ဒီနေ့တော့ ရေတွင်းကုန်းကျေးရွာက လူနာတယောက် ကျောင်းကို ရောက်လာပါသည်။လူနာမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးဖြစ်သည်။ထိုလူပါသည်လဲ လမ်းပင်မလျှောက်နိုင်ပဲ ပခက်ဖွင့်သာထမ်းခေါ် ကြသည်။လူမမာသည် သက်လတ်ပိုင်းဖြစ်ပြီး အသား ဖြူဖြူဖွေးဖွေးဖြင့် ရုပ်ရည်ချောမော သပ်ရပ်လှပလှသည်။ကျောင်းထဲ ရောက်တော့လူနာကို ပခက်ပေါ်မှချ ကျောင်းပေါ်သို့တွဲခေါ်ကြသည်။
google photo
"ကိုရင် ဆရာတော် မရှိဘူးလာမရှိဘူး "
"ဆွမ်းစားကြွသွားတယ်"
"ဆွမ်းစားပြီးပြန် ပြန်လာမှာမှလား"
"အင်း ဟုတ်တယ် ဧည့်သည်လာရင် စောင့်ခိုင်းထားတဲ့"
"အော် အော် ဒါဆိုလဲ စောင့်ကြတာပေါ့"
သူတို့ကိုကြည့်ကာကျွန်တော်စဉ်းစားမရဖြစ်နေသည်။ဗိုက်ကြီးသည် နေမကောင်းတာကို ဆေးခန်းမသွားပဲ ဘုန်းကြီးကျောင်း လာရတယ် လို့ပေါ့လေ။
" ဦးလေးတို့က နေမကောင်းတာ ဆေးခန်းမပြဘူးလား"
" ပြတာပေါ့ ကိုရင်ရယ် မသက်သာလို့ပေါ့"
"ဟာဒါဆို ရန်ကုန်ဆေးရုံပို့လေ ဗိုက်ကြီးနဲ့ဟာကို"
"အင်းပါ ပြီးရင်ပို့ပမယ်"
ဟော ဘုန်းဘုန်းတောင် ပြန်လာပြီ"
ကျွန်တော်တို့ ညီကိုနှစ်ယောက်လဲ ဘုန်းဘုန်းပြေးကြိုကာ ပါလာ သော သပိတ် သင်္ကန်း ဆွမ်းချိုင့် တို့ကိုပြေးယူရင်း ဘုန်းဘုန်း ကျောင်းပေါ်မှာ ဧည့်သည်တွေ ရောက်နေတယ်ဘုရား။
" အေး အေး "
ကျွန်တော်တို့ ညီကိုနှစ်ယောက်လဲ ပစ္စည်းတွေ အမြန်သွားပို့ကာ ဘုန်းဘုန်းနောက်သို့ အပြန်လိုက်လာခဲ့သည်။ ဘုန်းဘုန်း ပြုလုပ်နေသည်များကို စိတ်ဝင်စားကာ ထိုင်ကြည့်နေရတာကို အလွန်သဘောကျသည်။အပြင်ထွက် ဆော့စရာပင် မလိုတော့ဘူး မဟုတ်ပါလား။ ခုလဲဘေးပယောဂ ရှိမရှိ ဘုရားခန်းရှေ့တွင် စစ်ဆေးနေလေ သည်။စစ်ဆေးသည် ဆိုသည်မှာ ဌက်ပျောပွဲ အုန်းပွဲပြင်ကာ အဓိဋ္ဌာန်ပြု၍ မရသည်။ဘေးပယောဂ ရှိနေပါက ပွဲသည်မ၍မရအောင် ကြမ်းပြင်တွင်ကပ်၍နေလေသည်။ ဘေးအနှောက်အယှက် မရှိပါက ပွဲသည် ပေါ့ပါးစွာ မ၍ရသည်။ အနှောက်အယှက်ရှိပြီဆိုလျှင် ဆရာတော်မှသက်ဆိုင်ရာပုဂ္ဂိုလ်ကို ခေါ်ယူကာ ပြုလုပ်ထားသော အနှောက်ပယောဂ တွေကို ပြန်ယူစေရသည်။
ထိုပညာရပ်တို့သည် အတော်တော့ခက်သားလား။ အဘယ်ကြောင့်ဆိုသော် သူတို့ပြုလုပ်သောပညာကို သူတို့ပြန်ထုတ်ပေးမှ ရသည်။စုန်းပြုစားချင်းမှာပေါ့နော်။သိုက်ကလာသောသူသည်လဲ ဤသို့ပင်ဖြစ်သည်။ပတ်သက်ဆက်နွယ်နေသောသူကိုသာလျှင် ခေါ်ယူကာ ပြန်လည်ကုသပေးရသည်။အင်းတိုက်ဆိုလျှင်တော့ ဒီအတိုင်းရှင်းလို့ရသည်။ ဒီလိုစစ်ဆေးကြည့်တဲ့အခါ စုန်းပြုစားခြင်း ခံနေတာတွေ့သည့်အတွက် ဆရာတော်မှ မျက်လုံးအစုံကို မှိတ်လျက် အတန်ငယ်ကြာ ရွတ်ဖတ်ပြီးနောက် ကျောင်းတွင်ဝိုင်းဝန်လုပ်ကိုင်ပေးနေသော
ဒကာမကြီးတဦးထံသို့ ဝင်ရောက်ပူးကပ်လေသည်။
"ကဲ"
ဒကာမကြီးဘုန်းကြီးဘာကြောင့်ခေါ်လဲသိတယ်မှလား"
"မသိဘူး ဘာကိစ္စ ခေါ်တာလဲ"
"အင်း ခက်ပါလားနော် ကိုလုပ်တာကိုပြန်ယူလိုက်ပါ"
"ဘာယူရမှာလဲ "
"ငါမသိဘူး ငါပြန်မယ်"
ပြန်မယ်ဆို ကိုလုပ်တာကိုယူပြန်လေ
"ငါဘာလုပ်လို့လဲ"
ကဲ ဟုဆိုကာ ဆရာတော်မှာ စကားဆက်မပြောပဲ တခုခုရွတ်ဖတ်နေသည်။
"အမလေး အမလေး"
ထိုအခါဆရာတော်မှ
လျော့ပေးလိုက်ပါ လျော့ပေးလိုက်ပါ"
ထိုအခါဝင်ပူးကပ်နေသော အမျိုးသမီးမှာ အနည်းငယ်ငြိမ်ကျသွား
သည်။ ထိုအမျိုးသမီးအော်ရခြင်းအကြောင်းကရှိသည်။ကျွန်တော်တို့ မျက်လုံးဖြင့် မမြင်နိုင်သော အကြောင်းများကရှိနေလေသည်။
မှတ်ချက် - ပြင်ပလောကတွင် ရွှေရင်ကျော်ဆရာများကုသလျှင် ပို၍ကြမ်းတမ်းပါသည်။စုန်းကဝေများကို နိုင်သောမမြင်အပ် မြင်အပ်ပုဂ္ဂိုယ်တို့ ရှိနေကြသည်။ထိုပုဂ္ဂိုလ်များသည်ကား -------