ကျွန်တော် နှင့် Free Token
Token လေးတွေ ဝယ်ပြီး Trade လုပ်နေရတာလဲ ရင်ခုန်စရာတော့ကောင်းသား ခင်ဗျ။
ကိုယ်ဝယ်လိုက်တဲ့ Token တွေက ဝယ်ထားတာ ဘာမှ မကြာသေးပဲ အမြတ်တွေ အများကြီး ရသွားနိင်သလို ဝယ်ပြီး ခနလေးအတွင်းမှာလည်း တော်တော်ကို အရူံးပြသွားနိင်ပါတယ်ခင်ဗျာ။
အဲ့ဒီတော့လည်း အရူံးမရှိတဲ့ Token လေးတွေ ထုပ်ရောင်းရတာပေါ့ ခင်ဗျာ😄😄။
ဟုတ်ကဲ့ ဘယ် Token လေးလဲ ဆိုတော့
SteemSpeak Token လေးပေါ့ ခင်ဗျာ။
မိတ်ဆွေတို့လဲ ရကြမယ်လို့ထင်ပါတယ်။
သူကတော့ 1 Token ပဲ ပေးပေမယ့် ပေါက်ဈေးကတော့ တော်တော်မြင့်တယ်ခင်ဗျ။
ကျွန်တော် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သူ့ Token ရဲ့ ဈေးလေး တက်နေတဲ့အချိန်မှာ ရောင်းခဲ့ပါတယ်။
ဈေးကတော့ ဝယ်လက်ကတော့ 15.250 Steem ပေးနေပါတယ်။
ရောင်းသူကတော့ 17.489 Steem ဖြစ်နေတဲ့ အချိန်ပါ။
ကျွန်တော်ကတော့ 17 Steem နဲ့ ရောင်းချခဲ့ပါတယ် ခင်ဗျာ။
အဲ့ဒီတော့ ကျွန်တော် ဒီ အလကား ရတဲ့ SteemSpeak 1 Token လေးက တော်တော်လေး အမြတ်ရလိုက်တာပေါ့ ခင်ဗျာ။
ဒီနေ့ တော့ ဈေးကျနေပါပြီ ။
Steemspeak 1 Token ကို
ဝယ်ဈေး 10 Steem ဖြစ်နေပြီး
ရောင်းဈေးကတော့ 10.999998 Steem ဖြစ်နေပါတယ်။
ကျွန်တော် ရောင်းတုန်းကထက် ဈေး ထက်ဝက်နီးပါး ကျသွားပါတယ်။
ခုချိန် ဝယ်ပြီး ဥထားရင်တောင် ကောင်းမယ်လို့ ထင်ရတာပါပဲဗျာ။