သယံဇာတ
ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး ရေးမိတဲ့အကြောင်းအရာတွေဟာ ကျနော့ရဲ့ အတွေးအမြင်သက်သက်တွေပါဆိုတာ ပထမဆုံး ဝန်ခံပါရစေ။ဘယ်သူ့ကိုမှအပြစ်တင်လိုတာမဟုတ်ဘူးဆိုတာလည်း ကြိုတင်ပြောထားပါရစေ။
သယံဇာတဆိုတဲ့နေရာမှာ အများအားဖြင့် မြေပေါ်သယံဇာတနဲ့မြေအောက်သယံဇာတဆိုပြီး နှစ်မျိုးခွဲခြားပြောတတ်ကြပါတယ်။ ကျနော်ကတော့ သဘာဝသယံဇာတနဲ့ ဖန်တီးသယံဇာတကိုပဲ ခွဲခြားပြချင်ပါတယ်။
ဘသာဝသယံဇာတဆိုတာကတော့ သဘာဝအားဖြင့်တည်ရှိနေတဲ့ ကျွန်းတို့ ရွှေငွေတို့ စသည်ဖြင့်ပေါ့လေ၊ ဒါဆို ဖန်တီးသယံ့ဇာတက ဘာတွေလဲ .ကျနော်တို့ လူသားတွေရဲ့ တီထွင်ဖန်တီးမှု မှန်သမျှ ဖန်တီးသယံဇာတပဲ မဟုတ်ပေဘူးလား..။
တွေးကြည့်ကြပါ။
သဘာဝသယံဇာတဆိုတာကုန်ခမ်းသွားတတ်တဲ့ အရာဖြစ်ပြီးတော့ လူလုပ်သယံဇာတဆိုတာကတော့ မကုန်ဆုံးနိုင်အောင်ကျယ်ပြန့်လှပါတယ်.
သဘာဝသယံဇာတပေါကြွယ်တဲ့နိုင်ငံဟာ ဆင်းရဲကြပါတယ်ဆိုပြီး ပညာရှင်တစ်ယောက်က ပြောဖူးပါသတဲ့. အခုမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ဆို အဲ့ဒီစကားက လုံးဝလက်ခံရမဲ့အနေအထားဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ သဘာဝသယံဇာတပေါကြွယ်တဲ့ နိုင်ငံဖြစ်လို့ သဘာဝသယံဇာတကို အားကိုးလွန်းလို့ပါပဲ။ သဘာဝသယံဇာတအဖြစ် ဥပမာ ကျောက်စိမ်းတစ်တုံးရလိုက်တယ်ပဲ ဆိုပါစို့ အဲ့ဒီကျောက်စိမ်းမှာ ဈေးဖြတ်လို့ရတယ် .သူ့မှာ သူ့တန်ရာတန်ဈေးရှိတယ် ။ ဈေးရတယ် ။ ရောင်းစားလိုက်တယ် ။ ကျောက်စိမ်းရလိုက်သူဟာ ကျောက်ရောင်းပြီး ရလိုက်တဲ့ငွေကို တစ်ဘဝစာ အားကိုးသွားပါတော့တယ်..။ ဒါဟာ သဘာဝသယံဇာတကို အားကိုးလိုက်ရင်း ပုံမှန်အားဖြင့် ဖြစ်သွားတဲ့ ဖြစ်စဉ်တစ်ခုပါ။
