တရားခံ ဘယ်သူလဲဟေ့
ကျောင်းသားအများစုက ပညာရေး နှင့် ပညာတတ်မြောက်ခြင်းကို လုံးဝစိတ်မဝင်စားကြတော့ပါ။
အမြဲမပြတ် တတွတ်တွတ် ပြောဆိုပြီး လုပ်ခိုင်းနေမှ လုပ်ကြပါတယ်။
လက်ကသာ သချာင်္တွက်နေတယ်၊ မျက်လုံးတွေက စာအုပ်ကို ကြည့်မနေကြပါဘူး၊ ပုစ္ဆာဆိုလိုချက်ကို တွေးမနေကြပါဘူး၊ သူတို့ခေါင်းထဲမှာ ရှိနေတာက စာမဟုတ်တဲ့ အခြားအကျိုးအကြောင်း မညီညွတ်တဲ့ ကိစ္စတွေပါ။
ဘေးနားက အပေါင်းအဖော်နဲ့ စာမလုပ်ဖြစ်စေဖို့ အခွင့်အလမ်းတွေ ရှာဖွေဖော်ထုတ်ကြပါတယ်၊ ဘေးက သူငယ်ချင်းကလည်း သူလိုလူဆိုရင်တော့ သူတို့ပျော်ကြပြီလေ။
စာကျက်ပြီဆိုရင်လည်း ထူးမခြားနားပါပဲ။
ကျက်ရတဲ့စာကိုမှ စာလို့ထင်တဲ့ သူတို့အတွက် ကျက်စာပိုင်းမှာလည်း အာရုံစူးစိုက်မှုအပြည့် မရှိကြပါ။
သုံးမိနစ်လောက် ကြည့်ဖတ်ပြီးရင် စာမဟုတ်တဲ့ အခြားအကြောင်းအရာတွေကို စ,တင်စဉ်းစားတွေးခေါ်ကြကုန်ပါပြီ၊ ဒါမှမဟုတ် ပတ်ဝန်းကျင် လေ့လာစူးစမ်းမှုတွေကို စ,တင်ပြုလုပ်လာကြပါတယ်။
သူတို့ ရပါပြီဆိုတဲ့စာကို မေးကြည့်လိုက်ရင် ချောချောမွေ့မွေ့ရတာ သိပ်မရှိပါ။ အိုးနင်းခွက်နင်းတွေပါပဲ။
ဂျောင်းဂျောင်းပြေးရတဲ့ စာတွေကျတော့လည်း စာအုပ်ထဲကအတိုင်းသာ ရနေတာပါ၊ သဘောတရား၊ အတွေးအခေါ်ပိုင်းဆိုင်ရာ လှည့်ပတ်မေးလိုက်ရင် မသိကြတော့ပါဘူး။
ကျွန်တော့် အဖေမှာ ဦးမြဖြစ်ပါသည် ဆိုတာကို
သင်၏ အဖေမှာ မည်သူဖြစ်သနည်း ဆိုရင် သူတို့ ဖြေတတ်ကြပါတယ်။
ဒါပေမယ့် သင့်အမေ၏ ခင်ပွန်းမှာ မည်သူဖြစ်သနည်း လို့်မေးရင်တော့ သူတို့ ရွာလည်နေကြပါပြီ။
သူတို့မှာ အဖေတစ်ယောက်တည်းမကလို့လည်း ဖြစ်နိုင်ပါတယ်။