သို့နှင့် ကိုအီးကြောင်တစ်ယောက် အစည်းအဝေးပွဲ မစခင်မှာပင် ထိပ်တုံးစာမိသွားလေတော့သည်။"သူကြီး"(ကိုအီးကြောင်အသံ)...."ဟေ...ဘာတုန်းကွ"..."ဒီ...ဒီလိုပါသူကြီး...ကျွန်တော်တစ်...တစ်...တစ်ခုလောက်တောင်းဆိုချင်လို့ပါ"။မျက်နှာငယ်လေးနှင့်ပြောလာသော ကိုအီးကြောင်အားကြည့်ကာ သူကြီးသနားပင်သနားသွားမိသည်။သို့သော် ဆက်၍ပြောလာသော ကိုအီးကြောင်၏စကားကြောင့် သနားမိသောစိတ်တို့ပျောက်ပျက်ကာ ဒေါသတို့ငယ်ထိပ်ဆောင့်တက်ကုန်သည်။
ကိုအီးကြောင်ပြောလိုက်သော စကားသည်ကား..."ဟို...ဟိုလေ..ထိပ်တုံးခတ်မယ်ဆိုလည်း ထိပ်တုံးကို အိမ်ယူသွားလို့ရမလားလို့ပါသူကြီး....သူကြီးအိမ်မှာတော့အခတ်မခံပါရစေနဲ့သူကြီးရယ်....ကျွန်...ကျွန်တော်သူကြီးကိုမြင်ရင်လန့်ပြီးအသက်ထွက်သွားနိုင်လို့ပါ"။"တိတ်စမ်း...အီးကြောင်..မင်းကိုထိပ်တုံးတစ်ပါတ်တိတိ ခတ်ပြီး..ငါကိုယ်တိုင်ကိုထိုင်စောင့်မယ်"ဟုအမိန့်ချလိုက်သည်တွင် ကိုအီးကြောင်တစ်ယောက် နေရာမှာတင်မေ့လဲသွားလေတော့သည်။ကျန်သောသူများက ဘာမျှဝင်မပြောရဲကြ။သူတို့ဘက် လှည့်လာမည်စိုးသဖြင့် တောင်ကြည့်မြောက်ကြည့်နှင့် လုပ်နေကြပြီး ကိုအီးကြောင်မေ့လဲသွားမှအတင်းဝင်ကာ နှာနှပ်နေကြလေသည်။အတန်ကြာမှ ပြန်သတိလည်လာသည်။"ကဲ ကဲ...အစည်းအဝေးလုပ်ပါမယ်ဆို ဆံပင်ဖားလျားကြီးပြောင်နေတဲ့သရဲက ဖျက်တယ်"။"ခင်ညာ...သူကြီး..ဆံပင်ကဖားလျားကြီးဘယ်လိုပြောင်တာလဲခင်ည"...အအင်းမေးလိုက်သောစကား။"နင့်ကိုပြောတာဟေ့ နင့်ကိုပြောတာ ဆံပင်ဖားလျားကြီးပြောင်နေတဲ့ ဖားလျားပြောင် အအင်း"ဟုသူကြီးဖြေလိုက်သောအခါ ဝါးကနဲ ထရယ်ကြလေတော့သည်။ထိုအချိန်မှစ၍ "ဖားလျားပြောင် အအင်း"ဟုရွာထဲတွင်နာမည်ကြီးသွားလေတော့သည်။
"အဟမ်း...ဒီနေ့အစည်းအဝေးတိတ်တဆိတ်ခေါ်လိုက်ရတဲ့အကြောင်းကတော..အားလုံးသိကြတဲ့အတိုင်း"ပြောစကားကိုရပ်ပြီးကြည့်လိုက်တော့ မျက်လုံးလေးတွေကလည် ကလည်နှင့် ဘာမှသိပုံမပေါ်။"အအင်း".."ခင်ညာ"..."ငါပြောတာမင်းသိတယ်မလား"။အအင်းတစ်ယောက် အနည်းငယ် တွေဝေသွားပြီး သိသွားဟန်ဖြင့်"သိပါတယ် သူကြီး သိပါတယ်"ဟုပြန်လည်ဖြေဆိုလိုက်သည်။"အိမ်း....သိရင်လည်းပြီးတာပါပဲကွယ်..".......တုန် တုန့် တုန့် တုန် တုန် တုန့် တုန့် တုန် တုန် တုန့် တုန့် တုန်...×3" "မြန်မာစံတော်ချိန်ညရှစ်နာရီရှိပါပြီရှင်...သတင်းများကို ကျွန်မ..§$^&%#@&&$#@......ဆက်ရန်.
MSC022
Credit photo- google