ပြောရမယ် ဆိုရင်တော့ steem ကို တော်တော် စိတ်ပျက်နေပြီ ကျွန်တော် steem account တွေထဲမှာ steem power တွေ ၁၀၀၀ ကျော်ကျော် ဝယ်ထားတယ် ကံမကောင်းချင်တော့ ဝယ်တဲ့အချိန်က လွန်ခဲ့တဲ့ လေးငါးလလောက်က အဲဒီတုန်းက steem စျေးက ဒေါ်လာ ပြား ၄၀ ကနေ ၅၀ ကြားလောက် ပေါက်တယ် အဲဒီတုန်းက နည်းနည်းချင်း ဝယ်စုလာတာ မြန်မာငွေ ၇ သိန်းကနေ ၈ သိန်း ကြားလောက် ရှိမယ်။ အခု steem စျေးက ၁၄ ပြားအထိ ကျသွားပြီ အဲတော့ ဝယ်ထားတဲ့ တန်ဖိုးက ၃ သိန်းကနေ ၄ သိန်းကြားပဲ ရှိတော့တယ် ကိုယ့်ငွေတွေ လျော့သွားတာကို ပြောတာ steem ကို ကြည့်ရတာလည်း အရင်ကလို ပြား ၄၀ ပြား ၅၀ လောက်အထိ ပြန်တက်လာမယ့် အလားအလာလည်း မတွေ့ရ ကြည့်ရတာ ၁၄ ပြားက steem ရဲ့ ပုံမှန်စျေး ဖြစ်သွားပုံရတယ် steemit မှာ post တွေ ရေးတင်ပြီး ရတဲ့ reward ကလည်း ကျွန်တော်ပဲ ညံ့လို့လား မသိဘူး တစ်လမှ ၂ steem ၃ steem ထက် မကျော်ဘူး မြန်မာငွေနဲ့ ပြောရင် ၄၀၀ ကျပ် ၅၀၀ ကျပ် လောက်ရတယ် တစ်လကို ပြောတာ post upvote ရဖို့ idea စဥ်းစားရတာလဲ ခေါင်းခြောက်နေပြီ တော်တော် ကောင်းတဲ့ blogging website steem ပဲနော် ကျွန်တော် အတွေ့အကြုံနဲ့ ပြောရင်တော့ steem က ငွေရဖို့ ထက် ငွေကုန် ဖို့သာ များနေပြီ steem စျေး ပြား ၄၀ လောက် ပြန်မတက်မချင်းတော့ ကျွန်တော် ဘယ်လောက်ပဲ ကြိုးစား reward ရှာရှာ အရင်း ပြန်ရဖို့တောင် မလွယ်ကူတော့ပါကြောင်း