သင်အသံထုတ်ပြောလိုက်ခြင်းနှင့် စိတ်ထဲမှပြောတာကြားကွာ ခြားချက်ဘာရှိပါသလဲ? သင့်ဦးနှောက်ရဲ့တုန့်ပြန်မှုအရသိပ်တော့များများမရှိပါဘူး။သို့သော်လဲ လူမှုဆက်ဆံရေးမှာတော့ မလိုအပ်ပဲ သင်စိတ်ထဲကပြောစရာမလိုဘူး မဟုတ်လား။ တစ်ကယ်တမ်းတော့ နေ့စဉ်နေ့တိုင်း စာဖတ်တဲ့အခါမျိုး၊ စိတ်ထဲမှ ကိုယ့်လုပ်ငန်းစဉ်ကိုစီစဉ်တာမျိုး နဲ့ ဒီနေ့ဘာဝတ်ရမလဲ လို့ ကိုယ့်ဘာသာဝေခွဲမရဖြစ်ပြီးတစ်ယောက်ထဲ တွေးနေတာမျိုးကိစ္စတွေမှာ နေ့စဉ်နှင့်အမျှ စိတ်ထဲကစကားပြောနေရတာ ဖြစ်ပါတယ်။စိတ်ထဲကနေပြောနေတဲ့အသံနဲ့ စကားသံအနေနဲ့ အပြင်ကိုထုတ်ပြီးပြောလိုက်တာဟာ ကျွန်မတို့အတွက် ကွဲပြားတဲ့အရာဖြစ်ပေမဲ့လည်း ကျွန်မတို့ဦးနှောက်ကတော့ လက်ခံတုန့်ပြန်ပုံချင်း အခြေခံ ကတော့အတူတူပဲ ဖြစ်ပါသည်။
သူရဲ့ လေ့လာစမ်းစစ်မှုရလဒ်ကတော့ “လူတစ်ဦးရဲ့ဦးနှောက်က စိတ်ထဲမှပြောတဲ့အသံနဲ့ နှုတ်ကထုတ်ပြောလိုက်တဲ့အသံကို အခြေခံအားဖြင့်ထူးထူးခြားခြားကွဲပြားစွာ တုန့်ပြန်ခြင်းမရှိဘူး” လို့ လေ့လာစမ်းစစ်မှုကို ပြုလုပ်ခဲ့သူ နယူးဆော့သ်ဝေးလ် တက္ကသိုလ်မှ
စိတ်ပညာပါမောက္ခ သောမတ်ဝစ်တ်ဖိုဒ့်က ဆိုပါတယ်။
ဒါကဘယ်လို ဖြစ်နိုင်မှာလဲ။ လူတစ်ဦးစကားပြောတဲ့အခါ ဦးနှောက်မှ အသံဖြစ် လာစေရန် ကောဒ့်များထုတ်ပေးရပြီး နှုတ်ခမ်းနှင့်လျှာကို အသံထွက် မှန်စေရန်မည်သို့လှုပ်ရှားရမည်ကို ညွှန်ကြားပေးပါသည်။ ထိုညွှန်ကြားချက်ကိုပင် မိတ္တူပွားပေးပါသည်၊ ထိုကော်ပီဖြင့် ဦးနှောက်မှ မည်သည့်အသံကိုကြားရမည်ကို ပြန်လည် ခန့်မှန်းစေပါသည်၊ ကြားလိုက်သည့် အသံနှင့် ခန့်မှန်းထားသောအသံတူညီလျှင် မည်သည့်အရာဖြစ်လာမည်ကို ကြိုသိပြီး ဖြစ်သည့်အတွက် စူးစမ်းမှုကို ဦးနှောက်မှလျော့ချပေးပါသည်
လူတစ်ဦး စိတ်တွင်းမှစကားပြောသည့်အခါ ကော်ပီထုတ်လွတ်သည့်အာရုံနှင့် ထိုစကားများကြား အပြန်အလှန်ဆက်နွယ်မှုရှိသည်ကိုတွေ့ရသည် ဟု ပါမောက္ခဝစ်တ်ဖိုဒ့်က ဆိုပါသည်။
ဒီဆောင်းပါးကို ဖတ်နေသည့်သင်သည် ဒီစာကိုကြားရသည်နှင့်အတူပင်ဖြစ်ပြီး ကျွန်မမှလဲသင့်ကို အသံထွက်၍ပြောကြားလိုက်ပါသည်။
Voices in your head by CLAIRE NOWAK
Trarnslated by Ei !