" ဆိတ်သား " ကို အသုံးပြု လျက် စားသောက်ဖွယ်ရာ
များ ပြင်ဆင် ပြုလုပ်နည်းများ ( အပိုင်း -၃ )
ဆိတ်နံရိုးကုလားပဲဟင်း
Hello , all my steemit member.
ကျမ ရဲ့ steemit မှ မိတ်ဆွေ သူငယ်ချင်းများ အားလုံး
မင်္ဂလာ ပါ ရှင့်
ကျမ ရဲ့ Steemit member များ နှင့် friend များအားလုံး
အတွက် ရေးသား post တင်ပေးမယ့်
အကြောင်းအရာ ကတော့ " ဆိတ်သား " ကို အသုံးပြု ၍
စားသောက် ဖွယ်ရာ များကို ပြင်ဆင် ချက်ပြုပ် နည်း
အမျိုးမျိုး ရှိသည့် အနက် ဒီနေ့ ချက်ပြုပ် ပြင်ဆင် မျှဝေပေး
မှာကတော့
" ဆိတ်နံရိုးကုလားပဲဟင်း" ပြုလုပ် နည်း ပြက်ဆင်ချက်
ပြုပ်နည်းအကြောင်း ကိုရေးသား မှာဖြစ်ပါတယ်
" ဆိတ်သား " ကို ဟင်းလျာ အဖြစ် ဖြင့် ချက်ပြုပ် ပြင်ဆင်
စားသောက်ကြသလို သရေ စာ အနေ နဲ့ လည်း စား
သောက် ကြပါတယ်
ဆိတ်သား ကိုပုံစံ အမျိုးမျိုး တို့ ဖြင့်ချက်ပြုပ် ပြင်ဆင်
စားသောက် ကြရာတွင်
ဆိတ်သားချက် ဆိတ်သားနှပ် ဆိတ်သားပြုပ်ကြော်
ဆိတ်ကလီစာ ချက် ဆိတ်ပုဆိုးကြမ်း အရည်သောက်
ဆိတ်ပုဆိုးကြမ်း အသုပ် ဆိတ်ဦး နှောက်ကြော်
ဆိတ် ဖိုက်တင်ဘောကြော် ဆိတ်ခြေထောက်စွပ်ပြုပ်
ဆိတ်သားအကြွတ်ကြော် ဆိတ်သားမွ ကြော်
ဆိတ်ရိုးကုဘားပဲဟင်း ဆိတ်သားခြောက်ဆီဆမ်း
ဆိတ်သားထောင်းကြော် ဆိတ်သားကင် ဆိတ်ဦးနှောက်
ကြော် ဆိတ်စဉ်းကော ကြော်/ချက် ဆတ်သားသုပ်
ဆိတ်သား အာလူးဆီပြန် ဆိတ်ရိုးကုလားပဲ ချက်
ဆိတ်သား ဒန်ပေါက် ဆိတ်နားရွက်သုပ် ဆိတ်နံရိုးစွပ်ပြုပ်
ဆိတ်သားလုံးကြော် ဆိတ်သားလုံးဆီပြန်ဟင်း
ဆိတ်သားခြောက်ငပိချက် ဆိတ်သားထောင်းသုပ်
စသည် ဖြင့် ဟင်းလျာ အဖြစ် ထမင်းနှင့် တွဲဖက်စားသောက် ကြ သလို
ဆိတ်သားကီးမား ဆိတ်သားပလာတာ ဆတ်သားပတ်ခ်
ဆိတ်သား စမူဆာစသည့်မုန့်ပဲ သရေ စာများ တွင် လည်း
ထည့်သွင်း ပြုလုပ် စားသောက်ကြပါတယ်
" ဆိတ်နံရိုးကုလားပဲ ဟင်း"ဟာ ဆိုရင် ချက်ပြုပ်ပြင်ဆင်ရ
လွယ်ကူစေပြီး အရသာကောင်းမွန်သည့် ဟင်းတစ်ခွက်
ဖြစ်ပါတယ်
ကုလားပဲ ဟာဆိုရင်လည်း
ဆိတ်နံရိုးကုလားပဲဟင်း
ပါဝင်ပစ္စည်းများ
1- ဆိတ်နံရိုး- ၃၅ကျပ်သား
2-ကုလာပဲ နို့ဆီဘူး-၁ဘူး
3-ကြက်သွန်နီ - ၃လုံး
5-ကြက်သွန်ဖြူ - ၃မွာ
