တစ်ပတ်စာ ရာသီ အလွဲလေးတွေ 😁😁
ပြီးခဲ့တဲ့ ရက်ပိုင်းကဆို နေတွေမှ ပူလိုက်တာလွန်ပါရောဗျာ။
ရာသီဥတုက မိုး အလွန်ကို ရောက်လာပေမဲ့ ခုထိ ပူပြင်းမူ့တွေက တပ်ဆုတ်လို့ မပြန်ကျသေးဘူး။
မိုးရာသီ လို့ ဆိုရပြန်ရအောင်လည်း မိုးက ဘယ်ရောက်လို့ ရောက်နေတယ် မသိပါဘူးဗျာ။
ပြောနေကြ စကားလုံးလေးနဲ့ ပြောရရင်တော့ ပူချက်က လက်ကုန်ပါပဲဗျာ။
နေရင်း ထိုင်းရင်းကို ချွေး တဒီးဒီး စီးကျနေတယ်လေ။
ဒါနဲ့ ပန်ကာလေးတွေ ကြည့်ပြန်တော့ ပျက်နေတာက များများရယ်လေ။
ကိုယ်လည်း ဘယ်ရမလဲ အိမ်က ပိုက်ဆံ တောင်းပြီးသကာလ ဆုံလည် ပန်ကာလေး ၃ လုံး ပြေးဝယ်ပြီး ဆင်လိုက်တယ်လေ။
ရာသီဥတု က ကိုယ့်ဘက်ကိုပါတယ် လို့ ပြောရမယ် ကိုယ် ပန်ကာလေး ဝယ်ခဲ့ကာမှ မိုးကလေ သည်းလိုက်တာမှဗျာ။
၁ ရက်လည်းမဟုတ် ၂ ရက်လည်းမဟုတ် ရွာနေတော့ ကိုယ့်မှာ အသစ်ဝယ်လာတဲ့ပန်ကာလေးနဲ့ ဇိမ်တောင်မခံရသေးဘူး
မိုးလေး တအေးအေးနဲ့ စောင်နဲ့တောင် ကွေး လိုက်ရသေးတယ် 😁😁။
မိုးကလည်း ၃ ရက် ၄ ရက်လောက်စွေ ပြီးမှ တိတ်တော်မူတော့တယ်လေ။
ခုမိုးတွေ တိတ်တော့မှပဲ နံနက်ခင်းလေးရောက်တော့ အိပ်ရာက ထပြီး ကြည့်လိုက်မိတယ်။
အရပ် ၁၀ မျက်နာ အကုန်လုံး ဘာမှကို မမြင်ရပါလား
ဘာမှ မမြင်ရဆို မြူခိုးတွေ ဝေ့နေတာကိုး မကြာခင် ဆောင်းတောင် ရောက်တော့မှာပါလားလို့ တွေးမိသေးတယ်။
အေးစက်စက် နှင်းငွေ့ တွေက တစ်ကယ့် ဆောင်းရောက်သွားသလို စိတ်ထဲမှာ ခံစားမိတယ်ဗျာ။
ဘာလိုလိုနဲ့ ဒီ တစ်ပတ်ထဲနဲ့ ကျွန်တော်ကတော့ နှစ်တစ်နှစ်ရဲ့ အနှစ်သာရကို ခံစားကြည့်မိတယ်ဗျာ။
တစ်နှစ်မှာ ၃ လ နေမှ ကြုံရတဲ့ နွေ မိုး ဆောင်း ရာသီ ၃ ဥတု ကို ကျွန်တော်ကတော့ တစ်ပတ်နဲ့ ဖြတ်ကျော်ရတာ
ဘယ်လို ပြောရမလဲ ဖီလင် ပေါ့ဗျာ 😁😁။
ဒါနဲ့ နေပူရင်တော့ ပန်ကာ အသစ်လေးတွေ အလုပ်ပေးအုံးမယ်ဗျာ 😁😁။