STEEM ဘယ်မှာ ရှာရမယ်
ကျွန်တော့်မိတ်ဆွေ တွေကတော့ Steem တွေရှာပြီး Steem Power တိုးဖို့ ကြိုးစားနေကြတာ အားရ ဝမ်းသာ စရာကောင်းလှပါတယ်ဗျာ။သူတို့တွေ ကြိုးစားပြီး စာရေး ပြီးတော့ Game နဲ့ အခြား ဆိုက် တွေကနေ Steem ရှာနေတာကြည့်ပြီး ကိုယ့်မှာ အားကျနေရုံသာ။
ကိုယ်တွေက Steem စုဖို့ဆို စာရေးတာ တစ်ခုပဲတတ်တော့ နောက်ပိုင်း မှာ စာရေးတွေကလည်းမမှန်တော့ Steem လည်း စုမိဆောင်းမိမရှိလှပါဘူးဗျာ။ဟိုအရင်တုန်းကတော့ Steem လိုရင်ကိုယ် ကြိုက်တဲ့သူဆီကဝယ် အဆင်ပြေပေမဲ့ ခုနောက်ပိုင်း ကျွန်တော် ဘယ်သူ့ဆီက ဝယ်ရမလဲ မသိတော့ဘူး။
ဒါကြောင့် ကျွန်တော့် မိတ်ဆွေများ ကျွန်တော် Steem လေး ဝယ်ချင်ရင် ဘယ်သူ့ဆီမှာ ဝယ်ရမယ် ဆိုတာ ပြောပေးကြပါအုံး။
ဒါမဟုတ် ဘယ် ဆိုက်တွေကနေ ဘယ်လိုဝယ်ရတယ် ဆိုတာလေးလဲ မသိလို့ သင်ပေးကြပါအုံးဗျာ။
ပြီးရင် Steem တွေနဲ့ တစ်ချိန်က အတိတ်တွေကို တစ်ဝကြီး အိမ်မက် မက်ပြစ်မယ်။