မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့။ ဒီနေ့တော့ မရေးတာကြာနေပြီ ဖြစ်တဲ့ ဘာသာရေးဘက်လှည့်လိုက်ဦးမယ်။ ဘာသာရေးဟာ လူမျိုးမျိုးတိုင်းအတွက် အားကိုးစရာတစ်ခုပါ။ ဘယ်ဘာသာမဆို မေတ္တာတရားတော့ အခြေခံကြပါတယ်။ ဒါဆိုမေတ္တာတရားအကြောင်းလေး ဆွေးနွေးကြည့်မယ်။ ပွင့်ပွင့်လင်းလင်း မှန်တာကိုပြောရရင် မေတ္တာတရားအကြောင်းကို အများကြီးမသိပါဘူး။ ထိုအရာကအေးချမ်းစေတယ်ဆိုတာတော့ သိတယ်။ သူနဲ့ပက်သက်တဲ့သူကော သူ့ပတ်ဝန်းကျင်ကိုပါ အေးချမ်းစေတယ်။ မေတ္တာတရားဆိုတာ စိတ်အလုပ်ပါ။ လူသားတွေ၊ သတ္တဝါတွေရဲ့ ဘဝကို အဓိက ပုံဖော်တာကလည်း ကာယကံရှင်ရဲ့စိတ်ပါဘဲ။ မေတ္တာတရားကို လက်ဝယ်ကိုင်ဆောင်ခြင်းအားဖြင့် တစ်ချက်ခုတ် သုံးချက်လောက်ဖြစ်စေတဲ့အရာပါ။ ဆိုလိုချင်တာကို ဆက်လက်ရှင်းပြပါမယ်။
ပထမတစ်ချက်ာနေနဲ့တင်ပြရရင် မေတ္တာတရားဟာ လက်ဝယ်ပိုင်ဆိုင်သူကို စိတ်နှလုံးချမ်းမြေ့စေပါတယ်။ လောဘ ဒေါသ မောဟတွေကို ငြိမ်သက်စေပါတယ်။ သည်းခံနိုင်တဲ့အတိုင်းအတာ ပမာဏ တိုးတက်စေပါတယ်။ မေတ္တာပို့တယ် ပို့တယ်ဆိုတာထက် မေတ္တာယူတယ်ဆိုရင် ပိုနားလည်စေမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ကမေတ္တာစိတ်လေးထားလိုက်တာနဲ့ ကိုယ်ကချက်ချင်းအေးငြိမ်းမှုကို ရစေလို့ပါ။ အပြုံးဟာ မေတ္တာတရားရဲ့သင်္ကေတတစ်ခုလို့ဘဲမှတ်ကြပါဆို့။ အပြုံးတစ်ချက်ဟာ မြင်သူတိုင်းကို ကြည်းနူးစေပါတယ်။ ဒီလိုပါဘဲ မေတ္တာတရားပို့ခံရတဲ့ ပုဂ္ဂိုလ်ဟာလည်း အကျိုးတရားတွေရစေပါတယ်။ သီလသမာဓိရှိတဲ့ ဆရာတော်တွေရဲ့မေတ္တာဓာတ်ဟာ သတ္တဝါတွေကို ဘေးရန်အန္တရာယ်ကင်းရှင်းစေပါတယ်။ တစ်ချို့က တန်ဘိုးမသိကြဘူး။ ဆရာတော်ကြီးတွေ ၊သူတော်စဉ်တွေဟာ ညစဉ်ညတိုင်း ကမ္ဘာကြီးကို မေတ္တာတရားတွေ လွှမ်းခြုံထုံမွှမ်းထားပါတယ်။ မေတ္တာပို့တယ် အမျှဝေတယ်ဆိုတာတွေဟာ အကြောင်းမဲ့လုပ်တာမဟုတ်ပါဘူး။ တန်ဘိုးတွေရှိပါတယ်။ ရောဂါဝေဒနာရှင်တွေကို မေတ္တာရဲ့စွမ်းအားနဲ့ဆေးကုတာတွေရှိပါတယ်။ထိုကြောင့် မေတ္တာတရားဟာ ပွားများသူကော ပို့လွှတ်ခံရသူကော အကျိုးရှိစေပါတယ်။
ဒုတိယအချက်အနေနဲ့တင်ပြချင်တာက လူအပါအဝင် သတ္တဝါတွေမှာ စိတ်ဟာ ပဲ့ကိုင်ရှင်ပါ။ ကာယကံ ဝဇီကံ မနောကံမှာ မနောကံဟာ အရေးကြီးဆုံးပါ။ ဘဝတစ်ခုကူးပြောင်းချိန် သေခါနီးစိတ်ဟာ အင်မတန်အရေးကြီးပါတယ်။ တစ်သက်လုံးကောင်းအောင်နေခဲ့ပြီး သေခါနီး စိတ်မထားတတ်ရင် နောင်ဘဝမှာလားရာမကောင်းပါဘူး။ ပြောရမယ်ဆိုရင် ဥပမာသာဓကတွေအများကြီးပါ။ အသောကမင်းကြီးဆိုသေခါနီးစိတ်မထားတတ်ခဲ့တော့ ဘဝကူးမကောင်းခဲ့ဘူး။ အလုပ်တစ်ခုလုပ်တိုင်း စိတ်မှာ ဇောခုနှစ်ချက် ဖြစ်ပေါ်ပါတယ်။ ပထမဇောနဲ့ နောက်ဆုံးဇောဟာ ယခုဘဝနဲ့ ဒုတိယဘဝမှာ အကျိုးပေးပါတယ်။ အလယ်ဇော ၅ချက်ဟာ သံသရာတစ်လျှောက်လုံး အဆင်သင့်ရင်သင့်သလို အကျိုးပေးပါတယ်။မိတ်ဆွေတို့ လုပ်တဲ့လုပ်ရပ်တိုင်းဟာ အဟောသိကံဆိုတာ မရှိပါဘူး။ ကမ္ဘာတွေဘယ်လောက်ခြားခြား အကျိုးပေးခွင့်ရရင် ရသလို ဖြစ်ပေါ်မှာပါ။ ကောင်းကံကောဆိုးကံကော အတူတူပါဘဲ။ သေခါနီးမှငါ ကောင်းစိတ်လေးထာမယ်လို့ လုပ်လို့မရပါဘူး။ ဝေဒနာတွေပြင်းထန်နေရင် စိတ်ငြိမ်ဘို့ဆိုတာ အလေ့အကျင့်မရှိရင် မရပါဘူး။ ကြိုတင်လေ့ကျင့်ထားမှ တန်ကာကြမှာပါ။ မေတ္တာတရားကို အမြဲထုံမွှမ်းထားတဲ့စိတ်ဟာ ဘယ်အချိန်မှာဘဲဖြစ်ဖြစ် အေးချမ်းနေမှာပါ။ ဝေဒနာတွေကိုလည်း သာမန်လူထက် သည်းခံနိုင်စေပါတယ်။ မေတ္တာစိတ်နဲ့သေရင် နတ်ပြည်တို့ ဗြဟ္မာ့ပြည်တို့ ရောက်စေပါတယ်။ သေချာတာကတော့ အပယ်မကျပါဘူး။
နောက်တစ်ချက်တင်ပြချင်တာက စေတနာကောင်းရင် ကံကောင်းတယ်တဲ့။ကံဆိုတာစေတနာပါဘဲ။ မေတ္တာပြည့်ဝနေသူရဲ့စိတ်ဟာ ဘာကိုဦးတည်မလဲဆိုတာ သိသာစေပါတယ်။ သတ္တဝါတွေရဲ့ဖန်းတီးရှင်ကို မေတ္တာဦးထုပ်လေးဆောင်းပေးထားရင် မိတ်ဆွေတို့သွားရမယ့်ဘဝတွေဟာ ဘုံစဉ်စံဆိုတဲ့သုခဘုံတွေဘဲ ဖြစ်စေမှာပါ။ သင့်ရဲ့အတွေးတစ်ချက်ဟာ ကမ္ဘာမြောက်များစွာကြာတောင် စွမ်းအင်အဖြစ်တည်ရှိနေသေးတယ်ဆိုတာ သင်အမြဲသတိရပါ။ မကောင်းတာတွေးတာ ငါတစ်ယောက်ဘဲသိတာပါလို့ သင်ပြောလို့မရတော့ဘူနော်။ ထိုကြောင့် မေတ္တာစိတ်လေးတစ်ခဏဟာ ဘယ်လောက်အကျိုးများစေတယ်ဆို ကျွန်တော် အကြမ်းဖျဉ်း ပြောပြနေခြင်းပါ။ လက်ဖျစ်တစ်ထွတ် မေတ္တာပွားလိုက်တာဟာ မနက်အိုးကြီးတစ်ရာ နေ့လည်းအိုးကြီးတစ်ရာ ည အိုးကြီးတစ်ရာ ချက်ပြီး အလှူဒါနလုပ်တာထက်သာတယ်တဲ့ဗျာ။ ကိုင်း ဘယ်လောက်အကျိုးများစေလဲဆိုတာ တွေးတာကြည့်ပေတော့။
ထို့ကြောင့် မိတ်ဆွေတို့လည်း မေတ္တာတရားကို မကြာမကြာသတိရပြီး မေတ္တာတရားလေးနဲ့ပျော်ရွှင်ချမ်းမြေ့ စိတ်ကြည်နူးစွာ ဘဝကိုရပ်တည်နေနိုင်ပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။