Pineapple Gelatine
နာနတ်သီးကျောက်ကျော
Hello , all steemit member .
ဒီနေ့ အစားတစ်လိုင်း ကျမလည်း အနည်းငယ်အားလပ်နေပါသဖြင့်
နာနတ်သီးကျောက်ကျော ပြုလုပ်စားသောက်ဖြစ်သည့်အတွက် ပြုလုပ်နည်း
လေးအား ရေးသား လိုက်ပါသည်
လိုအပ်သည်များကတော့
နာနတ်သီး ၁လုံး
သကြား - ၂၅ကျပ်သား
ကျောက်ကျောထုပ် အသေး -၁ထုပ်
( တယ်လီဖုန်း or အာဂါး)
တို့လိုအပ်ပါသည်
ပြုလုပ်ပုံကတော့
နာနတ်သီးအား အခွံခွာ အစိပ်လေးများစိပ် ပြီး ကြိတ်စက်နှင့် ကြိတ် ပြီး အရေစစ်ယူထားပါ
အိုးတစ်လုံတွင် ရေ ၁လီတာခွဲ ခန့် ကို ပွက်ပွက်ဆူအောင် ကြို ထို့နောက်
သကြား ကျောက်ကျောတို့အားထည့်မွှေပေးပါ
၁၅မိနစ် မှ မိနစ်၂၀ ခန်ကြာ ကြိုပီးပါက အဖတ်စစ်ထားသော နာနတ်ရေများများ အာ ထည့်မွှေပြီး ရေပြန်ဆူ ပြီး ရေအနည်းငယ်ကျသွားသည် အထိ ကျိုပေးပါ
ထို့နောက် လင်ဘန်းတွင်ထည့် အအေးခံ ပြီး စိတ်ကြိုက်စားသုံးနိုင်ပြီ ဖြစ်ပါသည်
နာနာသီးဖတ်များ ထည့်သွင်း၍ လည်း ကျောက်ကျော ပြုလုပ်ကြပါသည်
နာနတ်သီး စားခြင်းဖြင့်ရရှိစေနိုင်သာ ကျန်မာရေး ကောင်းကျိုးများ က
တော့
ရောင်ရမ်းမှုကို လျော့ကျစေပါသည်
အစာမကြေတဲ့ ဝေဒနာကို သက်သာစေပါသည်
သွေးအားနည်းရောဂါနဲ့ သွေးကြောကျဉ်းရောဂါတွေကို သက်သာစေပါသည်
အဆုတ်ရောင်ခြင်း နဲ့ လေပြွန်ရောင်ခြင်း များကို သက်သာစေပါသည်
ထိခိုက်ဒဏ်ရာ ကြောင့် ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုကို သက်သာစေပါသည်
အရိုးတွေ ကျန်းမာနေအောင် တည်ဆောက်ရာမှာ ကူညီပါတယ်
ခံတွင်းကျန်းမာရေးကို ကောင်းစေပါသည်
သွားဖုံးရောဂါနဲ့ သွားဖုံးရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်ပေးပါသည်
ပြည့်ဝဆီ ကိုလက်စထရောနဲ့ ဆိုဒီယမ်ပါဝင်မှုကို လျော့ကျစေပါသည်
ခန္ဓာကိုယ်တွင်းက ဂလင်းတွေကို ဟန်ချက်ညီစေပါသည်
လည်ပင်းကြီးရောဂါကို သက်သာစေပါသည်
အနာနဲ့ ထိခိုက်ဒဏ်ရာ ရတာတွေနဲ့ ဆက်စပ်နေတဲ့ တစ်သျှူးပြုပြင်မှု့ ကို ကောင်းမွန်စေပါသည်