ကျောင်းတွေစဖွင့်ချိန်တစ်ခု...။
ကျွန်တော် စက်ဘီးလေး standမှာထိုးပြီး စာသင်ခန်းထဲဝင်လာခဲ့တယ်။ စစဝင်ဝင်ချင်းမှာပဲ ကျွန်တော်"သူမ"ကိုတွေ့လိုက်ရတယ်။ လှတယ်သူမို့လို့ စိတ်ဝင်စားသွားတယ်ပဲပြောရမလား ကျွန်တော်မသိ။ "သူမ"ကို ကျွန်တော်သတိထားမိသွားသည်။ပုံစံက ဖြူဖျော့ဖျော့ရယ်။ ခဏအကြာ အတန်းထဲဆရာမ ဝင်လာတော့ ထနှုတ်ဆက်ကြရသည်။"မင်္ဂလာပါ ဆရာမ"။ ဆရာမ နာမည်တွေခေါ်နေချိန်မှာ ကျွန်တော်နားစွင့်နေမိသည်က ကျွန်တော့်နာမည်မဟုတ်။တစ်ခြားသူ၏ နာမည်တစ်ခု..။ကျွန်တော် အရမ်းသိချင်နေသော နာမ တစ်ခု။ဆရာမ ကတစ်ယောက်ပြီးတစ်ယောက်ခေါ်နေပြီ။ "သူမ"နာမည်မပါသေး။ "သူမ" "ရှိပါတယ်ရှင့်"လို့ထထူးမယ့်အချိန်ကိုစောင့်နေမိသည်။ "ဟာ..လူတောင်ကုန်တော့မယ်။သူလည်းကျောင်းပြောင်းလားမသိဘူး"လို့ကျွန်တော်တွေးနေမိသည်။ထိုစဉ် ကျွန်တော့်နာမည်ခေါ်သံကြားလိုက်ရသည်။"လင်းခန့်"။..."ရှိပါတယ်ချင်ဗျ"။နောက်နှစ်ယောက်ဆက်ခေါ်ပြီး ပြီးသွားသည်။"ဟာ......."သူမနာမည်လည်းမခေါ်ဘူး။ကျွန်တော်များမကြားလိုက်မိလေသလား။မဖြစ်နှိုင်ပါ..။ကျွန်တော် တစ်ချိန်လုံးသူ့ကိုအာရုံစိုက်နေတာပဲလေ။ဒါဆို ဒီအခန်းထဲကမဟုတ်တာလား.....။ကျွန်တော်ကတော့ အခန်းထဲကသာ ဖြစ်ပါစေ ဆုတောင်းမိသည်။ဆရာမ စာသင်တော့ ကျွန်တော် သူမကို ခဏတာ သတိမေ့သွားသည်။ ကျောင်းစ တက်ခါစဆိုတော့ စာကသိပ်မသင်သေး။ဘေးမှ သူငယ်ချင်းအသစ်များနှင့် မိတ်ဖွဲ့ဖြစ်သည်။ယောင်္ကျားလေး အချင်းချင်း သူငယ်ချင်းဖြစ်ဖို့ မိနစ်ပိုင်းသာ ကြာသည်။သည်လိုပဲ တောင်စဉ်ရေမရ ၊တောင်ပြောမြောက်ပြော ပြောရင်းခင်သွားကြတာပါပဲ။ "သူမ"ကို တစ်ချက်တစ်ချက် လှမ်းကြည့်နေမိသည်။ဟော..."သူမ" ခုံမှ ထလိုက်သည်။ပြီးနောက် အတန်းအပြင်ဘက်သို့ထွက်သွားသည် အထိကျွန်တော်လိုက်ကြည့်နေမိသည်။"ဟေ့ကောင် ..ဘာတွေငေးနေတာလဲ"။ဘေးမှသူငယ်ချင်း၏ အမေးကြောင့် ကျွန်တော်လန့်သွားသည်။"ဘာမှမငေးပါဘူးဟ"။"ဆရာမကိုလည်း ခွင့်တိုင်မသွားဘူး"လို့ကျွန်တော်တွေးနေမိသည်။ခဏ အကြာ နေ့လည်ကျောင်းလွှတ်ခေါင်းလောင်းသံကြားလိုက်ရသည်။ ကျွန်တော်သူငယ်ချင်း အသစ်များနှင့်အတူ ကန်တင်းမှာ မုန့်သွားစားရင်း..."