ဒီကနေ့တော့ ဆရာကန်တော့ပွဲအတွက် အစည်း အဝေး လုပ်နေကြတဲ့ အကို အမ များနှင့် ငယ်သူငယ်ချင်းတွေကို face book ပေါ်မှာ စည်းဝေးတိုင်ပင်နေကြတာ တွေ့လိုက်ရတယ်။ ၃လ ပိုင်းထဲမှာဆိုတာ သိလိုက်ရတော့ သွားချင်စိတ်တွေ ချက်ချင်းဖြစ် ပေါ်လာတော့တာပေါ့။သွားနိင်ဖို့ရာ ယခုကထဲက အားမွေးရပါတာ့ မယ်။တနှစ်တခါ ဆိုပေမဲ့ မရောက်တဲ့အကြိမ်က ခပ်များများရယ်လေ။ ဒီလိုအချိန်ဟာ ငယ်စဉ်ဘဝက ဆရာဆရာမများအပေါ် ကာယကံ ဝစီ ကံ မနောကံနဲ့ ဖြစ်မှားမိတာတွေ ဝန်ချတောင်းပန်ဖို့ရာ အကောင်းဆုံးအချိန်အခါ မဟုတ်ပါလား။ထိုစဉ်အခါက ပြစ်မှားကျူး လွန်မိတာတွေ သိပ်များနေမှပဲနော်။ ထိုစဉ်ချိန်ခါက ဘာကိုမှစိတ်ထဲမရှိ လိုချင်တာတခုပဲသိပြီး လိုချင်တာရရင် ပျော်နေ ရ ချိန်ပေါ့။
ခုနေချိန်ခါမတော့ စကားဆုံလို့ ငယ်အကြာင်းပြောရင် အလွန်ပျော်ရွှင်မဆုံး စကားကလဲ မဆုံးတော့ပေ။အဘယ်ကြောင့် နည်း။ အဘယ် ကြောင့်ဆိုသော် အလိုမကျ ငိုရတာထက် အလိုကျ ပျော်ရွှင်ချိန်က များနေလို့ပေါ့ဗျာ။ပြန်လည်စဉ်းစားကြည့်ပါမိတ်ဆွေတို့ ခုနေခါ ငယ်ဘဝပြန်ပြောပြပါဆိုရင် မည်သူမဆိုပြုံးပြီးမှ စကားစပြော ကြတယ်။ဟုတ်ပါရဲ့လားဗျ။
ကျွန်တော်လဲစကားစမိပြီဆိုတော့ကာ ငယ်ဘဝ တခဏလောက် ပြန်သွား ပါရစေဗျာ။
ဒီလိုဗျ ကျွန်တော်ငယ်စဉ် အခါက လူသိပ်ကြောက်တတ်တာ။စာလဲအတော်လေးကြိုးစားတယ်။ကိုယ်ကဆော့မယ်ဆိုအသွား သူများကစာကျက်နေ ဒါကိုမြင်တော့မဆော့တော့ပဲ အိမ်ပြန်စာကျက်တော့တာပဲ ။ကျောင်းရောက်လို့ သိုင်းချတိုင်းဆော့လဲ ခံဘက်ကပဲ။အိမ်ပြန်ရောက်လို့ BMH စက်ဘီးကိုတနာရီ ဌားစီး ပြန်တော့လဲ တဘုန်းဘုန်းမှောက်တော့တာ။ ဒီကြားထဲ သရေ ကွင်း သဲပုံထိုးဆော့ ရှုံးတယ်လေ သရေ ကွင်း ပစ် ရှုံးပြန်ရော လောက် စလုံး ဖိုပစ် ကုန်တာပါပဲလေ။ 
ငယ်သူငယ်ချင်းတွေနဲ့ဆုံတဲ့အခါ ငယ်ငယ်တုံးကအကြောင်းတွေ ပြန်ပြောရရင်အလွန်ကိုပျော်စရာကောင်းလှပါတယ်။ခုချိန်ခါမှာ ကျောင်းတုန်းက ယူနီကာလာ စရွက်ပေါ်မှာရွှေရောင်မှင်နဲ့ရီးစားစာ ပေးခဲ့ဘူးတဲ့ သူငယ်ချင်းတွေ ပြန်တွေ့ရင် မျက်နှာတော့ပူသား ပေါ့လေ။ သကြားလုံးတွေဝယ်ကျွေး အအေးတွေဝယ်တိုက် i love you လို့မြည်တဲ့ ကဒ်လေးတွေပေးကာ ချစ်ရေးဆိုကြပေါ့ သူများ
ကျောင်းက ကောင်တွေလာပြီးကြောင်တော့ ရန်ဖြစ်ကြ ဟုတ်လို့ပါပဲ
လေ။
အင်းခုတော့လဲ ပြန်ဆုံတဲ့ခါ အရင်အဖြစ်အပျက်လေးတွေ ပြန်
ပြောရင်း ရီမောပျော်ရွှင်မဆုံးပေါ့။ဟေ့ကောင်မင်းက အဲ့တုန်းကဘယ်လို ငါကဘယ်လိုနဲ့ အလွန်ပျော်ရွှင်ရတာပေါ့။ခုလဲဆရာကန်တော့ပွဲက
နီးကပ်လို့လာနေပါပြီ။မကြာခင်မှာ ပြန်လည်ဆုံးစည်းကြမယ် သူငယ်ချင်းတို့ရေ။