တောဓလေ့ နှင့် မြို့ စတိုင်
Hello , all steemit member .
မင်္ဂလာပါရှင့်
ဒီရက်ပိုင်း စစ်ကိုင်းမြို့ နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ဘုရားပွဲများ ပြုလုပ်ကျင်းပကြချိန်ဖြစ်ပြီး ကျမ၏ ဝန်ထမ်းကလေးများ မိတ်ဆွေများ မှ သူတို့၏ ရွာဘုရားပွဲအား လာလည်စေရန် ဖိတ်ခေါ်ကြသည့်အတွက် ဒီရက်ပိုးင်း အတွင်ရွာဘုရားပွဲများအား သွားရောက်လည်ပတ်ရင်း ကျေးရွနေလူတမ်းစားများနှင့် မြို့ပေါ်နေထိုင်ကြသော လူတန်းစားများအကြောင်း တို့အား ကျမ၏ ကိုယ်ပိုင်အမြင် ဖြင့် ရေးသားလိုက်ပါသည်
မြန်မာ လူမျိုးများသည် ရှေးယခင် ကတည်းကပင် တစ်ယောက်ကိုတစ်ယောက်ရိုင်းကူညီကြခြင်း ဖော်ရွေပျူ ငှာ ဧည့်ဝတ်ကျေပွန် ကြခြင်း စာနာထောက်ထားကြခြင်း စသည့် ကောင်းမွန်သောစိတ်ဓာတ် ယဉ်ကျေးမှု့ ဓလေ့ထုံးတမ်း များဖြင့် နေထိုင်လာခဲ့ကြပါသည်
ယနေ့ကာလတွင်တော့ မြန်မာလူမျိုးတို့၏ ကောင်းမွန်မြင့်မြတ်လှသည့် ထိုဓလေ့များများသည် မြို့နေလူတန်းစားများတွင် တစ်စတစ်စ ပျောက်ကွယ်သလောက်ပင် ဖြစ်နေပါပြီး ကျေးလက်တောရွာ များတွင်တော့ ယနေ့ထက်တိုင် မြင်တွေ့နေရဆဲ ဖြစ်ပါသည်
တစ်ချို့တောရွာများတွင်တော့ မြို့ဆန်လာကြသည်ဟု ပြောရမည် ဖြစ်ပါသည်
မြို့ပေါ်နေ လူတန်းစားများသည် တစ်အိမ်နှင့်တစ်အိမ် အဆပ်အသွယ်မလုပ်
သာရေးနာရေး အကြောင်းကိစ္စကြီးငယ် ရှိပါကလည်း ကိုယ်နှင့် မဆိုင် လှူတန်းပေးကမ်းရာတွင်လည်း စီးပွားတွက်တွက် ၍ အကျိုးမျှော်ကိုး လုပ်ကိုင် တတ်ကြ သော နေထိုင်နည်း များကြောင့် မြို့စတိုင် ဟု ခေါ်ဝါ် သုံးနှုံန်း ကြပါသည်
ကျေးရွာနေ လူမျာူကတော့ တစ်အိမ်နှင့်တစ်အိမ် တစ်ရွာနှင့်တစ်ရွာ ကူးလူးတက်ဆံကြ ကူညီရိုင်းပင်းကြ သာရေးနာရေး အကြောင်းကြီးငယ်ဟူသမျှ တို့တွင်လည်း ရွာလုံးကျွတ်ကူညီ ဝိုင်းဝန်းအားတက်သရော ဆောင်ရွက်တတ်ကြသည့် ဂုဏ်ယူစရာ ဓလေ့ များ ရှိနေကြပါသေးသည်
အခုလို ရွာဘုရားပွဲ များသွားရောက်လည်ပတ်ရာတွင်တော့ မြန်မာလူမျိုးတို့၏ ယဉ်ကျေးပျူ ငှာ ဖော်ရွေစွာဖြင့် ဧည့်ဝတ်ကျေပွန် ပုံများ ယနေ့ထက်တိုင်တည်ရှိနေသေးသည် ကို မြင်တွေ့ရ သလို မြို့ဘုရားပွဲနှင့် ရွာဘုရားပွဲ ရဲ့ ကွာခြားချက်များအား တွေ့မြင်မိပါတော့သည်
ကျမတို့မြို့ပေါ်တွင် ဘုရားပွဲများ ကထိန်ပွဲများ စတုဓိဿာ အလှူပွဲများ များစွာဆင်နွဲလေ့ ရှိကြရာတွင် ငွေကြေးတတ်နိုင်သည့်ပေါ်မူတည်၍ ဒံပေါက် ပဲထမင်း အုန်နို့ခေါက်ဆွဲ ကြာဇံဟင်း မုန့်ဟင်းခါး ကျောက်ကျော ဆန္နင်းမကင် ပူတင်း လ္ဘက် အကြော်စုံ စသည့် စားသောက်ဖွယ်ရာတို့အား ဧည့်ခံကြွေးမွေ ကြပါသည်
မြို့ပေါ်တွင် များသောအားဖြင့် စတုဓိသာ အလှူ ပွဲ များမှလွဲ၍ ကျန်သည့် ဧည့်ခံပွဲများ သည် ဖိတ်ကြားထားသည့်ဧည့်သည်များကို သာကျွေးမွေး ကြခြင်းဖြစ်ပါသည် ပကာသန ဖက်သည့် လှူ တန်းခြင်းမျိုး ဖြစ်ပါသည်
ကျေးရွာ ဘုရားပွဲ အလှူ ပွဲများကတော့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆိုသလို လာသမျှ ဧည့်ပရိတ်သတ်တို့အား အရင်းအကျက် မခွဲခြားဘဲ သဒ္ဒါတရား ထက်သန်စွာဖြင့် ဧည့်ဝတ်ပြု ဖော်ရွှေစွာ စေတနာအရင်းခံ အတိုင် ကြွေးမွေးဧည့်ခံ ကြပါသည်
ထို့ကြောင့် ဘယ်လိုပင် ခေတ်ကာလတွေ ပြောင်းလဲနေပါစေ
မြန်မာလူမျိုးတို့၏ ယဉ်ကျေးပျူငှာ ဖော်ရွေစွာ ဖြင့် ဧည့်ဝတ်ကျေပွန်တတ်ကြသည့် မြတ်နိုးစရာ ရိုရာဓလေ့ များသည် တစ်ချို့သော ကျေးလက်တောရွာ များတွင် ယနေ့တိုင်တည်ရှိနေဆဲ ဖြစ်ပါတော့သည်