မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့။ လူ့စိတ်ဆိုတာ တစ်ချိန်နဲ့တစ်ချိန်ပြောင်းလဲနိုင်တာကို သိသာထင်ရှားစေနိုင်တဲ့ အကြောင်းအရာလေး တင်ပြချင်ပါတယ်။
နေခြည်ဖြာတဲ့နံနက်ခင်းလေးတစ်နေ့ အလုပ်မှာ တန်းစီတော့ အသက်ငယ်ငယ်အရာရှိမလေး တစ်ယောက် ကျွန်တော်တို့လုပ်တဲ့ စက်ရုံကို ရောက်လာကြောင်း သိရှိလိုက်ရတယ်။ လုပ်ငန်းခွင်ထဲဝင်တော့ သူမဟာ ကျွန်တော်တို့ sectionမှာတာဝန်ကျတယ်။ သူမဟာ စိတ်ရင်းကောင်းသလို မှာလည်းကြိုးစားရှာတယ်။ ပေါ့ပါးတယ်၊သွက်လက်တယ်၊အားလုံးနဲ့အဆင်ပြေအောင် ပေါင်းသင်းတတ်တယ်။ ခြုံငုံပြောရရင် ဝန်ထမ်းကောင်းတစ်ယောက်ပေါ့။ သူမ စကားပြောရင်ယဉ်ကျေးသလို ရိုးရိုးအေးအေးနေတတ်တယ်။ သူမရဲ့ကြိုးစားအားထုတ်မှုကြောင့် တစ်နေ့ သူမဟာ ဌာနတစ်ခုရဲ့တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ရတယ်။ sectionမှာ အတူတူလုပ်ခဲ့တဲ့ ညီအစ်ကိုမောင်နှတွေက သူမအတွက် ဌာနအသစ်မှာ အဆင်ပြေအောင် ဝိုင်းဝန်းအကြံပေးကြပါတယ်။ဘယ်လိုနေ ဘယ်လိုလုပ်ပါစသဖြင့် သံယောဇဉ်လေးတွေနဲ့ စိတ်ပူရှာကြတယ်။
ဒီလိုနဲ့ ဌာနပြောင်းလုပ်ရတယ်ဆိုပါစို့။ တဖြည်းဖြည်းသူမပုံစံဟာ ပြောင်းလဲလာတယ်။ ဘာပြောင်းလဲလာသလဲဆိုတော့ ပေါင်းသင်းဆက်ဆံရေးအပိုင်း။ အခြားဝန်ထမ်းတွေနဲ့ အဆင်မပြေမှုတွေများလားပြီး စကားပြောတာ မောက်မာလာသလို ရင့်သီးလာတယ်။ အလုပ်ကိုတော့ သူမဟာ ကြိုးစားရှာတယ်။တော်လည်းတော်တယ်။ အလုပ်ထဲကို စိတ်အပြည့်နှစ်ထားတယ်။ သူ့အလုပ်ကိုဘဲခေါင်းထဲထည့်ထားတော့ ပတ်ဝန်းကျင်နဲ့အဆင်မပြေတာကို သူမဟာ အစက သတိမထားမိဘူး။ ကိုယ့်ကိုကိုယ်အရည်းအချင်းမြင့်တက်အောင် ကြိုးစားနေတယ်လို့ ခံယူထားလို့ ဘယ်သူဘာပြောပြောဂရုမစိုက်ဘူး။ ဒါပေမယ့်ဘာဖြစ်လာလည်းဆိုတော့ သူမသတင်းက တဖြည်းဖြည်း ကြီးလာတယ်။ သူမနဲ့ပြဿနာတတ်တဲ့ဝန်ထမ်းတွေ ပိုပိုများလာတယ်။ ကြားရတာတွေက စိတ်မကောင်းစရာပေါ့ဗျာ။
တစ်နေ့ အလုပ်ထဲမှာ သူမနဲ့စကားပြောဖြစ်တယ်။ သူမဟာ HRသင်တန်းတက်ပြီးနောက်ပိုင်း သူ့အသိတွေပြောင်းလဲလာတယ်ဆိုတဲ့အကြောင်း၊ ဝန်ထမ်းတွေရဲ့ စိတ်ကို ဖတ်တက်ဖို့လိုကြောင်း၊ သူမဟာ အလုပ်တစ်ခုတည်းသာ မြင်တော့ ပေါင်းသင်းဆက်ဆံရေးပိုင်းအားနည်းခဲ့ရကြောင်း စသဖြင့် ကောင်းမွန်သောစကားတွေကြားခဲ့ရပါတယ်။
သူမကိုစသိတော့ ရိုးရိုးအေးအေး အတတပုံစံ
နောက် အရာရှိမခပ်ဆိုးဆိုး နှုတ်တီးကောင်း လျှာပါးတဲ့ပုံစံ
အခု အမြင်မှန်ရပြီး ပြုပြင်မယ့်ပုံစံ။
လူတစ်ယောက်တည်းက ပုံစံအမျိုးမျိုးမြင်ရလို့ ဒီPostလေး ရေးလိုက်တာပါ။
လူဆိုတာ စိတ်ထားပေါ်မူတည်ပြီးပြောင်းလဲတာဘဲလို့ တွေးမိလိုက်ပါတယ် မိတ်ဆွေတို့ရေ။
အားလုံးကို ကျေးဇူးတင်ပါတယ်။