တစ်နေ့ထက်တစ်နေ့
လူ့ လောက ကြီးဟာ ပြောင်းလဲနေပေမယ့် ကျွန်တော်တို့စိတ်တွေဟာ မပြောင်းလဲ ခဲ့ကြသေးပါဘူး။
အရာရာ ကံစီမံ ရာ ဆိုပေမယ့် ကျွန်တော်တို့ ကိုယ်တိုင်က ပြုပြင် ပြောင်းလဲပေးဖို့လိုအပ်ပါလိမ့်မယ်။
ဒီနေ့ ထက် မနက်ဖြန်ကို ပိုကောင်းမွန်အောင် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
စိတ်တွေရဲ့ ညစ်နွမ်းမူ့ ဒေါသ မောဟ မာန်မာန တို့ကို ဒီစိတ်နဲ့ပဲ ပြန်လည်ဆေးကြောရမှာပါ။
သူတစ်ပါးရဲ့ စိတ်ထဲက အလိုမကျမှု တွေက ကိုယ့်ရင်ထဲကူးစက်လာတဲ့ အခါ ဒီစိတ်ကပဲ တစ်ပါးသူ ကို မကျေနပ်စိတ်တွေဖြစ်လာရပြီပေါ့။
ကျွန်တော့် ရဲ့ အလိုမကျမှုတွေက သူတစ်ပါးကို ဘာလုပ်လိုက်ရမလဲ
စိတ်ထဲမှာ မွန်းကြပ်နေတယ် ။
အမျီုးမျီုးတွေး နေတဲ့ ကိုယ့်စိတ်က မကောင်းမှု တွေပြုလုပ်ဖို့ပဲ။ဖြစ်သေးပါဘူးလေ ကိုယ်ပြုရင် ကိုယ်ခံရမဲ့ လောကကြီးပဲ။
မျက်စိကိုမှိတ်ပြီး အလိုမကျမူတွေ ကို စေ့စေ့ ကြည့်ပြစ်လိုက်တယ်။
ဖြစ်ပြီးရင် ပျက် ပျက်ပြီးရင် ဖြစ်
နောက်ဆုံးတော့ ငြိမ်းအေးရာ ။
စိတ်ရဲ့ ငြိမ်းချမ်းရာ တစ်နေရာ
ကမ္ဘာ လောကကြီး လည်း ပူလောင်မှုတွေဝေးလို့ အေးချမ်းပါစေ။