16.1.2020 နေ့ အိမ်ပန္နက်ရိုက် အမှတ်တရ
ဒီနေ့က ကျွန်တော့်အတွက်တော့ တစ်သက်တာအမှတ်တရနေ့လေး ဖြစ်နေမှာပါ။ ဘာလို့လဲ ဆိုတော့
ကျွန်တော်တို့ မိသားစု ကနေပြီး ခွဲခွာနေရဖို့ အိမ်ကဝယ်ပေးထားတဲ့ အကွက်သစ်မှာ အိမ်ပန္နက် ရိုက်တဲ့ နေ့လေးဖြစ်ပါတယ်။အိမ်ပဲ ဆိုဆို ဆိုင်ပဲ ဆိုဆို လောလော ဆယ်တော့ မြေစိုက် ဆိုင်လေး ဆောက်ပြီး နေရအုံးမှာပါ။
ဆိုင်မှာတော့ ကျွန်တော့်ရဲ့ ဝါသနာပါရာ အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ Electronics အိမ်သုံးပစ္စည်း ပြုပြင်ရေး လုပ်ငန်းကို လုပ်ရပါမယ်။
ဒါဟာ ကျွန်တော့်အတွက် ပထမဆုံး ကိုယ်အိမ် ကိုယ့်ဆိုင် အဖြစ် စတင်နေရမှာမို့ ရင်တော့ခုန်မိပါတယ်။
ဒါကတော့ ရွာထဲက တတ်သိတဲ့ နားလည်တဲ့ ကိုဖိုးဖြူ ဆိုတဲ့ သူဆီမှာ မေးမြန်းတွက်ချက်ပြီး ရလာတဲ့ စာရွက်ပါ ။အားလုံးကို ဒီထဲက အတိုင်းပဲ လုပ်ဆောင် ခဲ့ပါတယ်။
မိသားစုနဲ့ ခွဲပြီး နေကြတဲ့လူတိုင်း ပထဆုံးအကြိမ် ခံစားမိတဲ့ အတွေ့အကြုံ တွေ ကျွန်တော် ခံစားနေရသလိုပါပဲဗျာ။
မိဘ အိမ်ကနေ ခွဲခွာမယ့် လူတိုင်း အတွက် လောကဓံ ရဲ့ စိမ်ခေါ်မူ့ကို ခံရမှာ အမှန်ပါ။
ကျွန်တော်လည်း ရှေ့ဆက် ဘာလုပ်ငန်းတွေက ကျွန်တော် မိသားစုအတွက် အဆင်ေပြမလဲ။
ဘာလုပ်ငန်းက ကိုယ်နဲ့ ကိုက်ညီမလဲဆိုတာကို ရှာဖွေ စဉ်းစားရင်းနဲ့ပဲ မောရပါတယ်။
ဒီနေ့ဟာတော့ ကျွန်တော့်အတွက် အမှတ်တရ နေ့လေးတစ်နေ့အဖြစ် မှတ်တမ်းရေးထားလိုက်ပါတော့တယ်ဗျာ။