5- ဂျင်း - ၁တက်
6- သံပုရာသီး -၁လုံး
7- ဒိန်ချဉ်ဟင်းစားဇွန်း - ၂ဇွန်း
8-ဆီ -၅ကျပ်းသား
9-ဆား -အနည်းငယ်
10- နန္နင်းမှုန့် - အနည်းငယ်
11- အရောင်တင်မှုန့် - အနည်းငယ်
12-အရသာမှုန့် - အနည်းငယ်
13-မဆလာ - အနည်းငယ်
14- ကရဝေး ရွက် ( သို့ ) ပျဉ်းတော်သိမ်ရွက်- ၅ရွက်
( အမွေးနံ့ ကြိုက်ပါက )
တို့ လိုအပ်ပါတယ်
ပြုလုပ်နည်း အဆင့်ဆင့်
ကုလားပဲ ကို ရေစိမ်ထားပါ
ပထမ ဆုံး ဆိတ်နံရိုး များအား စဉ့်နီတုန်း ပေါ် တင် ၍
ဓာ မ ( သို့) ဓား ထက်ထက်ဖြင့်အနေတော် အတုံးများ
တုံးထားပါ
ဆတ်နံရိုးတုံး များအားရေစင်အောင်ဆေး ရေစစ်ထားပါ
ရေစစ်ထားသောဆိတ်နံရိုး တုံးများပေါ်သို့ သံပုရာသီး
အား အရည်ညစ် ထည့် ပြီး လက်ဖြင့် ဆုပ်နယ် ကာ
တစ်ဖန် ရေဆေး ပါ
ရေပြန်စစ်ထားပါ
ဆိတ်သားများအား ရေမဆေးမှီ တစ်ခါ ရေဆေး ပြီးတစ်ခါ
သံပုရာသီး အားအရည်ညှစ် ထည့်ပြီး နယ်ပေးပါ
သံပုရာသီး အစား ဗီနီကာ ဖြင့် လည်း ပြု လုပ် နိုင်ပါသည်
အညှီ နံ့ ပျောက်စေရန် နှင့် အသားတုံး များ ကို အမြန်ကျက်
စေရန် အတွက် ဖြစ်ပါသည်
ရေစစ်ထားသော ဆိတ်နံရိုးတုံးများ အား သံပုရာ ရည်ဖြင့် ထပ်မံ နယ်ထားပါ
ကြက်သွန်နီ များအား အခွံ သင် လေးစိပ်စိပ် ထားပါ
ဂျင်း ကြက်သွန်ဖြူ များအား အခွံ သင်ထားပါ
အခွံသင်ထားသော ဂျင်း ကြက်သွန်ြဖူ များအား သီးခြားဆီ
ငရုတ်ဆုံ တွင် ကြေညက်အောင် ထောင်းထားပါ
ပျဉ်းတော်သိမ်ရွက် များအားရေဆေး ပြီး အရွက်ခြွေထားပါ
သံပုရာရည် ဖြင့် နယ်ထားသော ဆိတ်နံရိုး အတုံးများအား
ထောင်းထားသော ဂျင်း မှ တစ်ဝက် ကို ယူ၍ အရည်
ညှစ်ထည့် ဆား အရသာမှုန့် နန္နင်းမှုန့် အရောင်တင်မှုန့်
တို့ ထည့် နယ် ၁၅ မိနစ် ခန့် နှပ်ထားပါ
ထို့နောက်
ဇောက်နက်သော အိုး တစ်လုံး တွင် ရေစိမ်ထားသော
ကုလားပဲ များအား ဆယ်ယူ ပြီးထည့်
နှပ်ထားသော ဆိတ်နံရိုး တုံး များအားထည့်
ြ ကက်သွန်နီ ကြက်သွန်ဖြူ ဂျင်း တို့အားထည့်ပြီး
အပေါ်မှ ဆီ ထည့်ကာ ပါဝင်ပစ္စည်းများအားလုံး
သမသွားအောင် လက် (သို့) ဇွန်းဖြင့် မွှေပေး ပြီး
ရေစပ်စပ် ထည့် ကာ မိးဖိုပေါ် တင် အဖုံးအုပ်ထားပါ
ထည့်ထားသော ရေခမ်းပြီး ဆီဝေ့ လာပါက
