ပထမလူ-------သိန်းငါးရာတန်BMWကားကြီး
မောင်းတယ်
သူ့မှာအကြွေးတွေသိန်းထောင့်ငါးရာကျော်
ရှိနေတယ်
ဒုတိယလူ--------သိန်းတစ်ရာငါးဆယ်
တန်Toyotaကားမောင်းတယ်
သူအိမ်ဆောက်ထားတာသိန်းနှစ်ရာကျော်
အကြွေးတင်နေတယ်
သူဘဝမှာအမြဲသောကဖြစ်နေရတယ်
တတိယလူ-----သိန်းနှစ်ဆယ်တန်
ဆိုင်ကယ်မောင်းတယ်
သူဘဏ်မှာပိုက်ဆံသိန်းသုံးရာကျော်စုထားတယ်
သူ့ဘဝကချောမွေ့ပြေပြစ်နေပေမဲ့---
နေထိုင်ရတာအဓိပ္ပယ်မဲ့နေတယ်လို့
ခံစားရတယ်
သူတို့သုံးယောက်ဆုံတွေ့ကြတော့
ဆိုင်ကယ်မောင်းနေတဲ့လူကတိုယိုတာ
ကားမောင်းတဲ့လူကိုအားကျတယ်
တိုယိုတာကားမောင်းတဲ့လူကBMW
ကားမောင်းတဲ့လူကိုအားကျတယ်
BMWကားမောင်းတဲ့လူကလည်း
ဆိုင်ကယ်မောင်းနေတဲ့လူရဲ့
ဘဝကိုပြန်အားကျနေတယ်
ဒါဟာ လောကမှာလက်တွေ့ဖြစ်ပြက်နေတဲ့
အရာတွေပါ
လူတိုင်း တစ်ယောက်ချင်းစီတိုင်း ဟာ
ရွှေငွေဥစ္စာပစ္စည်းနဲ့ကံကြမ္မာရဲ့အစေခံတွေ
ဖြစ်နေကြရတယ်
ကြောင်ကငါးကိုကြိုက်တယ်
ဒါပေမဲ့ရေကျတော့မကူးတက်ပြန်ဘူး
ငါးကတီကောင်ကိုကြိုက်တယ်
ဒါပေမဲ့ကုန်းပေါ်တက်ပြိးကိုယ်တိုင်ကျတော့
တီတူးပြီးမစားနိုင်ပါဘူး
ဒိကနေ့ဘယ်လောက်ပဲကြီးတဲ့ကိစ္စ
ကြီးဖြစ်နေပါစေ
မနက်ဖြန်ကျတော့သေးသေးမွားမွားလေး
ပြန်ဖြစ်သွားရော
ဒိနှစ် ဘယ်လောက်ကြီးတဲ့
အကြောင်းအရာပဲဖြစ်ဖြစ်
နောက်နှစ်ကျတော့ပုံပြင်ပြန်ဖြစ်သွားရော
အလွန်ဆုံးတော့ ကျွန်တော်တို့လဲ
တပါးသူနားထောင်ဖို့ပုံပြင်ကိုယ်စီ
ရှိနေယုံလေးပါပဲ
တကယ် တမ်းတော့
ဘဝကဒိလောက်မျှသာပါပဲ
လွတ်လပ်မူ့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
ကိုယ်ကရွေချယ်မူ့အပေါ်မူတည်ပါတယ်...
credit #