သူမ"ကိုများမြင်မိမလား..မျက်လုံးကစားနေမိသည်။မတွေ့...။မုန့်စားဆင်းချိန် တစ်ချိန်လုံး အသွားအလာကိုထိုင်ကြည့်နေသည်။မတွေ့...။ဒီလိုနဲ့ မုန့်စားဆင်းချိန်ကုန်သွားသည်။"သူမ" ၏အရိပ်အယောင်မျှ မတွေ့...။အတန်းထဲ ပြန်ဝင်တော့လည်း "သူမ"ထိုင်သည့်နေရာလေးကို လှမ်းကြည့်မိသည်။မတွေ့...။"ဟင်"..ကျောင်းပြန်တက်တာတောင်သူမ ပေါ်မလာသေး။"ဘယ်တွေများသွားနေပါလိမ့်"လို့စိတ်ထဲကတွေးနေမိသည်။ဆရာမ အတန်းထဲဝင်လာပြီး စာသင်နေသည်အထိ "သူမ"ပေါ်မလာ။ကျွန်တော် စာသင်နေသည်ကိုစိတ်မဝင်စား။"သူမ"ဘာကြောင့်အတန်းထဲပြန်ရောက်မလာသလဲဆိုတာသာ တွေးနေမိသည်။"သူမ"ထိုင်ခုံနေရာလေးသို့ခဏ ခဏကြည့်မိသည်။ကျောင်းသာဆင်းသွားသည်......."သူမ"ပေါ်မလာခဲ့ပါ။ထိုနေ့ညနေက ဘယ်ဘာသာရပ်ကိုဆရာမသင်လိုက်မှန်း ကျွန်တော်မသိပါ...။ထိုနေ့တစ်နေ့လုံး ခေါင်းထဲမှာ သူမအကြောင်းများသာ.....။ညဘက်ရောက်တော့ နည်းနည်းမေ့မေ့ပျောက်ပျောက်ပြန်ဖြစ်သွားသည်။နောက်တစ်နေ့မနက် ကျွန်တော်ကျောင်းသို့စောစော ရောက်လာခဲ့သည်။ကျောင်းထဲမှာ ကျောင်းသားအချို့သာရှိသေးသည်။ အတန်းထဲသို့လှမ်းကြည့်လိုက်သောအခါ တစ်ယောက်သာရှိသေးသည်။ထိုတစ်ယောက်က....."သူမ"။မနေ့ကထိုင်သည့်နေရာလေးတွင်ပင်။"သူမ"ကိုတွေ့လိုက်သည်နှင့်ရင်ခုန်သံတွေမြန်လာသည်။ကျွန်တော်သူမကို စိတ်ဝင်စားသည်။သူမနာမည်၊ သူမအကြောင်းသိချင်နေမိသည်။ သူမပုံစံကလေးက ပိုးဟပ်ဖြူလေးနှင့်တူလှသည်။ ဆံပင် ဘေဘီကုပ် ကလေးနှင့် ချစ်စရာကောင်းသည်ဟုမှတ်ချက်ချလိုက်မိသည်။"သူမ" ကိုထိုင်ကြည့်နေရင်း တစ်ဖြည်းဖြည်းနှင့်အတန်းထဲကျောင်းသားများ ရောက်လာကြသည်။ ကျွန်တော်ကြည့်နေသည့်အချိန်အတွင်း "သူမ" လှုပ်ပင်မလှုပ်ဟု ထင်မိသည်။မကြာမီ ကျောင်းတက်ခေါင်းလောင်းသံကြားလိုက်ရသည်။ဆရာမ အတန်းထဲဝင်လာ ပြီး ကျောင်းခေါ်ကြိမ်စစ်သည်။ကျွန်တော် "သူမ" ထမည့်အချိန်ကိုစောင့်ကြည့်သည်။"မနေ့က ငါသတိမထားမိလိုက်လို့နေမှာပါ"။ယနေ့တော့ပိုပြီး သေသေချာချာ နားထောင်ဖြစ်သည်။"သူမ"နာမည်ကို အရမ်းသိချင်မိသည်ကိုး...။တစ်ယောက်ပြီးတစ်ယောက် နားထောင်ရင်း....ရင်းနှီးသောနာမည်တစ်ခုကြားလိုက်ရလေသည်။"လင်းခန့်".......။ဆက်ရန်............