ရွှေပေါက်ပင်ဆရာတော်နှင့် ပန်းပေါင်းတစ်ထောင်စောင့်နတ်မင်း *********************************************************
ရွှေပေါက်ပင် ဆရာတော်ဘုရားကြီးသည် ရှမ်း ပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ရပ်တော်မူကျောင်း တိုက်၌ စာချဘုန်းကြီးအဖြစ် စာသင်သား သံဃာတော် တို့အား ပရိယတ္တိစာပေများကို သင်ကြားပို့ချနေစဉ် ပဲခူး တိုင်းဒေသကြီးအ နောက် ပြည်မြို့ ရတနာမာန်အောင် တောရကျောင်း၏ ဦးစီးပဓါန နာယကဆရာတော်ဖြစ် တော်မူသော သက်တော် ရှည်ဝိဇ္ဇာဗလ ရွှေဗျိုင်းနားဆ ရာတော်ဘုရားကြီး၏ လျှောက်ထား ပင့်ဆောင်မှုကြောင့် ပြည်မြို့ ရတနာမာန်အောင် တော ရကျောင်းသို့ သာသ နာတာဝန်ဖြင့် ရောက်ရှိလာခဲ့ ရာ ၎င်းရတနာမာန်အောင် တောရကျောင်း၌ စာချဘုန်းကြီး အဖြစ် သာသနာ့တာ ဝန်များကို ဆက်လက်၍ ထမ်းဆောင် ခဲ့ရပါသည် ။
ဆရာတော်သည် ရတနာမာန်အောင် တော ရကျောင်း၌ သာသနာ့တာဝန်ကို ထမ်းဆောင်နေခဲ့ရာမှ ရွှေပေါက်ပင်သာသနာကို ထူထောင်ရန် အကြောင်းက ဖန် လာခဲ့ရပါသည်။ ဆရာတော်သည် ပေါက်ပင်စခန်း သို့ ခရစ် နှစ် (1988) ခု ကောဇာသက္ကရာဇ် (၁၃၅၀)ခု တန်ဆောင် မုန်း လပြည့်ကျော် ကာလတွင် ရောက်ရှိ တော်မူခဲ့ပါသည်။ ပေါက်ပင်စခန်းသို့ရောက်ပြီး ပေါက် ပင်စခန်းရှိ ပေါက်ပင်အောက်၌ သဒ္ဒါဗိုလ် သတိဗိုလ် ပ ညာဗိုလ် ဝိရိယဗိုလ် သ မာဓိဗိုလ်ဟု ဆိုအပ်သော ဗိုလ် ငါးပါးအား အဓိပတိပြုကာ ယောက်ကျားတို့၏ မလျှော့ သောဇွဲလုံးလဖြင့် ပဋိပတ်အ လုပ်ကို ပြင်းစွာပင် နေ့ည မပြတ် ကြိုးစားအားထုတ်တော်မူ ခဲ့ပါသည်။ ထိုစဉ်ခါက ဆရာတော်၏သက်တော်မှာ ငယ် ရွယ်ပြီး ကျန်းမာသန် စွမ်းကာ ပဋိပတ်အလုပ်ကို စွန့်စွန့် စား စားပင် ကျင့်ကြံ ပွါးများ အားထုတ်နေသော အချိန်ကာလ ဖြစ်ပါသည်။ ထိုစဉ်ကာလ တစ်နေ့သော ညဥ့်သန်းခေါင်ယံ ကျော် သော အချိန်ခန့်တွင် အလွန်ပင် ထူးဆန်းသော အလင်း စွမ်းအားတစ်ခုကြောင့် ဆရာတော်၏ သီတင်းသုံးရာ ကျောင်းတစ်ကျောင်းလုံးမှာ ထူးထူးခြားခြား လင်းထိန်၍ နေသည်ကို ဆရာတော်မှာ ထူးဆန်းစွာ မြင်တွေ့နေရပါ သည် ထူးဆန်းသော အလင်းမှာ အလွန်ပင်လင်းထိန်၍ နေပြီး ပို၍ထူးဆန်းသည်မှာ အရိပ်ဟူ၍ တစ်စုံတစ်ရာ မှ မရှိ အရိပ်တို့ ကင်းမဲ့၍နေခြင်းပင် ဖြစ်ပါသည်။ ဆရာ တော်သည် အလင်းအား သတိထားပြီး