တိုက်စစ်မှုးနေမာအနေဖြင့် ဘလွန်းဒီအော်ဆု ရရှိပါက ဆုကြေးငွေအဖြစ် စတာလင်ပေါင် ၂ဒသမ၅သန်းရရှိမည်။ ပီအက်စ်ဂျီအသင်းသည် တိုက်စစ် မှူးနေမာ ဘလွန်းဒီအော်ဆု တစ်ကြိမ်ရရှိပါက ဆုကြေးငွေအဖြစ် စတာလင်ပေါင် ၂ဒသမ ၅သန်း ပေးချေရမည်ဖြစ်သည်။
တိုက်စစ်မှူး နေမာအနေဖြင့် လက်ရှိအချိန် ပီအက်စ်ဂျီအသင်းနှင့် ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုထားပြီး ငါးနှစ်စလုံး ဘလွန်းဒီအော်ဆုကို ဆက်တိုက် ဆွတ်ခူးရရှိမည်ဖြစ်ပါက အပိုဆုကြေးငွေအဖြစ် စတာလင်ပေါင် ၁၃ဒသမ ၃၂သန်းအထိ ၇ရှိမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့သည်။ ထို့ပြင် အသင်းဖော်တိုက်စစ်မှူး ကာဗာနီကလည်း လက်ရှိအချိန် ဘလွန်အော်ဒီဆုကို တိုက်စစ် မှူး နေမာ ဆွတ်ခူးနိုင်ရန် အကောင်းဆုံးကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။
ပီအက်စ်ဂျီတိုက်စစ်မှူးနေမာက ကျွန်တော့်အနေနဲ့ ပီအက်စ်ဂျီအသင်းကို ဆုဖလားတွေ များစွာ ဆွတ်ခူးရရှိအောင် အကောင်းဆုံးကြိုးစားသွားမှာပါ။ ကျွန်တော်တစ်ကိုယ်တော် အောင် မြင်ဖို့အတွက် ရည်ရွယ်ပြီး ပီအက်စ် ဂျီအသင်းကို ရွေးချယ်ခဲ့တာလည်း မဟုတ်ပါဘူး ဟု ပြောကြားကြောင်း သိရသည်။
မန်ချက်စတာစီးတီးအသင်းသည် ရီးရဲလ်၊ ဘာစီလိုနာအသင်းတို့ အဆင့်မျိုးသို့ ရောက်ရှိနေပြီဟု နာပိုလီနည်းပြပြောကြား။ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် နာပိုလီအသင်းသည် မန်ချက်စတာ စီးတီးအသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် နာပိုလီနည်းပြ ဆာရီက မန်ချက်စတာစီးတီးအသင်းသည် စပိန်လာလီဂါကလပ် များဖြစ်သည့် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာအသင်းတို့လို အဆင့်မျိုးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ချီးကျူးစကားပြောကြားသည်။
မန်ချက်စတာစီးတီးအသင်းအတွက် သွင်းဂိုးများကို စတာလင်နှင့် ဂါဘရီဂျီးဆပ်တို့က အသီးသီး သွင်းယူပေးခဲ့ကြသည်။ မန်ချက်စတာစီးတီးအသင်းသည် လက်ရှိအချိန် ချန်ပီယံလိဂ်သုံးပွဲကစားအပြီးတွင် သုံးပွဲစလုံးအနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ရန် သေချာနေပြီဖြစ်သည်။
နာပိုလီနည်းပြ ဆာရီက မန်ချက်စတာစီးတီးအသင်းသည် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာအသင်းတို့လို အဆင့်မျိုးရောက်ရှိနေပါပြီ။ သူတို့အသင်းရဲ့ ခြေစွမ်းကလည်း တကယ်အံ့မခန်းပါပဲ။ ပြီးတော့ သူတို့ဟာ တောင့်တင်းတဲ့ အသင်းတစ်သင်းကို ပိုင်ဆိုင်ထားနိုင်ပါပြီ။ နည်းစနစ်ပိုင်းရော၊ ကြံ့ခိုင်မှုပိုင်းရော အလွန်ပဲကောင်းမွန်ပါတယ် ဟု ပြောကြားကြောင်း သိရသည်။