မထိသည့်အခါ တစ်ဖက်လူသည် လက်ကိုင်ဘောကိုစိတ်ကြိုက်ရွှေ့ခွင့်ရသည်ကိုတော့ မကြိုက်ဆုံးအချက်ဖြစ်သည်။ဘောသတ်၍လည်းမရပါချေ။အလုံးဝင်ရေးသားအဓိကဖြစ်ပြီး ကျန်သည့်စည်းမျဉ်းများကိုမည်သို့သတ်မှတ်ထားသည်နားမလည်ပါ။တစ်ခါတစ်ရံကိုယ့်နံပါတ်အသီးကိုထိသော်လည်း တစ်ဖက်လူရွှေ့ခွင့်ရသွားသည်ကိုတွေ့ရသည်။ကျွန်ုပ်ကိုရွှေ့ခိုင်းလျှင်တော့ Foulဘောများမှလွဲ၍ မရွှေ့ဖြစ်ပါ။တစ်ဖက်လူအတွက် Fairမဖြစ်ဟုခံစားရစေသည်။အောက်ဘောအထိကျူစိုက်၍ရသော်လည်း jumpဘောမရပါ။သူများအသီးနှင့်တိုက်ထိုး၍လည်းမရပါ။ဤကစားပုံနှင့်အထိုင်ကျရန် ပွဲ၅၀ခန့်တော့ထိုးရဦးမည်။သည်ကြားထဲတွင်တော့ ဦးရွှေ၊ကိုအောင်ကြီးနှင့်အခြားအခြားသောဆရာကြီးများနှင့်မတွေ့ရပါစေကြောင်းဆုတောင်းနေရတော့မည်။
MSC 022