မင်္ဂလာပါ မိတ်ဆွေတို့ 
ဘဝနေထိုင်မှုအတတ်ပညာနဲ့ ပက်သက်လို့  အနည်းငယ်တင်ပြပါရစေ။ လူတစ်ယောက်ရဲ့ ပြုမူနေထိုင်မှုဟာ application တစ်ခု dataသွင်းသလို ကိုယ်သိတဲ့ အသိပညာ အချက်အလက် အတွေ့ အကြုံနဲ့  ဘဝကို ဖြတ်သန်းနေကြတာပါ။ နောက်ပြီး နေ့ စဉ်သုံးစွဲနေတဲ့ စကားလုံး။ သုံးစွဲနေတဲ့ စကားလုံးအရေအတွက်ကလည်း ထိုသူရဲ့ တန်ဘိုးကို ဖော်ပြပါတယ်။ သုံးစွဲတဲ့နေရာမှာ ပြောတာ ဖတ်တာ မှတ်တာ ရေးတာကောကို ဆိုလိုပါတယ်။ ဆိုလိုချင်တာက များများသိလေ များများdataတွေသွင်းနေသလိုပါဘဲလို့ ပြောချင်တာပါ။ application တွေကို upgradeမြှင့်တင်တယ်ဆိုတာ dataတွေ feactureတွေထပ်တိုးထပ်မြှင့်တာပါ။ ဒီလိုဘဲကျွန်တော်တို့ လူတွေ upgradeမြှင့်တယ်ဆိုတာကလည်း ထိုနည်းအတိုင်းလုပ်ရမှာပါ။
ကျွန်တော်တို့ ဖြစ်နေတာက ကျောင်းပြီးတာနဲ့  လေ့လာမှုကို ကိုယ်နဲ့ မဆိုင်သလို ရပ်တန့် ပြစ်လိုက်ကြတယ်။ စာအုပ်စာပေကို သိပ်မဖတ်ဖြစ်ကြတော့။ dataအသွင်းနည်းတော့ အချက်အလက်တွေလည်း မပြည့်စုံ အသိတွေ လည်း ချို့ ယွင်းမှုတွေ ဖြစ်လာကြတယ်။ တစ်ဖြည်းဖြည်း ကျွန်တော်တို့ ရဲ့ နေ့ စဉ်ဖြတ်သန်းမှုဟာ အိပ်မယ် စားမယ် ဆိုတာလောက်ဘဲရှိတော့တယ်။ ပျင်းရိမှုတွေ တဖြည်းဖြည်းကြီးစိုးလာတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ အားနည်းချက်ကို သတိမထားမိကြဘူး။ စွမ်းဆောင်ရည်တွေတဖြည်းဖြည်းကျဆင်းနေတယ်။ လူတွေက အသက်ကြီးလာတာနဲ့ ဘဲ ကာကွယ်ဆင်ခြေပေးနေကြတယ်။ ကျွန်တော်အပါအဝင်ပါ။ အချိန်ပိုတွေများလာသလို တစ်နေ့ တစ်နေ့ အချိန်ကုန်ဘို့ ဘဲစောင့်နေသလို ဖြစ်လာကြတယ်။ တကယ်တမ်းက တစ်ခုမဟုတ် တစ်ခုခုကို လုပ်ကိုင်နေသင့်ပါတယ်။ ကာယအလုပ်ဘဲဖြစ်ဖြစ် စိတ်အလုပ်ဘဲဖြစ်ဖြစ်ပေါ့။ နောက်ဆုံး စာဖတ် စာရေးတာဖြစ်ဖြစ် လုပ်နေသင့်ပါတယ်။ အသိတစ်ချက်ဟာ ဘဝတစ်ခုလုံးကို ပြောင်းလဲစေနိုင်ပါတယ်။ ဒါကြောင့် ကောင်းတဲ့dataတွေကို သွင်းနေဘို့ လိုအပ်ပါကြောင်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။