ဘဝလမ်း
အတောင်စုံလို့ အပျံသင်
တတ်မြောက်တဲ့ခါ အစာရှာရမည်။
မိဘအရိပ်က ထွက်ခွာလာ
ဒီခြေအစုံဟာ နုနယ်လှသည်။
ဘဝခရီးစတင်ကာ ခြေချ
နုနယ်လှသည် ခြေအစုံသည်။
ကြမ်းတမ်းလှတဲ့ ဤကြမ်းပြင်
ခရီးလမ်းကို စနှင်ရတော့မည်။
မိဘပေးတဲ့ ရိက္ခာကိုပိုက်
ဘဝဆိုတာကို စတိုက်ရတော့မည်။
ဘဝလမ်းကို စတင်တက်လာ
လူ့ဘဝဆိုတာ သိလာပါပြီ။
သိလာသည်အမျှ ဘဝက
ပူလောင်လှစွာ လောကရယ်ပါ။
ဒါကိုရင်ဆိုင် အနိင်ရအောင်
ငါသည်ကြိုးစား လုပ်အားနဲ့တည်မည်။
မလွှဲမသွေ ရင်ဆိုင်ရ
အနိုင်ရမှ သာလိမ့်မည်။
မိဘသင်ပေး ပညာရေးသည်
ဘဝလမ်းမှာ ဝမ်းစာပါ။
ဘယ်လောက်ပင် မြင့်မားနေ
ခြေလှမ်းတွေတော့ မယိုင်စေနဲ့။
ကြိုးစားကာ ရှေ့ကိုဆက်
တရက်ရောက်မှာ ဘဝပန်းတိုင်ပါ။