ဒါဆို ဖန်တီးသယံဇာတကို ကြည့်ကြရအောင်၊ ဖန်တီးသယံဇာတဆိုတာ လူသားအရင်းအမြစ်တစ်ခုလို့ ဆိုလိုချင်ပါတယ်..။ ဖန်တီးသယံဇာတကို မကုန်ဆုံးနိုင်တဲ့စွမ်းအင်တစ်ခုလို့ ပြောခဲ့ပါတယ်..အများစု လက်ခံနိုင်မခံနိုင်တော့ မသိပါဘူး။ ကျနော်ကတော့ လက်ခံပါတယ်။ ဥပမာအနေနဲ့ သဘာဝသယံဇာတမထွက်ရှိပဲ တိုးတက်နေတဲ့ စင်္ကာပူနိုင်ငံကိုလက်ညှိုးထိုးပြရပါလိမ့်မယ်..။ သူတို့ဟာ သဘာဝသယံဇာတမရှိတဲ့အတွက် ဖန်တီးသယံဇာတ လူသားရင်းမြစ်ကိုပဲ အားကိုးရတယ် လူတော်တစ်ဦး ဈေးကွက်ပညာရှင်တစ်ဦးကို မွေးထုတ်လိုက်တယ် ဆိုပါစို့..။ အဲ့ဒီပညာရှင်ဟာ သဘာဝသယံဇာတအပေါ် လွှမ်းမိုးသွားတော့တာပါပဲ..သူတို့က ဈေးကွက်ကပညာရှင်ကို မွေးထုတ်လိုက်တာ ဆိုတော့ ခဏက မြန်မာပြည်က ရောင်းစားလိုက်တဲ့ သဘာဝသယံဇာတအပေါ်မှာ ဈေးကွက်ကစားနည်းပေါင်းမြောက်မြားစွာသုံးပြီး အကျိုးအမြတ်ကို ရယူသွားပါလိမ့်မယ်။ သူ့ရဲ့ ပညာဉဏ်ကြီးရင်ကြီးသလောက် ကျယ်ရင်ကျယ်သလောက် အကျိုးအမြတ်ကို ရရှိသွားနိုင်ပါတယ်..။ ဒါဟာဖန်တီးသယံဇာတရဲ့ သဘောတရားဖြစ်ပါတယ်..။
လူသားတစ်ယောက်ရဲ့ အစွမ်းအစကို ဘယ်သူက ခန့်မှန်းပေးနိုင်ပါမလဲ..။ သာမန်ကလေးငယ်တစ်ယောက် စာမရရုံနဲ့ သူက အာပလာပါကွာ လူအပါကွာလို့ သတ်မှတ်လိုက်ရုံနဲ့ အဲ့ကလေး အဲ့လူသား တကယ် အမသွားပါဘူး..သူ့ရဲ့တွေးခေါ်မြော်မြင်နိုင်စွမ်းနဲ့ သူ့ဘဝတစ်လျှောက်လုံး ရှာဖွေရရှိနိုင်မဲ့ ငွေကြေးကို အဲ့ဒီလူ ခန့်မှန်းနိုင်ပါ့မလား..။ အိုင်စတိုင်းလိုလူမျိုး ရဲ့ဝင်ငွေကို ဘယ်သူတိုင်းတာမလဲ..ဘီဂိတ်လ်လို ပုဂ္ဂိုလ်မျိုးရဲ့ ပိုင်ဆိုင်မှု ဒီလိုဖြစ်လာမယ်လို့ ဘယ်သူ ကြိုသိခဲ့မှာလဲ.. အိုင်စတိုင်းတို့ ဘီဂိတ်လ်တို့ အက်ဒီဆင်တို့ဟာ သဘာဝသယံဇာတကို မှီခိုသူတွေ မဟုတ်ခဲ့တာကိုတော့ လက်ခံရပါလိမ့်မယ်..။
မြေပေါ်မြေအောက် မြေလှန်ရှာပြီး ရလာတဲ့ သဘာဝသယံဇာတကို အဖိုးမတန်ဘူးလို့ ပြောတာမဟုတ်ပါဘူး.။ သဘာဝသယံဇာတနဲ့အသက်ရှင်နေတဲ့ ကျနော်တို့မြန်မာနိုင်ငံ ဘယ်နှနှစ်အထိ ရှင်သန်ရပ်တည်နေမှာလဲ..နောင်နှစ် ငါးဆယ်လား နောင်နှစ်တစ်ရာလား..ဖားကန့်မြေကနေ ကျောက်စိမ်းကောင်းကောင်းရဖို့ နောင် ဘယ်နှနှစ်အထိ အာမခံနိုင်ပါ့မလဲ။ ရခိုင်မြေကနေ နောင်ဘယ်နှနှစ်အထိသဘာဝဓာတ်ငွေ့ထုတ်ပေးနေနိုင်မလဲ..စဉ်းစားစရာပါ..
