မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့ 
ကျွန်တော် တို့  MSC ကို ဘယ်လိုရှေ့ဆက်မလဲဆိုပြီး မေးခွန်းပေါင်းများစွာ သိချင်သူပေါင်းများစွာ ရှိနေပါတယ်။ ကိုဟိန်းတို့ လို အင်္ဖွဲ့ အစည်းကို တိုးတက်စေချင်သူတွေကို အထူးဘဲကျေးဇူးတင်မိပါတယ်။ မျက်ကွယ်ပြုသွားတဲ့ memberတွေ အများကြီးပါ။ အကျိုးအမြတ် မရှိရင် အားလုံးက ကျောခိုင်းစွန့် လွှတ်မှာဘဲလေ။ ဈေးကျနေတာကို စာရေးပါ စာရေးပါ အော်နေလည်း လိပ်ခေါင်းထွက်ရုံဘဲ ရှိမယ်။ နောက်ပြီး လူတိုင်းက စာရေးတာ ဝါသနာမပါနိုင်ဘူးလေ။
MSCရဲ့ ရည်ရွယ်ချက်က ကိုယ့်မြန်မာပြည်သူတွေ တစ်ဖက်တစ်လမ်းက အပိုဝင်ငွေ ရစေချင်တယ် အိုးမကွာအိမ်မကွာ နေထိုင်ပြီး အကျိုးရှိစေချင်တယ်။ အဖွဲ့ အစည်းတစ်ခု ကွန်ယက်တစ်ခု ဖြစ်လာပြီဆို တစ်ခုတည်းအပေါ် ရပ်တည်တာက ရေရှည်မှာမကောင်းနိုင်ပါဘူး။ အဓိကဆိုလိုချင်တာက တစ်ခုမက လုပ်ကိုင်လို့ ရတယ်။ ဒါပေသိ ထင်သလောက်မလွယ်ဘူး။ အငိုလွယ်ပေမယ့် အရှိုက်ခက်တယ်။ ဘေးကပြောရတာ လွယ်တယ် အကြံပေးရတာလွယ်တယ်။ တကယ်လုပ်မယ်ဆိုတော့ လူရှာမရတဲ့ ပြဿနာ ဦးစီးဦးဆောင်လုပ်မယ့်သူ မရှိတဲ့ ပြဿနာ ကြုံတွေ့ နေရတယ်။ တစ်ချို့ ကျတော့လည်း နားမလည်သလို စိတ်လည်းမဝင်စားဘူး။ ဒီလိုနဲ့ ဖြတ်သန်းလာခဲ့တာ ကြာခဲ့ပြီ။
နောက်တစ်ခုဆွေးနွေးချင်တာက MSCမှာ နယ်သူနယ်သားများတယ်။ ကျွန်တော်ကိုယ်တိုင်လည်း နယ်သားတစ်ယောက်ပါ။ ရေနံချောင်းကပါ။ ဘာကိုပြောချင်တာလည်းဆိုတော့ နယ်ဆိုတာ မြို့ ကြီးတွေလောက် စီးပွားရေးအခွင့်အလမ်း မပေါများဘူး။ အလုပ်လုပ်ချင်တာတောင် စက်ရုံမရှိတာက များတယ်။ ရောင်းဝယ်ဖောက်ကားမှု နယ်ပယ်ကလည်း ကျဉ်းတယ်။ ပြောရမယ်ဆိုရင် လူငယ်တစ်ယောက်အတွက် အလုပ်အကိုင်ဟာ မြို့ ကြီးပြကြီးထက် ရှားပါးတယ်။ တစ်ချို့ လူငယ်တွေဆို တစ်ခုခုလုပ်ချင်ပေမယ့် ဘာလုပ်ရမှန်းမသိ လုပ်ခွင့်မရတဲ့ အခြေအနေ နဲ့ ရင်ဆိုင်နေရတယ်။ ဒီလိုအခက်အခဲတစ်ချို့ ကို MSC က ဖြေရှင်းပေးနိုင်သလောက် ဖြေရှင်းပေးချင်ပါတယ်။ မိတ်ဆွေတို့ ကို လည်းအကြံဥာဏ်ပေးစေချင်တယ်။ အစည်းအဝေးတို့  gpတွေမပြောချင်တောင် postတင်ပြီး လွတ်လပ်စွာဝေဖန် အကြံပေးစေချင်တယ်။ လက်ရှိမှာအကောင်အထည်ဖော်ချင်တဲ့သူတွေလည်း စီးပွားရေးပညာရှင် တစ်ယောက်မှမပါ ပါဘူး။ ကျွန်တော်လည်း MSC member တစ်ယောက်အနေနဲ့  ဆွေးနွေးတင်ပြခြင်းသာ ဖြစ်ပါတယ်။ အထောင်အထည်ဖော်မယ့်အပိုင်းက ကိုဟင်တို့  ဆုံးဖြတ်မှာပါ။ အထက်ကပြောခဲ့သလို ဘယ်လောက်ဘဲ plan ကောင်းကောင်း လုပ်မယ့်သူမရှိရင် ကိုဟင်တို့ လည်း လုပ်ငန်းစတင်ဘို့ အကောင်အထည်ဖော်ဘို့ ခက်ခဲစေပါတယ်။ကျွန်တော်တင်ပြတဲ့  စီးပွားရေးplanကို နောက်တစ်postမှာ တင်ပြပါ့မယ်။ မိတ်ဆွေတို့ လည်း ရေးသားတင်ပြပေးပါရန် လေးစားစွာတောင်းဆိုအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါသည်။