ကျွန်တော့် နှင့် တစ်ထောင်တန်
ခုချိန်မှာတော့ ကျွန်တော်တို့ နိင်ငံမှာ တစ်ထောင်တန် ငွေ စက္ကူ အကြောင်း သတင်းတွေ ပွနေတာ အားလုံးအသိပါပဲ။
ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ရဲ့ ပုံပါ တစ်ထောင်တန် ငွေစက္ကူ ထွက်လာတော့ အားလုံးပဲ ဝမ်းသာပျော်ရွင်ကြတာပေါ့ဗျာ။
အရင် ပိုက်ဆံတွေမှာတော့ ဆင်တွေ ခြင်္သေ့ တွေ အဆောက် အဦးတွေ ထက်စာရင်တော့ ပိုပြီးကျက်သရေ ရှိတာတော့ အမှန်ပေါ့ဗျာ။
တစ်ခြား နိင်ငံတွေမှာ တော့ မိမိတို့ရဲ့ ခေါင်းဆောင်
ပြီးတော့ တိုင်းပြည်ရဲ့ ခေါင်းဆောင် ပုံပါ ငွေကြေးတွေကို အသုံးပြုနေကြတာ အာလုံး မြင်တဲ့ အတိုင်းပါပဲ။
တစ်ကယ်တော့ ကိုယ်တွေ တိုင်းပြည်လည်း လွတ်လပ်ရေးခေါင်းဆောင်ပါ ပိုက်ဆံ တွေကို အသုံးမပြုခဲ့တာ မဟုတ် အသုံး ပြုခဲ့ကြပါတယ်။
တစ်ချိန်က တိုင်းပြည် ခေါင်းဆောင်တွေက အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းထားခဲ့လို့သာ မသုံးခဲ့ကြရတာပါ။
တစ်ချို့က မြတ်မြတ် နိုးနိုး စုဆောင်းထားတဲ့
လွတ်လပ်ရေး ခေါင်းဆောင်ပုံပါ တစ်ကျပ်တန်
ငါးကျပ်တန် တစ်ဆယ်တန် လေးဆယ့်ငါးကျပ်တန်
အစရှိသဖြင့် ခုထိ ထိန်းသိမ်းထားကြတုံးပါလေ။
ငယ်ငယ်က တစ်ကျန်တန်နဲ့ ဗိုက်ဝ အောင် ဈေးဝယ်စားလို့ရတဲ့ ခောတ် အခြေအနေကို ခုထိ သတိရလွမ်းဆွတ် တမ်းတမိနေတုန်းပါလေ။
ဒါကြောင့် ခုချိန်မှာ ငွေစက္ကူ အသစ်ထွက်လာတော့
ပျော်ရွင်မိပါတယ်။
ဟိုးရခင်လို တစ်ကျပ်တန် လို့ ဗိုက်ဝအောင် စားရတဲ့ ငွေကြေးတစ်ရပ်ဖြစ်ခဲ့ရင်တော့ ပိုလို့တောင် ပျောါရွင်မိမှာပါဗျာ။
MSC 045