မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့။
ဒီနေ့ တန်ဆောင်းမုန်းလပြည့်နေ့ဆိုတော့ ကျွန်တော်လည်း ပဲခူးရောက်နေတယ်။ အမေ့အိမ်ရောက်နေတော့ ညဘက်ထ စာမရေးဖြစ်ဘူး။ ညက ရွှေမော်ဓောစေတီရင်ပြင်ပေါ်မှာ ယက္ကန်းပြိုင်ပွဲ ကျင်းပနေကြတယ်။ လူတွေကလည်း ကြိတ်ကြိတ်တိုး။ ဒါတောင် လပြည့်နေ့မဟုတ်သေး။ လပြည့်နေ့ဆို မီးပုံပျံလွှတ်ပွဲ ၊ တေးဂီတ ဖျော်ဖြေပွဲတွေ ပါတော့ ပိုစည်ကားတယ်။ ကိုယ်နဲ့က အဆင်မပြေ။ လူရှုပ်ရင် ကိုယ်ကပြန်ချင်နေပြီ။ ခလေးတွေသွားချင်တယ်ဆိုလို့တာ လိုက်ပို့ရတာ ။ ဒီလိုနဲ့ ဘုရားရင်ပြင်ပေါ်ရောက်တော့ တစ်နေရာထိုင်ပြီး ဖြတ်သွားဖြတ်လာတွေ ကြည့်နေမိတယ်။ ဘုရားဖူးလာတဲ့ မိန်းခလေးတွေ အဓိက ဘာလုပ်တယ်ထင်လဲ။ ဓာတ်ပုံကို ပို့စ် အမျိုးမျိုးနဲ့ရိုက်ကြတာ။ ဓာတ်ပုံက အလွယ်တကူရိုက်လို့ရတော့ ဒီခေတ်မှာ တစ်နေရာရာရောက်တာနဲ့ ဓာတ်ပုံလေးရိုက်လိုက်ရမှကျေနပ်ကြတယ်။ ဒါက မိန်းခလေးတွေရဲ့ သဘာဝပေါ့ဗျာ။
ဘုရားရင်ပြင်ပေါ်က ပြန်ဆင်းလာတော့ လူတွေ မနည်းမနောဗျာ။ တို့မြန်မာလူမျိုးတွေက ပွဲတော်ဆိုရင် တိုင်ပင်စရာမလိုအောင် အားလုံးက တက်ညီလက်ညီဘဲ။ ပဲခူးတစ်ခုတည်းလားလို့တော့ မထင်လိုက်နဲ့ ၊ တစ်နိုင်ငံလုံး တန်ခိုးကြီးဘုရားတိုင်းမှာ ကြိတ်ကြိတ်တိုး စည်းကားပါ့။ ဘုရားကိုရှိခိုးသွားရင်တော့ မဆိုးပါဘူး။ ချစ်သူလေးနဲ့ လျှောက်လည်ရုံသက်သက် ၊ဓာတ်ပုံရိုက်ရုံသက်သက်ဆိုရင်တော့ သိပ်မဟန်ဘူး။ ဘာဘဲပြောပြောဘုရားစေတီတွေပေါ် လူစည်ကားတာ ကောင်းပါတယ်။ အနည်းဆုံးတော့ ရှိခိုးဖြစ်ကြမှာပါ။
ဒီညတော့ လူငယ်တွေ အကြိုက်ပေါ့။ ကဲကောင်းတဲ့ လပြည့်ညကြီးပါ။ ကိုယ်လည်း လူငယ်တွေနဲ့အပြိုင် သူငယ်ချင်းတွေနဲ့ ပါတီပွဲလုပ်ဖြစ်တယ်။ ရန်ကုန်ကသူငယ်ချင်းရောက်လာလို့ ညနေ၅ နာရီကတည်းက ပွဲစဖြစ်လိုက်တာ ည ၁၁း၀၀ မှ ပြီးတော့တယ်။ မီးဖိုကြီး လုပ်ပြီး ဂီတာတွေနဲ့ဆိုတော့ ပျော်စရာကောင်းလှပါတယ်။ တို့မြန်မာတွေက အပျော်ဆိုရင် ညှိစရာမလိုအောင် တက်ကြွကြတယ်။ New yearမှာ ဒီလိုထပ်ချဦးမယ်ဆိုဘဲ။ ခေါင်းစဉ်တွေကလည်း များမှများ။ ကိုယ်အပါအဝင်ပါဘဲ။ အလုပ်ကို အဲ့ဒီလို ရှာကြံလုပ်တတ်ရင် ရှယ်ဘဲနော်။ အခုတော့ ဝိုင်းဖွဲ့ဘို့ ခေါင်းစဉ် ဘဲလိုက်ရှာနေကြတယ်။ တစ်ယောက်ယောက် ပစ္စည်းအသစ်အဆန်းဝယ်ရင်တောင် ဖွင့်ပွဲဆိုပြီး ခေါင်းစဉ်တပ်လိုက်သေးတယ်။ ကျွန်တော်လည်း စာမရေးဖြစ်ဘူး။ ပဲခူးသွားတာနဲ့ လပြည့် ပါတီနဲ့ စာရေးတာ ခဏရပ်ထားလိုက်တယ်။ steemitမှာ စာရေးခြင်းကို ရေးလို့ ရသလောက်တော့ ရေးတင်မှာပါ။ ဈေးကျတာလောက်က စိတ်ဓာတ်မကျပါဘူး။ ရေးတင်လို့ မရမှာကိုဘဲစိုးရိမ်မိတယ်။ ဘာတွေဆက်ဖြစ်မယ်ဆိုတာ မသိပေမယ့် ဆိုးဆိုးဝါးဝါးတော့ ဖြစ်မယ်မထင်ပါဘူး။ ပုံမှန်proတင်နေတဲ့ ညီအစ်ကိုတွေလည်း ဆက်တင်နေမယ်လို့ ယုံကြည်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အားပေးရင်းဆက်လက်လုပ်ကိုင်ကြတာပေါ့ဗျာ။ ဝီရိယအကျိုးလေးတော့ တစ်ခုခုခံစားရမှာပါ။ ဒီနေ့တော့ ထွေရာလေးပါးပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ ညက ဒဏ်ကြောင့် ခေါင်းကိုက်နေလို့ မိတ်ဆွေတို့ရေ။