နှင်းဝေတဲ့ မနက်ခင်း
ဒီလို မနက်ခင်းလေးတစ်ခုမှာ ချစ်ခင်မြတ်နိုးမှုတွေ ရှိခဲ့တယ်...
ဒီလို မနက်ခင်းလေးတစ်ခုမှာ မဖြတ်တောက်နိုင်တဲ့ သံယောဇဉ်တွေ ရှိခဲ့တယ်..
ဒီလို မနက်ခင်းလေးတစ်ခုမှာ ညှိနိုင်းမရတဲ့ သဘောကွဲလွဲမှုတွေ ရှိခဲ့တယ်...
ဒီလို မနက်ခင်းလေးတစ်ခုမှာ ထုတ်ဖော်ပြောဆိုလို့ မရတဲ့ စကားလုံးတွေ ရှိခဲ့တယ်...
ဒီလို မနက်ခင်းလေးတစ်ခုမှာ အေးချမ်းစွာနဲ့ လက်တွဲဖြုတ်ခဲ့တဲ့အကြောင်းလေးတစ်ခု ရှိခဲ့တယ်...
ဒီလို မနက်ခင်းလေးတစ်ခုမှာ မေ့မရနိုင်တဲ့ ဖြစ်ရပ်လေးတွေ ရှိခဲ့တယ်...
ဒီလို မနက်ခင်းလေးတစ်ခုမှာ အတိတ်ကဖြစ်ရပ်တွေအကြောင်း စဉ်းစားနေမိတဲ့ လူတစ်ယောက်ရှိတယ်..