Hello „ all my friends.
မင်္ဂလာပါ
ယမန်နေ့ ညနေပိုင်းမှာ ကျမတို့နေထိုင်ရာ စစ်ကိုင်းတောင်ရိုး ရှိ သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပ္ပ္ဿနာ အကယ်ဒမီ တွင် နတ်လူသာဓု အကြိမ်ကြိမ်ခေါ်ဆိုုထိုက်သည့် ကျမကိုယ်တိုင်မှလည်း အလွန်ပင်ဝမ်းမြောက်အနုမောဒနာ သာဓု ခေါ်ဆိုရသည့် အောင်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြပါသည်
လွန်ခဲ့သော ၂၁ ရက်က. အိန္ဒိယ နိုင်ငံတွင် သီတင်းသုံးရင်း ကမ္ဘာ့ကပ်ရောဂါ နှင့် ရင်ဆိုင်ကြုံတွေ့နေကြရသော စာသင်သား ရဟန်းသံဃာတော်များနှင့် ဗုဒ္ဓဂါယာ ဘုရားဖူးပြန် ဆေးကုသသွားရောက်ကြသော လူပုဂ္ဂိုလ်များ အား သီတဂူဆရာတော်ဘုးရားကြီးမှ အမိမြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်၍
စစ်ကိုင်းတောင်ရိုးရှိ သီတဂူအကယ်ဒမီ နှင့် သီတဂူဗုဒ္ဓတက္ကသိုလ် တို့တွင် ကျန်းမာရေးခံယူစောင့်ရှောက်မှု့ quartine ထားရှိခဲ့သည့် ရက် ပြည့်မြောက်ခြင်း
အောင်ပွဲအခမ်းအနား ကို ယမန်နေ့ ညနေပိုင်း အချိန်တွင် လူကိုယ်တိုင်တက်ရောက်ခွင့် မရှိသော်ရလည်း ဆရာတော် ဘုရားများမှ live လွင့်ပေးခဲ့ခြင်းကြောင့်
အခမ်းအနားကို ကိုယ်တိုင်တက်ရောက် နေရသလိုပင် ခံစားရပြီး အင်မတန်ကြည်နူးဝမ်းမြောက် သာဓုအနုမောဒနာ ခေါ်ဆိုခဲ့ရပါတယ်
အခုလို အောင်ပွဲအခမ်းအနား အဖြစ်မြင်တွေ့ရခြင်းမှာ သီတဂူဆရာတော်ဘုရားကြီး၏ ထောင့်စေ့လွန်းသည့် စီမံဆောင်ရွက်မှုများကို မျက်ဝါးထင်ထင် သိမြင်ရသည့်အတွက်လည်း ပို၍ပင် သာဓုခေါ်ဆိုမိပါတယ်
လွန်ခဲ့သည့် မတ်လ လဆန်းပိုင်းအချိန် အိန္ဒိယ မိုင်ငံတွင် lockdown ချလိုက်သည့်အချိန်မှစ၍ ထိုနိုင်ငံတွင်ပိတ်မိနေသော ရဟန်းသံဃာများကို ပြန်လည်ခေါ်ယူရန် ဆရာတော်ကြီးမှ ကြိုးစားအားထုတ်ခဲ့သည်မှ စ၍
နေရာထိုင်ခင်း အစားအသောက် လှူဖွယ်ဝထ္ထု ကစကြိုတင် စီမံထားခဲ့သည်ကို တွေ့မြင်ခဲ့ရပါသည်
စစ်ကိုင်းြမို့သို ့ပင့်ေဆင်လာပုံ quartine ရက်များတွင်လည်းဆရာတေ်ကြီးကိုယ်တိုင်အနီးကပ်ကြီးကြပ်၍ြ လိုလေသေးမရှိအောင် ကျန်းမာရေးမ ကအစ အခူးဂရုစိုက်စောင့်ရှောက်ပေးခဲ့ပြီး
ယမန်နေ့က quattin အောင်ပွဲ ကျင်းပပြီးစီးသည်အထိ
ဆရာတော်ကြီး၏ မေတ္တာ စေတနာ ဂရုဏာတော် ကိုလည်း သာဓု အကြိမ် ကြိမ်ခေါ်ဆိုုမိပါသည်
ဒီနေရာမှာ ဆရာတော်ကြီးရဲ့ မိန့်မှာချက်ထဲကမှ ကကြိုက်ဆုံးကတော့ အားလုံးအပေါ်မှာ ဂရုဏာထားဖို့နဲ့ အဲ့ဒီဂရုဏာ ဟာ စိတ်ထဲကတင် သနားတယ် ဂရုဏာသက်တယ် ကူညီချင်တယ်လို့ အတွေးနဲ့တင် ပြီးမသွားဘဲ တကယ်လက်တွေ့ action ဖြစ်အောင်လုုပ်ကြ ဟု မိန်မှာချက်ကို သာုအနုမောဒနာ ခေါ်ဆို မျှဝေရင်း ဖြင့်
#photo credit sitagu