အကယ်၍ မြန်မာပြည်ကနေ စိုက်ပျိုးရေးပညာရှင်များစွာ ထွက်ပေါ်လာခဲ့မယ်ဆိုရင် စိုက်ပျိုးမြေများစွာပိုင်ဆိုင်တဲ့ မြန်မာ့မြေတွေကို အသုံးချနိုင်မဲ့ ဖန်တီးသယံဇာတအဖြစ် စိုက်ပျိုးပညာရှင် ဈေးကွက်ပညာရှင် စီးပွားရေးပညာရှင် စက်မှုပညာရှင် လက်မှုပညာရှင် စသည် စသည့် ပညာရှင်ပေါင်းမြောက်မြားစွာသာ ပေါ်ထွက်လာပြီး အဲ့ဒီဖန်တီးသယံဇာတတွေကိုသာ အသုံးချနိုင်ခဲ့မယ်ဆိုရင် သဘာဝသယံဇာတဆိုတာ ထိစရာတောင် မလိုတော့ဘူးလို့ ထင်မိပါတယ်..။
အခုကတော့ ကြည့်ပါအုံး ။ ဖားကန့်လို ကျော်မှော်တွေ တနိုင်းလို ရွှေမှော်တွေမှာ သဘာဝသယံဇာတအတွက် လူသားအရင်းအမြစ် ဖန်တီးသယံဇာတတွေ ဖြစ်လာနိုင်တဲ့ လူငယ်တွေ ရဲ့လုပ်အားတွေကို မြှုပ်နှံထားလိုက်ကြတာ တွေးကြည့်ရင် ရင်နာစရာပါ။
ကျောက်စိမ်းတစ်လုံးရဲ့တန်ဖိုးဟာ လူ့တစ်သက်စာချမ်းသာတဲ့အထိ ပေးစွမ်းနိုင်တယ်။ လက်ခံပါတယ်..ဒါပေမဲ့ ရာယောက်တစ်ယောက် ထောင်ယောက် တစ်ယောက်မဟုတ်လား..။ သာမန် လက်မှုကျွမ်းကျင်ပညာရှင်တစ်ယောက်ဆိုပါစို့ အဲ့ဒီပညာရှင်ရဲ့ ပညာဟာ တစ်သက်စာသုံးမကုန်သလို သူ့သားသမီးတွေအထိ လက်ဆင့်ကမ်းနိုင်ပါသေးတယ်..
ကျနော်ဆိုလိုတာက ငွေကြေးပိုင်ဆိုင်မှုကို နှိုင်းယှဉ်တာမဟုတ်ဘူးနော်..ကိုယ်တွင်းက အရည်အချင်းတွေရဲ့ထုတ်နုတ်အသုံးချမှုကိုပဲ ပြောချင်တာပါ။
သဘာဝသယံဇာတကိုမထိခိုက်ပဲ လူလုပ်ဖန်တီးသယံဇာတနဲ့ တိုင်းပြည်တိုးတက်အောင် ဖန်တီးနိုင်တယ်ဆိုတာကို ပြောချင်တာပါ..
အခု ကျနော်တို့ဆီမှာ သဘာဝသယံဇာတကို အားကိုးနေကြရင်း လူလုပ်ဖန်တီးသယံဇာတရဲ့ စွမ်းအင်တွေ ဆုံးရှုံးနေမှုကိုပဲ ထောက်ပြချင်တာပါ။
လူတစ်ယောက်ရဲ့ စွမ်းအားအပေါ် အထင်မသေးမိကြစေဖို့ သဘာဝသယံဇာတနဲ့ ဖန်တီးသယံဇာတတွေအပေါ်ချိန်ထိုး နှိုင်းယှဉ်မိကြစေဖို့ ကျနော့ အတွေးအမြင်တွေကို ချပြကြည့်ခြင်းသာ ဖြစ်ပါတယ်..
ကျနော့အမြင်အရ သဘာဝသယံဇာတက( စီမံခန့်ခွဲအသုံးချမှုပညာသာ မတတ်ရင်) မြန်မြန်ရပြီး မြန်မြန်ကုန်သွားတတ်တဲ့အရာမျိုးဖြစ်ပြီး ဖန်တီးသယံဇာတကတော့ အရနှေးပြီး လုပ်ငန်းကျွမ်းကျင်လာတာနဲ့အမျှ အကျိုးအမြတ်ကြီးထွားလာတဲ့အရာမျိုးလို့ပဲ ထင်မြင်ယူဆမိပါတယ်..။
လွတ်လပ်စွာ သဘောထားကွဲလွှဲနိုင်တယ်...။
အားလုံးကို ကျေးဇူးတင်ပါတယ် ။
Linnthu
Msc 212
Photo from google image