Story link
ကချင် အမျိုးသမီးတွေကို ပွဲစားတွေ ဆွေမျိုးမကင်းသူတွေက လိမ်လည်ပြီး တရုတ်ပြည်မှာ မယားအဖြစ် ရောင်းစားခံနေရတယ်လို့ သိရတယ်။ တရုတ်တွေက အဓမ္မပြုကျင့်ပြီး ကလေးရတဲ့အခါမှ ပြန်လွှတ်ပေးကြတယ်။ တရုတ်ပြည်မှာ ယောကျား မိန်းမ အရေအတွက် မညီမျှမှု ဖြစ်ပွားနေပြီး တရုတ် အမျိုးသားတွေက ဇနီးရှာဖွေရ ခက်နေတယ်။ တရုတ်ပြည်မှာ ကျင့်သုံးလာတဲ့ one child policy ကြောင့် မိဘတွေက သမီးမွေးရင် မလိုချင်ဘဲ သတ်ပစ်တာ၊ ဖြတ်ချတာ စွန့်ပစ်ထားတာတွေကြောင့် အမျိုးသမီး အရေအတွက်က ရှိရမယ့် ပမာဏထက် သန်း ၃၀ မှ ၄၀ အထိ လျော့နည်းနေတယ်။ ဒါကြောင့် အိမ်နီးနားချင်း ဆင်းရဲတဲ့ နိုင်ငံတွေက အမျိုးသမီးတွေကို လူကုန်ကူးပြီး မယားအဖြစ် အဓမ္မ ယူကြပါတယ်။ အများဆုံး ခံရသူတွေကတော့ ကချင်ပြည်နယ်က KIO ထိန်းချုပ်နယ်မြေက အမျိုးသမီးတွေပါ။ သူတို့က အကူအညီမဲ့နေကြတယ်။ မြန်မာအစိုးရနဲ့ တရုတ်အစိုးရကလည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ခြင်း မရှိဘူး ဖြစ်နေတယ်။