❀ ❆ Electronic နှင့် သူမ၏ ကျန်းမာရေး ➳ 3 ❆ ❀
ကျွန်တော်တို့ ဟာ ကိုယ် နားမလည်သော လုပ်ငန်းလေးတွေကို လုပ်တော့ မယ်ဆို အရင်ဆုံး နည်းနည်း ပါးပါး တော့ လေ့လာထားသင့်ပါတယ်ဗျာ။
ခုပြောပြမဲ့ အကြောင်းလေးကလည်း
နေ့ စဉ်သုံးနေတဲ့ မီးဖို ချောင်သုံး ပစ္စည်း လေးအကြောင်းပြောပြချင်လို့ပါ။
မီးဖိုချောင် ဆိုတာကလည်း ကျွန်တော်တို့ အမေ ညီမ အမ တို့ အမြဲတမ်းချက်ပြုတ်ရာ နေရာလေ။
ခုက လျှပ်စစ် မီးဖို လျှပ်စစ် ပေါင်းအိုး အကြော်အိုး အစုံ ပေါ်လာတော့ သူတို့ အတွက် သက်သက်သာသာ သုံးရတော့ အဆင်ပြေပါတယ်ဗျာ။
ထိုထို လျှပ်စစ်ပစ္စည်းတွေ ချို့ယွင်းသွားပြီ ဆိုရင်တော့ဖြင့် သုံးစွဲသူတွေ အတွက် အန္တရာယ် တွေ ဖြစ်လာမှာ အမှန်ပါပဲလေ။
ခုလည်း ဟိုတစ်နေ့က အကိုတစ်ယောက် Facebook မှာ တင်ပြီးမေးထားတာလေးပြောချင်လို့ပါ။
ဖြစ်ပုံက လျှပ်စစ် အကြော်အိုး ၂ လုံး မကောင်းတော့တာကို သူက
အပျက် ၂ လုံးကို ကိုယ့်ဘာသာ အဆင်ပြေသလို တပ်တော့ တစ်လုံး အကောင်းရသွားတယ်။
အဲ့မှာ စတွေ့တာပေါ့ သူက မီးစမ်းကျောက်လှည့်လေးနဲ့ အကြော်အိုး ဘော်ဒီ ကိုစမ်းထောက်ကြည့်တော့ မီးထွက်နေလို့ပါတဲ့။
ဒါနဲ့ Online ပေါ်က ဆရာတွေကို မေးပြီး သူက ကြိုးတွေ ပြောင်းတပ်ပြန်ရော။
တပ်ပြီးတော့ သူက စမ်းကြည့်ပြန်တယ်။
အဆင်ပြေသွားပြီတဲ့ မီးစမ်းကျောက်လှည့်နဲ့ မီးမထွက်တော့ဘူးတဲ့။
တစ်ကယ်သူတပ်ထားတဲ့ ပုံကိုကြည့်ပါအုံး။
ဘော်ဒီ ဓာတ်မလိုက်ဘို့ သုံးတဲ့ Ground ချထားတဲ့ အပ်ကြိုးကို
ကွိုင်ကြိုး မီး အဝင်မှာ သွားတပ်ထားတယ်လေ။
ကျန်တဲ့တစ်စက အပြင်မှာ ကြိုးလေးပေါက်နေပါပြီတဲ့။
ဘုန်းကြီးပင့်ပြီး တရားနာလို့ ရတဲ့ အခြေအနေ ရောက်သွားပြီလေ။
ဒါကြောင့် ကိုယ့်ဘာသာကို စမ်းသတ်မယ်ဆို အတော်အသင့်တော့ လျှပ်စစ် အကြောင်း လေ့လာထားသင့်ပါတယ်။
ဒါမှမဟုတ် နီးစပ်ရာ နားလည်တတ်ကျွမ်းသူဆီမှာ သွားရောက် လုပ်ခိုင်းကြပါလို့ စေတနာဖြင့် ဝေဖန် ထောက်ပြပေးလိုက်ရပါတယ်ဗျာ။
မြန်မာ Steemit အသုံးပြုသူ ညီအကိုမောင်နှမများ ကိုယ်စိတ် ကျမ်းမာ ချမ်းသာကြပါစေဗျာ ☺ ☺ ။