လမ်းခွဲတယ်ဆိုတာကလေ
သစ္စာဖောက်မှ နောက်တစ်ယောက်တွဲမှ
လမ်းခွဲတာမဟုတ်ပါဘူး
အချိုးတွေ ဆက်တိုက်မပြေ
သည်းမခံနိုင်တဲ့အဆုံး လမ်းခွဲကြတာပဲ
ကိုယ်က စကားတွေအားရပါးရပြောနေချိန်
သူကတော့ တခြားကိုအာရုံရောက်နေတာမျိုးကလဲ
ခံရခက်ပါတယ်
ကိုယ်က ဒီအကျင့်ကိုမကြိုက်ဘူးလို့ပြောရင်
ခဏတော့ ရှောင်တယ်
ပြီးရင် ဒီအကျင့်ပဲပြန်ဖစ်
ကြာတော့ ငြီးငွေ့လာတယ်
ဘယ်လောက်ချစ်ချစ် အထီးကျန်မှုတွေ
ဆက်တိုက် ပေးလာတဲ့အခါ
သူငါ့အပေါ် စိတ်မရှိတော့ဘူးဆိုတဲ့
အတွေးက မဖိတ်ခေါ်လဲ ဝင်မှာပဲ
အဲဒီလို ဘာမှမဟုတ်ပါဘူးဆိုတဲ့
ကိစ္စသေးသေးလေးတွေ စုသွားရင်
အကြီးကြီးဖစ်လာပြီး
လမ်းခွဲတဲ့ အဆင့်ရောက်သွားတော့တာပဲ :')