စူးစမ်းကြည့်ရာ အလင်း ၏လာရာလမ်းမှာ အလွန်ပင်ကွာဝေးသော ကောင်းကင်အ မြင့် တစ်နေရာမှ ဖြစ်၍နေသည်ကို ဆ ရာတော် သတိပြုမိ လိုက်ပါသည်။ဆရာတော်သည် အ လင်းအား သတိထားပြီး စူးစမ်းကြည့်ရာ အလင်း၏ လာ ရာလမ်းမှာ အလွန်ပင် ကွာဝေးသော ကောင်းကင်အမြင့် တစ်နေရာမှဖြစ်၍နေ သည်ကို ဆရာတော် သတိပြု မိ လိုက်ပါသည်။ ၎င်းအလင်းမှာအလွန်ပင် လင်းထိန်၍နေ ပြီး ထူးခြားသဖြင့် ကြည့်နေစဉ်မှာပင် ၎င်းအလင်းမှာ ဆ ရာတော်ရှေ့တော် မှောက်သို့ ချက်ချင်းပင် ရောက်ရှိလာ ပြီး ဆရာတော်မှ စူးစမ်းမေးမြန်းလိုက်ရာ သူ့မှာလူတို့၏ အနံ့အသက်ကို မခံ နှိုင်၍ လူတို့နှင့် အလွန်ပင်ကွာဝေး သော အရပ်ဒေသ၌ပင် နေနေရကြောင်း၎င်းမှာ ဘုရား ရှင်အား ပန်းလှူ ခဲ့ဖူးသဖြင့် လူ့ဘဝမှသက်တန်း ကုန်ဆုံး ခဲ့ရာ နတ်ပြည်၌ပင် ပန်းနတ်သားဖြစ်ခဲ့ရ ကြောင်း ဂေါတ မ မြတ်စွာဘုရားကိုပင် ဖူးခွင့်ပန်းလှူခွင့်ရခဲ့ပါကြောင်း ဆ ရာတော်နှင့်လည်း ပဋ္ဌာန်းဆက်ခဲ့ပါသဖြင့် ဆရာတော်ပြု သော သာသနာတွင် သူမှလည်း ဆရာတော်၏ ပါရမီကို ဖြည့်ဆည်းခွင့် ပါဝင်ခွင့် ပြုစေလိုကြောင်း ဆရာတော် မှ လည်း ကုသိုလ်ပြုသောအခါ တိုင်း၌ သူ့အား ဖိတ်ခေါ် ဆောင်နှင်း၍ ကုသိုလ်ပြုစေနိုင်ကြောင်း သူမှလည်းပါဝင် ကူညီပါမည် ဖြစ်ပါကြောင်း လျှောက်ထားရာ ဆရာတော် မှလည်း မြတ်စွာဘုရားရှင် အား ကိုယ်တိုင်ပင်မှီခဲ့ ကိုယ် တိုင်ပင်လျှက် ပန်းလှူခဲ့ ဖူး သော နတ်တစ်ပါး၏ အကူအ ညီကိုသာ ရရှိခဲ့မည်ဆိုပါက ပြုလာသောသာသနာတွင် အလွန်ပင် ကျေးဇူးများပြီး အ ကျိုးရှိ ထက်မြက်မည်ကို မျှော် တွေး၍ ဆရာတော်မှလည်း ၎င်းအားခွင့်ပြုခဲ့ပါ သည်။ ဆရာတော်မှလည်း ၎င်းနတ်မင်း၏ အမည်ကို ပင် နောင်လာနောင်သားတို့ သိရမှတ်ရ လွယ်ကူ စေရန် ပန်းပေါင်းတစ်ထောင်စောင့်နတ်မင်းဟု အမည် တပ်ပြီး အသိအမှတ်ပြုထားခဲ့ပါသည် ။
၎င်းကိုအကြောင်းပြု ၍ ဆရာတော်ပြုသော သာသနာတွင် ပန်းပေါင်းတစ် ထောင်စောင့်နတ်မင်းမှာ အဓိကကျသော နေရာမှပင် ပါ ဝင်ခဲ့ရပါသည်။ ဌာနေသီ တင်းသုံးရာဖြစ်သော ရွှေပေါက် ပင်သာသနာ၌ ဆရာ တော်သီတင်းသုံး တည်ရှိနေသည့် နေ့စဉ်နေ့တိုင်း နံ နက်အာရုံတိုင်းတွင် သက်တော်ထင်ရှား ရှင်တော်မြတ် ဘုရားအား မျက်နှာတော်သစ်ခြင်း စွယ်တော်မြတ် လေး ဆူအား ရှိခိုးပူဇော်ခြင်း ၎င်းတို့အားဆောင် ရွက်၍အပြီး တွင် ပန်းတစ်ထောင်စောင့် နတ်မင်းကြီး၏ အ ကူအညီ အ ထောက်အပံ့ကို ရယူကာ သစ်သီး ဆီမီး ပန်း ရေချမ်း အ မွေးနံ့သာတို့ဖြင့် ရှင်တော်မြတ်ဘုရားအား ကပ်လှူ ပူ ဇော်ပါသည်။