ဇွန်းဖြင့် အထက်အောက် နှံ့ စပ်အောင်မွှေ ပေးပြီး
ရေထပ်ထည့် ပြီး အဖုံးအုပ်ထားပါ
ဟင်းအပေါ် ၂ လက်္မ ခန့် ရေထည့် ရပါမည်
မီးမျင်းမျင်း ဖြင့် ၄၅မိနစ် မှ ၁နာရီ ခန့် ကြာအောင်
ချက်ရမည် ဖြစ်သည်
ရေခမ်း ပါက ကုလားပဲ နှင့် ဆိတ်နံရိုး နူးမနူး စမ်းကြည့် ပါ
မနူး သေးပါ ရေ ထပ်မံ ထည့်၍ အဖုံး ပြန်အုပ်ထားရပါမည်
ဆိတ်နံရိုး နှင့် ကုလားပဲ များ နူးအိ ကာ ရေခမ်းပြီး ဆီပြန်
လာပါက ကုရဝေးရွက် ပျဉ်းတော်သိမ်ရွက် မဆလာ
များ အုပ်၍ တည်ခင်း စားသောက်နိုင်ပြီ ဖြစ်ပါတယ်ရှင်
ဆိတ်နံရိုး သည် လူတို့ ၏ အရိုးအဆစ်များ အတွင်း ရှိ
ရိုးတွင်းချဉ်ဆီ များအား အထူးကောင်း မွန်စေ ပြီး
ကုလားပဲ ဟာ ဆိုရင်လည်း အသားဓာတ် ဗီတာမင်
ဓာတ် များ ပြည့်ဝစေတာကြောင့် ကျန်းမာရေး နှင့် ညီညတ်
စေသည့်အပြင် အရသာ ရှိလှတဲ့ ဟင်းတစ်ခွက်
ဖြစ်ပါတယ်
"ဆိတ်နံရိုးကုလားပဲ ဟင်း" သည် အီဆိမ့် သည့် အတွက်
ထမင်းနှင့် တွဲဖက်စားသောက် ရာတွင်
ပဲတီးချဉ် သုပ် မုံလာချဉ်သုပ် မုံညှင်းချဉ်သုပ် တို့ နှင့်
တွဲ ဖက် စားသော်ပါက အအီပြေ ခံတွင်းမိန် စေ မှာ
ဖြစ်ပါတယ်
ထို့ကြောင့် ဆိတ်သား မစားကြသူများ အမဲသား ကြိုက်နှစ်
သက် သူများ မှလည်း "ဆိတ်သား " ကို ချက်ပြုပ် ပြင်ဆင် စားသောက်သည့် နည်းလမ်း အတိုင်း ပြုလုပ်နိုင် ပါတယ်
ဆိတ်သားနှင့်ပတ်သက်သော ဟင်းလျာများ အားချက်ပြုပ်
ပြင်ဆင်ရာတွင် ကျမ ပြုလုပ်စားသောက်ဖူးသော နည်းလမ်းများကိုသာ ပြုလုပ် ပြင်ဆင် post တင်ရေးသားမှာ ဖြစ်သည့်
အတွက် ချက်ပြုပ်နည်း မတူညီမှုများ ကွဲလွဲ မှု့ များ ရှိပါကလည်း
နားလည် ပေးကြရန် အထူးမေတ္တာ ရပ်ခံ ပါတယ်
( မှတ်ချက် - ကျမ အသုံးပြု ပြင်ဆင်ချက် ပြုပ် ရာတွင်
အသုံးပြု သောပါဝင် ပစ္စည်းမျာ သည် အိမ်တိုင်း မိးဖို ချောင်
တိုင်း တို့ တွင် အလွယ် တစ်ကူ ဝယ် ယူ ရရှိစေသော
ပစ္စည်း များ ဖြင့်သာ ပြင်ဆင် ပြုလုပ် သွားခြင်းဖြစ်ပါသည် )
Steemit မှ သူငယ်ချင်းမိတ်ဆွေ များ အားလုံး လည်း
လွယ်ကူ အဆင်ပြေ အရသာ ရှိစွာ ပြင်ဆင် ချက်ပြုပ်
စားသောက်ကြပါလို့
Steemit မှ fri များ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ
MSC-070