Happy Birthday 23-1-2020
ဒီနေ့ဟာ ဆိုရင်ဖြင့် ကျွန့်တော့်ရဲ့ ၃၁ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ကျွန်တော့်ရဲ့ မွေးနေ့ ဖြစ်သလိုပါပဲ ကျွန်တော့် သားလေး မောင် ခန့်ဝေလျှံ ရဲ့ ၃ နှစ်ပြည့်မွေးနေလဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ကျွန်တော်တို့ သားအဖ နှစ်ယောက်ရဲ့ မွေးနေ့မှာ ဇနီးဖြစ်တဲ့ သူရဲ့ တာဝန်ကျရာ အင်ငူရွာ ကျောင်းမှာ မုန့်ကျွေးကြမယ်လို့ တွေးထားခဲ့ပါတယ်။
ဒါနဲ့ မွေးနေ့မရောက်ခင် ရက်ကတည်းက မုန့်ကျွေးဖို့ ပြင်ဆင်နေရတာနဲ့ အလုပ်တွေ ရူပ်ကြရပါတော့တယ်။
ဒီတော့ ကျောင်းမှာ အာပူရှာပူ မုန့်ကျွေးမယ်ဆိုပြီး
ငါးကြင်း ၅ ပိဿာ မုန့် အချိန် ၄၅ ပိဿာ မှာယူ ပြီး
ကျွေးမွေး ခဲ့ကြပါတယ်။
ကျောင်းသားဦးရေကတော့ မူကြို မှ ၈ တန်း အထိ ၂၀၀ ဝန်းကျင် ရှိပါတယ်။ ကျောင်းသားတွေ အကုန်လုံးနှင့်အတူ မွေးနေ့ ကိတ်ခွဲပြီး တစ်ယောက်တစ်ဇွန်းလိုက် ကျွေးရတာ ပျော်စရာ အရမ်းကောင်းပါတယ်။
ပြီးတော့ ကျောင်းသား ကျောင်းသူတွေကို အာပူရှာပူ မုန့်ကျွေးရတာလည်း လိုက်ပွဲတွေ များများ လက်မလည် အောင်လိုက်ရလွန်းလို့ ပျော်စရာ ကောင်းမိပါတယ်။
ဒီနှစ် မှာ ဒီလို မွေးနေ့ပွဲ ဖြစ်မြောက် အောင် အဖက်ဖက်မှ ကူညီပေးတဲ့ သူအပေါင်းကို တစ်ယောက်ချင်းစီ ကျေးဇူး အထူး တင်မိပါတော့တယ်ဗျာ။
ချစ်ရတဲ့ ဇနီး နှင့်အတူ ချစ်ရတဲ့ သားသား လေးနှင့်
နောက်နှစ်တေွတိုင်းလည်း ဒီလို ကျွေးမွေးချင်ပါသေးတယ်ဗျာ။