ဒါကတော့ ကျွန်တော်တို့အညာက အညာရဲ့အလှအပ မြင်ကွင်းလေးတခုပါ၊ မကြခင်နွေရာသီရောက်တော့မယ်၊ လက်ပံတွေလဲပွင်ကြတော့မယ်၊ ငယ်ငယ်က လက်ပံပင်အောက်မှာ လက်ပံပွင့်ချိန်ခွေးရူးချိန်ဆိုပြီးအော်ဟစ်ဆော့ကစားခဲ့ကြတာ သတိယမိသေးတယ်၊ အညာဒေသမှာတော့လက်ပံပွင့်ပေါတဲ့အချိန်ကောက်ယူထားပြီး အိုးတွေ တောင်းတွေထဲမှာသိမ်းထား မိုးတွင်းမိုးစွေလို အပြင်မထွက်နိုင်တဲ့အချိနိ စုထားတဲ့လက်ပံပွင့်လေးတွေချက်စားကြတာ ဘယ်လိုဖြစ်ဖြစ် အညာဒေသရဲ့ဟင်းတခွက်ဆိုလည်းမမှားဘူးပေါ့ဗျ