ဒီလိုနဲ့ရုံးဆင်းရုံးတက်လုပ်နေလိုက်တာ ၆ ကျော်ကြာမြင့်ခဲ့ပါပြီ။နေသားတကျလဲ ဖြစ်သွားပြီမို့ အတော်လေးအဆင်ပြေနေပါပြီ။ရေလဲ
လုံလောက်သွားသည်။အဘယ်ကြောင့်ဆိုသော် ရေကို ၃ ရက်ခြားမှ
တပတ်ခြားသို့ပြောင်းလဲချိုးတတ်နေပြီလေ။သောက်သုံးရေနဲ့ ချက်ပြတ်စားသောက်ရန်ကား ရေသန့် တပုံးတထောင်နှင့် ဝယ်၍ရနေသည်။
အျမ်ဘေးတွင်စိုက်ဘောင်လေးများဆွဲကာ စလပ် မုန်ညှင်း ဂေါ်ဖီတို့ ကို စိုက်ပျိုးထားကာ စားခါနီးမှ တခါစား အရွက်လေးများကို ညှတ်ယူလျှက် ချက်ပြုတ်လိုက်သည်။အသားဟင်းကိုတော့ ရုံးပျတ်ရက်ဈေးကြီး
ထဲသွားကာ ချက်ပြုတ်ထားလိုက်သည်။အပင်တို့သည် ရေသိပ်လောင်းစရာ မလိုသလို အသားဟင်းတို့သည် ၃ ရက်တာမျှ အထားခံသည်။
ရာသီဓလေ့ လိုက်ဖက်လှသည် မဟုတ်ပါလော။
ဂျီသားများ ဝယ်ကာနေလှန်းထားပြီး တမြှောင်းလောက် မီးဖုတ်ပြီး ဆီစိမ်ထားလျှင်ပင် စားပါလေ့ပေါ့လေ။
ခုတော့လဲအနေကြာလာသည်နှင့်အမျှ အကျင့်ရကာ ပျှော်ရွှင်နေမိပါသည်။
တခါတလေ ပိတ်ရက်တွေပါ ဘုရားသွားသီလယူ ဆွမ်းကပ် ပေါ့
လေ တခါတခါတော့လဲ အိမ်ပတ်ဝန်းကျင်ရှိ ထင်းရှူးတောထဲဝင် သစ်ခွရှာပေါ့။
ဒီမြို့လေးက ရာသီဥတုနဲ့လိုက်အောင်ကို အေးချမ်းလှပါတယ် ။ဘာမရှုပ်အရှင်းမှမရှိဘူး ခိုက်ရန်ဖြစ်ပွားချင်းမရှိသလို သူတို့နေထိုင်မှုကိုက အေးချမ်းလှတာပါ အပြုံးကိုယ်စီ ရှိနေကြပါသည်။အကျယ်ဆုံးအသံဆိုလို့ တနင်္ဂနွေ ဘုရားကျောင်းတက် ဝတ်ပြုဆုတောင်းသံသာရိသည်။အားလုံးက ယဉ်ကျေးပြူဌာကြသည်။ထိုမြို့လေးသည်
အေးချမ်းစွာ နေထိုင်ရန် အကောင်းဆုံးပင်ဖြစ်ပါတော့သည်။
ကဲစကားကလဲပြောလို့ ကောင်းနေလေပြီး ။ထင်းသွားခြွေရန် လှမ်းခေါ်သံကြားလိုက်မိသည်။
" သွားလိုက်ဦးမယ်ဗျို့ "
" နောက်တပိုင်း ဆက်ပြီးဖတ်ရှူပေးပါဦးနော်"
ထင်းခြွေရန်လှည်းဖြင့် စတင်ထွက်ခွါ