မင်္ဂလာပါ မိတ်ဆွေတို့။ မတွေ့ရတာ တော်တော် ကြာသလို ခံစားမိတယ်။ ကျွန်တော့်မှာ မကောင်းတဲ့အကျင့်တစ်ခုရှိတယ်။ ဘာလဲဆိုတော့ လုပ်နေကြအလုပ်တစ်ခု ရပ်သွားရင် ၊ ပျက်ကွက်သွားရင် ထိုအလုပ်ကို လုပ်ဘို့ အားလျော့သွားတဲ့အကျင့်ဘဲ။ ဥပမာ မနက်တိုင်း ဘုရားထရှိးခိုးတာကို နှစ်ရက်လောက်ပျက်မိရင် နောက်နေ့ ထမရှိးခိုးချင်တော့ဘူး။ မကောင်းတဲ့အကျင့်ပေါ့။ ဘယ်လိုဘဲဖြစ်ဖြစ် ကောင်းတာလုပ်ဘို့ ပြင်သင့်တာ ပြင်ရမှာပေါ့ဗျာ။
အဲဒီတော့ ကျွန်တော်ပြောခဲ့တဲ့စကားအတိုင်း မီးပြန်ထိုးပေးရမှာပေါ့။ သွေးအေးနေရင် သွေးပူအောင်လုပ်ရမှာပေါ့ မိတ်ဆွေတို့ရာ။ RC အတွက် စာကို ချုံ့ရမှာလားဆိုတာတော့ သိချင်တယ်ဗျာ။ ကဗျာ ရေးတင်ရင် ကောင်းမလားမသိ။ အဓိက က MSC စည်းကမ်းနဲ့ steemit စည်းကမ်း ဘောင်ဝင်အောင် လုပ်ရမှာပါဘဲ။ ဆရာတို့လည်း တစ်ချို့စည်းကမ်းတွေ ပြောင်းမယ်ထင်တယ်။ ဥပမာ pro အတွက် မဖြစ်မနေ vote and comment ကို လုပ်ရမှာတို့ ဘာတို့ပေါ့။ အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်းဘာမှမသိဘူး။ အခုမှpost ပြန်တင်တော့ RCကို မသိသေးဘူး။ နောက်တော့အထိုင်ကျသွားမှာပါ။ ကောင်းဘို့ ဖြစ်လာတာပါ။ သေချာတာကတော့ အဖွဲ့အစည်းနဲ့မလုပ်ရင် မလွယ်လောက်ဘူး။ MSCကို ကျေးဇူးတင်ရမှာပါ။ MSCသာ မိန်းခလေးဆိုရင် အာဘွားတောင်ပေးလိုက်ချင်တယ်။ ကျေးဇူးတင်လွန်းလို့ပါ။ အခုက လူနည်းသွားပေမယ့် MSC ရဲ့တန်ဘိုးကို သိလာကြဘို့ အချိန်မဝေးတော့ပါဘူး။
အခုလောလောဆယ် proကလည်း ၁၀ယောက်ကျော်ဘဲရှိတော့ v and cm အတွက် မထူးလောက်ပါဘူး။ ကျွန်တော်ကတော့ တင်သမျှအကုန်ပေးကြည့်မယ်။ ရသလောက်ပေါ့ဗျာ။ မနေ့ကဆို ၆ ယောက်ဘဲတင်တယ်။ အင်း ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ အခြေအနေတော့ တိုးတက်ကောင်းပါရဲ့။ အသစ်တွေအတွက် တော်တော်ခဲယဉ်းသွားစေမယ်ထင်တယ်။ အသင်းအဖွဲ့တစ်ခုမှာ ရေရှည်ရပ်တည်နိုင်ဘို့ မလွယ်ဘူးဆိုတာ မှန်ပါတယ်။ ဒီနေ့ active ဖြစ်နှုန်းနဲ့ နောက်နေ့ active ဖြစ်နှုန်းက မတူကြတော့ အခက်အခဲတွေရှိလာတယ်။ ဟိုတစ်ခါပြောသလို တို့ ခံတပ်အဖွဲ့ကို အားကိုးရမှာဘဲ။ ဘယ်သူ မတင်တင် တို့အဖွဲတင်နိုင်အောင် ကြိုးစားကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။