Steemmoneter သို့ တစ်ခေါက်
Steemmonster Game ကို မရောက်တာ မဆော့ဖြစ်တာတောင် အတော်ကြာနေပြီ။
ဒါနဲ့ ဒီတစ်ပတ် Game ကို နည်းနည်း အားစိုက်ပြီး ကစားကြည့်လိုက်ပါတယ်။
ဆော့ရတာလည်း တစ်ပွဲ တစ်ပွဲ နိင်ဖို့ အတော် အသည်းအသန် ရွေးပြီး ကစားရပါတယ်။Steemit
ပေါ်မှာ စာရေးတဲ့သူတောင် အဲ့လောက်ပေါ်မယ် မထင်ပါ Steemmoneter Game ပေါ်မှာတော့ ဆက်ရက်ဆက်ရက် ပွဲပြတ်တယ်လို့ ကိုမရှိပါဘူး။
ဒီလိုနဲ့ ကစားရင်း ကစားရင်း ကျွန်တော် Gold 1 အဆင့်ကို ရောက်လာပါတော့တယ်။
ဒီအဆင့်ကို ကျွန်တော် မရောက်တာတောင် တော်တော်ကြာနေပါပြီဗျာ။ မကြာပီ Season တောင် ပြီးတော့မယ်။ အဲ့ဒီတော့ ဒီနားလေးတင်ပဲ မကစားတော့ပဲ နားလိုက်တာ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်။ဘာကြောင့်မို့ဆို့ ကိုယ့်ရဲ့ အဆင့်မြင့်လာလေ ကိုယ့်ထက် ကောင်းတဲ့ တော်တဲ့သူတွေနဲ့ တွေ့လာရတာကြောင့် ဆက်ပြီး မဆော့ရဲတော့ဘူးလေ။
ဒီတစ်ခါတော့ ကိုယ်ရောက်နေတဲ့ level Gold 1 အဆင့်မှာပဲ နားလိုက်ပါတော့မယ်။
ဒီနေ့ ကျွန်တော် ဆော့လို့ ရတဲ့ ကဒ်ကလေးတွေ ကတော့ ဒါလေးတင်ပါပဲဗျာ။
ဒါထက် ကောင်းတဲ့ တန်ဖိုးကြီးတဲ့ကဒ်တွေကတော့ ကျွန်တော် အများကြီးမရဘူးပါဘူးဗျာ။
မနက်ဖြန် Season သိမ်းပြီးလို့ ကဒ်တွေ ရတဲ့ အချိန်မှာ တန်ဖိုးကြီး ကဒ်တွေ ရပါစေလို့ မျှော်လင့် နေလိုက်အုံးမယ်ဗျာ။
တစ်နေ့တစ်နေ့ Game ဆော့တာက စာရေးတာထက် ပိုအဆင်ပြေနေမိတယ်။ စာရေးတာက အတွေးတွေကိုပုံဖော်စဉ်းစားရေးနေရတာလေ။ဒီ Steemmoneter Game ကစားနေတာက အဲ့လောက်ထိအတွေးတွေ မများရဘူး။ပြီးတော့ Steemit ပေါ် စာရေးရတာ အဖော်တွေ နည်းတာလည်းပါတာပေါ့ဗျာ။ခုဆို ကြာလာလေ Steemit ပေါ်က မိတ်ဆွေတွေ အိပ်မက်လိုပဲ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားကြပြီလေ။