အားလုံးဘဲ မင်္ဂလာပါ။
လူ့သဘော လူ့မနော ဆိုတာလေး တွေးမိလို့ အနည်းငယ်ဆွေးနွေးပါရစေ။ စိတ်ချမ်းသာမှုကို အမြဲပိုင်ဆိုင်ချင်ရင် ကိုယ့်စိတ်ကို သူတစ်ပါး မပိုင်စိုးဘို့ အရေးကြီးတယ်ဗျ။ အချို့လူတွေက အလကားနေရင်း မနာလိုတာလားမသိ ဘာမှန်းမသိ ဟန်ဆာင်ပန်ဆောင်တောင် မဆက်ဆံနိုင်ကြဘူး။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပေမယ့် ကိုယ်စိတ်ကိုမဖုံးနိုင် မဖိနိုင် ပြောဆိုနေထိုင်တာကြတော့ အဆင့်အတန်းမရှိရာရောက်တာပေါ့။ သူ့ကြည့်တော့လည်း ဘာမှမဟုတ် အရည်အချင်းကြတော့လည်း ဂေါ်မစွံ။
အထက်ပါစာသားတွေကို ညီတော်မောင်တစ်ယောက် fbပေါ်မှာရေးထားတဲ့ ပေါက်ကွဲသံစဥ် လေးတွေပါ။ ဟုတ်တယ်ဗျ တစ်ခါတလေ ကိုယ်ပတ်ဝန်းကျင်မှာ ထိုလိုလူမျိုးတွေ တွေ့ရတတ်ပါတယ်။ ပြောရမယ်ဆိုရင် မိန်းမစိတ်ပေါ့။ သူတို့ရင်ထဲမှာ ကျိတ်ပြီး မုန်းတီးနေလားမသိ။ မုန်းချင်တာမုန်းတာ အပြစ်မဟုတ်ပေမယ့် ပညာတတ်တစ်ယောက်လို ယောင်္ကျားတစ်ယောက်လို့ ထိန်းထိန်းသိမ်းသိမ်းလေး တော့ ဖြစ်သင့်တာပေါ့နော်။ကျွန်တော်ပေါက်ကွဲနေတာ မဟုတ်ဘူးနော်။ ညီတော်မောင် ကို ကိုယ်ချင်းစာမိလို့ပါ။ လူ့စိတ်ဆိုတာ ယောင်္ကျားကော မိန်းမကော အတူတူပါဘဲလို့ ပြောရမလို ဖြစ်နေပြီ။အတွင်းမှာကာက်နေပြီး မပြောနိုင် မဆိုနိုင် မဖုံးနိုင် မဖိနိုင် တွေကို သူထောက်ပြတော့လည်း ဟုတ်သားဟ။
သြော် လူ့သဘော လူ့မနော......