ဟိုးအတိတ် ဘဝလေးက ဆယ်တန်းဘဝလေးပါ။လွန်ခဲ့တဲ့ လေးနှစ်လောက် ကျွန်တော် အ.ထ.က(၆) မြောက်ဥက္ကလာ မှာကျောင်းတက်ခဲ့ပါတယ် အဲ့အချိန်တုန်းကနော့ ပိုက်ဆံကိုဘယ်လိုရှာရတယ် ဆိုတာ မသိခဲ့ပါဘူး တကယ်တော့ ပိုက်ဆံရဖို့ ဆိုတာ အသက်၊ ခြွေး၊ အချိနါတွေ ပေးဆပ်နေရတာပါ အဲ့ဒါတွေမသိတဲ့အချိန်ပေါ့ဗျာ။ ကျောင်းတက်ခဲ့တာ ပျော်ပျော်ရွှင်ရွှင်နဲ့ တက်ခဲ့ရပါတယ် စိတ်ညစ်တယ်ဆိုလို့ စာမရတဲ့ တစ်ချိန်ပဲရှိတာပါ ကျွန်တာကသူငယ်ချင်းတွေဆီကနေ ပျော်ရွှင်မှုများစွာရရှိခဲ့ပါတယ် သတိရတဲ့ အချိန်လေးတစ်ခုက သူငယ်ချင်းတွေနဲ့ အတး ကျောင်းပြေးဖူးတဲ့ အချိန်လေးပေါ့
ကျောင်းမတက်ပဲ စက်ဘီးလေးတွေစီးပြီးတော့ ကျောင်းကိုမသွားပဲ ဘုရာကို သွားခဲ့တယ် ဘောလုံးကန်တဲ့ဝါသနာပါတော့ သူငယ်ချင်းတွေနဲ့အတူ ဘောလုံးလေးစုပြီးဝယ်လိုက် ဘုရားရောက်ရင်ဘောလုံးကန်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့ ဟဘုရားကိုရောက်ပြီးတော့ ဘေးနားက ကွင်းပြင်ကြီးမှာ ဘောလုံးကန်ကြတာပေါ့ ဒီလိုနဲ့ ကျောင်းဆင်းချိန်အမှန် အိမ်ကို ပြန်ရတယ် ဆိုေ့ ညစ်ပေအောင် မကစားဘူးပေါ့ သူငယ်ချင်းတွေနဲ့အတူ ကိုယ့်အိမ်ကို ကိုယ်ပြန်ခဲ့ပါတယ် ကျောင်းက မနက် ၆:၄၅ တက်ပြီး ၁၂ နာရီကိုဆင်းပါတယ် ကျူရှင်ကတော့ ၁ နာရီ တက်ရမယ်ဆိုတော့ ကျောင်းကပြန်ဆင်းတာနဲ့ထမင်းစားရေချိုးပြီးတာနဲ့ ကျူရှင်ကို လစ်တာပဲ ကျူရှင်ရောက်မှ သူငယ်ချင်းတွေနဲ့ ပြန်တွေ့တာပေါ့ ကျွန်တော့်သူငယ်ချင်းတွေက အရမ်းအစ အနောက်သန်ကြတာ ဗျ သူတို့ရှေ့ကို ကောင်မလေးတွေဖြတ်လှေောက်မသွားရဲလောက်အောင်ပဲ ဒါပေမဲ့ ချစ်ချစ်ခင်ခင်နေကြတယ် အချင်းချင်း ပြောမနာ ဆိုမနာ ရန်ဖြစ်လိုက် ပြန်တည့်သွားလိုက်နဲ့ ကျွန်တော့်ဆယ်တန်း အမှတ်တရလေးကို တင်ပြခဲ့ပါတယ်
သူငယ်ချင်းဟောင်းများကို သတိရလျက်
photo credit from facebook