၎င်းအပြင်ဝါတွင်းကာလ သောကြာနေ့ ပိဏ္ဍပါတ်ဓူတင်ရက်တို့၌၎င်း ဆရာတော်၏ ပိဏ္ဍပါတ်ဓူ တင် အရပ်ဒေသတို့၌၎င်း အချိန်အခါသင့် အခွင့်ကြုံ သော အနယ်နယ် အရပ်ရပ် နေရာဒေသတို့၌ ၎င်းပန်း ပေါင်းတစ်ထောင်စောင့် နတ်မင်းကြီး၏ အကူအညီ အ ထောက်အပံ့ ကိုရယူ၍ သစ်သီး ဆီမီး ပန်း ရေချမ်း အ မွှေးနံ့သာကိုကပ် လှူ ပူဇော်တော်မူပါသည်။သတ်သက် လွတ် ဆွမ်းအလှူခံယူကာ ခုနှစ်ရက်သားသမီးအပေါင်း အား ပြန်လည်ကျွေးမွေးလှူတန်းချင်းအား တနှစ်လျှင် တ ကြိမ် မြို့ရွာများသို့ လှည့်လည်ကာ ကောင်းမှုကုသိုလ် များအား လုပ်ဆောင်လျှက် ရှိပါသည် ။ !
ဆရာတော်ဘုရားကြီး၏ လမ်းညွှန်မူများကို နာယူမှတ်
သားကာတပည့်ဒါယိကာ ဒါယိကာများက လိုက်နာဆောင်
ရွက်ကာသာသနာပြုလျှက်ရှိပါသည်။ယခုအချိန်တွင် ဆရာ
တော်၏ လမ်းညွှန်မှုဖြင့် မကျွတ်မလွတ်သောသတ္တဝါ အား
လုံး ကျွတ်တန်းဝင်နိုင်ရန် အကျွတ်အလွတ် အဓိဋ္ဌာန် ဝင်
ကာ အမျှတန်းပေးဝေကာ ကျွတ်တန်းဝင်စေခဲ့သည်။
သင်္ကြန် အခါတွင်း အခါများတွင်လည်း ရှစ်သောင်းလေး
ထောင် အဓိဋ္ဌာန်စခန်း ဖွင့်လစ်ပေးကာ သာသနာပြုစေခဲ့ပါ
သည်။
(မှတ်ချက်)
ရှစ်သောင်းလေးထောင်ဆိုသည်မှာ ပုတီးအလုံးရေ ရှစ်သောင်းလေးထောင် စိတ်ရတာပါ ပုတီးပတ်ရေနဲ့ဆို
ခုနှစ်ရာ ခုနှစ်ဆယ် ရှစ်လုံး စိတ်ရတာပါ
အရဟံ ဆိုတရက်ကစလို့ ဘဂဝါ အဆုံး (၉)ရက်စိပ်ရပါတတယ်။
ထိုသို့သော ကျင့်စဉ်များစွာကို ကျင့်ကြံ ပွားများကာ သတ္တဝါ
အပေါင်းအား မေတ္တာပွားများရင်း ကယ်တင်ပေးလျှက်ရှိပါ
သည်။
ဆရာတော်သည် (၇)ရက်သားသမီး သတ္တဝါ ဝေနေယျတို့အား ကယ်တင်လာခဲ့သည်မှာ ဆယ်စုနှစ် နှစ် စုကိုပင် ကျော်လွန်ခဲ့ပြီး ဖြစ်ပါသည်။ယခုလက်ရှိတွင်လည်ူ
လည် ကယ်တင်နေဆဲပင် ဖြစ်ပါသည်။နောင်တွင်လည်း ကယ်တင်နေရမည်ဖြစ်သဖြင့် ဆရာတော်နှင့်အတူ ပန်း ပေါင်းတစ်ထောင်နတ်မင်းသည်လည်း ရွှေပေါက်ပင်သာ သနာ၌ တည်ရှိနေမည်ကား အမှန်ပင်ဖြစ်ပါသည်။
ဆရာတော်သည် ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်တွင် သီတင်းသုံးလျှက်ရှိပါသည်။
ရေးသားသူ - ko ko kyaw (or) thar thar