crd-org-source
လာကကြီးမှာလူရယ်လို့ဖြစ်လာပြီဆိုရင် ဘယ်အရာမှ အလကားမရပါဘူး။ တစ်ခုလိုချင်တစ်ခုတော့ပြန်ပေးရစမြဲပါ။ စာသင်ရင်ပညာတတ်ဖို့ အချိန်တွေ ငွေတွေရင်းနှီးရတယ်။ စီးပွားရေးလုပ်ဖို့ဆိုရင် ငွေတွေလုပ်အားတွေ အကြံဥာဏ်တွေရင်းနှီးရပါတယ်။ ဝန်ထမ်းဆိုလည်း လစာရဖို့အတွက် အချိန်တွေ ကာယလုပ်အားတွေ ဥာဏလုပ်အားတွေ ရင်းနှီးရပါတယ်။ ရင်းနှီးမှုတွေလုပ်ကြပေမဲ့ အောင်မြင်တဲ့လူရှိသလို မအောင်မြင်တဲ့သူတွေလည်း အများကြီးပါပဲ။ ပညာသင်တဲ့သူတွေ ဘွဲ့တစ်ခုမှမရရင် သူအတွက် အချိန်တွေငွေတွေဆုံးရှုံးသွားတာပါပဲ။ အဲဒီဆုံးရှုးမှုကတော်တော်ဆိုးရွားပါတယ်။ ပြန်မရနိုင်တဲ့ဆုံးရှုးမှုကအချိန်ပေါ့။ ၁၀တန်းရောက်ပြီး မအောင်ရင်အဲဒီကလေးအတွက်ဆုံးရှုးမှုကအင်မတန်ကြီးမားပါတယ်။ ဒုတိယဆုံးရှုးသူကမိဘတွေပါ။ ကျွန်တော်တို့steemitအဖွဲ့ထဲမှာလည်း မိဘဖြစ်ပြီးသူ
တွေ မိဘဖြစ်လာမဲ့သူတွေအများကြီးပါ။ ကျွန်တော်ဝေမျှချင်တာကတော့ ကိုယ်မွေးလာမဲ့သားသမီးတွေအတွက်သေချာပြုစုပျိုးထောင်ဖို့လိုပါတယ်။ ပြုစုပျိုးထောင်ပုံတွေကိုတော့ ကျွန်တော်မရေးတော့ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ထူထောင်ပုံခြင်းတော့မတူကြဘူးပေါ့။ အစကောင်းမှအနှောင်းသေချာတဲ့ ငယ်စဉ်ကတည်းက မှန်ကန်တဲ့နည်းလမ်းနဲ့အကောင်းဆုံးဖြစ်အောင်သွန်သင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ခေါင်းစဉ်နဲ့အကြောင်းအရာ လွဲသွားမှာစိုးလို့ဒီလောက်နဲ့ပဲတိုက်တွန်မှုကိုရပ်ချင်ပါတယ်။
crd-org-source
ကျွန်တော်တို့တွေရဲ့အသက်ရှင်နေထိုင့်ရမဲ့သက်တမ်းဟာ တိုးတောင်းလွန်းလှပါတယ်။ ဒီတိုတောင်းလွန်တဲ့ သက်တမ်းအတွင်းစည်းစိမ်ဥစ္စာတွေ ရှာဖွေနေလိုက်ကြတာ သမာအာဇီဝနဲ့ရှာဖွေနေသူတွေရှိသလို ဝိသမလောဘနဲ့ ရှာဖွေနေသူတွေလည်းရှိပါတယ်။ ရှာသမျှအရာအားလုံး အခုသေအခုထားခဲ့ရမှာကို မေ့နေကြတယ်လို့ထင်ပါတယ်။ တစ်ဘဝတာပဲသုံးလို့ရမဲ့ စည်းစိမ်ဥစ္စာတွေကို တချို့ ဆိုဘုရားမေ့တရားမေ့ရှာနေလိုက်ကြတာဗျာ ။ဒီလိုရေးလို့ တမျိုးမထင်လိုက်ကြပါနဲ့။ သူများစီးပွားရှာတာ မနာလိုလို့ရေးနေတာလို့လည်းအထင်မလွဲလိုက်ကြပါနဲ့။ ဆက်ရေးမဲ့အကြောင်းရာတွေ ဆက်ဖတ်တဲ့အခါဘာကြောင့်ရေးတယ်ဆိုတာကိုသိကြပါလိမ့်မယ်။ တစ်ဘဝတာပဲသုံးလိုရမဲ့စည်းစိမ်ဥစ္စာကို သဲကြီးမဲကြီးရှာဖွေနေမဲ့အစား နတ်စည်းစိမ်တွေခံစားပြီး ဘုံစင်စံဘဝနဲ့ နိဗ္ဗန်ဝင်ရမဲ့ အရင်းအနှီးကိုတော့ ရင်းနှီးဖို့မေ့လျော့နေကြတယ်ဗျာ။ နတ်စည်းစိမ်ဆိုတာ ကျွန်တော်တို့လူပြည်ကဘယ်စည်းစိမ်နဲ့မှ နှိင်းယှဉ်လို့ မရအောင်ချမ်းသာပါတယ်။နေဖို့ စားဖို့ဆိုတာ ရှာဖွေနေစရာမလိုပါဘူး။ နေဘို့ဆိုရင်အရမ်းကိုလှပခန်ညားတဲ့ ဘုံဗိမ္ဗန်ကြီးနဲ့စားဖို့ဆိုလည်းအရသာရှိလွန်းတဲ့ နတ်သုဒ္ဒါကိုစားသုံးကြရပါတယ်။ သွေး သလိပ် ပြည် ချွေးဆိုတာနတ်တွေ
မှာမရှိလို့ဆိုးရွားတဲ့အနံ့တွေလည်း သူတို့ကိုယ်ကမထွက်ပါဘူး။ လူပြည်က အလှဆုံးဆိုတဲ့ယောကျာ်း မိန်မတွေဟာ နတ်ပြည်ကကုသိုလ်အနည်းဆုးံ နတ်သမီးနတ်သားတွေရဲ့ အလှကိုလုံးဝမမှီပါဘူး။ ဒီလိုရေးတော့ နတ်ပြည်ကိုရောက်ဖူးလို့လားလို့ မေးစရာရှိပါ့မယ်။
မရောက်ဖူးပါဘူး။ ဘုရားဟော တရားတပုဒ်ကိုနာယူပြီး ရေးသားရခြင်းဖြစ်ပါတယ်။တရားက"မြတ်စွာဘုရား ညီဝမ်းကွဲအိမ်ရှေ့မင်းသား
ဟာ အလွန်လှပတဲ့ အိမ်ရှေု့မင်းသမီးတစ်ပါးနဲ့ လက်ဆက်ခဲ့ပါတယ်။ အိမ်ရှေမင်းသားဟာ မြတ်စွာဘုရားထံက ဒီခေတ်အခေါ်နဲ့ဆိုလက်ဖွဲ့တောင်းပါတယ်။ မြတ်စွာဘုရားကတုန့်ပြန်ပြောဆိုခြင်းမရှိပဲ
ဘုရား၏တန်ခိုးဖြင့် ညီတော်အိမ်ရှေ့မင်းသားအား နတ်ပြည်သို့ခေါ်ဆောင်သွားခဲ့ပါတယ်။ နတ်ပြည်ရောက်တဲ့အခါ နတ်သမီးတွေပြပြီး လူပြည်ကလက်ဆက်ခဲ့တဲ့မင်းသမီးနဲ့ အခုတွေ့နေရတဲ့ နတ်သမီးဘယ်သူကပိုလှပါသလဲလို့ မေးတဲ့အခါ မင်းသားက နတ်သမီးနဲ့ယှဉ်တော့ အိမ်ကမင်းသမီးကမျောက်အိုမကြီးလောက်ပဲရှိပါတော့တယ်လို့ ပြန်ဖြေပါတယ်။" နောက်ထပ်မေးတာတွေဖြေတာတွေကတော့ရှိပါတယ်။ ကျန်တာတွေတော့မဖော်ပြတော့ပါဘူး။ အကြောင်းရာတွေလွဲသွားမှာစိုးလို့ပါ။ နတ်ပြည်ဟာ လူပြည်ထက်အဆပေါင်းများစွာချမ်းသာတယ်ဆိုတာကိုပေါ်လွင်စေချင်တာပါ။ ဒီလိုချမ်းသာမှုများစွာနဲ့ပြည့်စုံတဲ့ နတ်ပြည်ရောက်ပြီး သံသရာကလွတ်မဲ့လမ်းကြောင်းရှိနေပါလျက်နဲ့ အဲဒီအတွက်ရင်းနှီးမှုတွေမလုပ်ကြပဲ တိုတောင်းလှတဲ့တစ်ဘဝစာအတွက်ပဲ အချိန်တွေကာယအား ဥာဏအားတွေသုံးပြီးလုပ်ဆောင်နေကြပါတယ်။
crd-org-source
နတ်ပြည်ရောက်မဲ့အကြောင်းတရားတွေ အများကြီးရှိပါတယ်။ လှူ တမ်းတယ်ဆိုတာအပြည့်ဝရဖို့အရမ်းကိုခက်ခဲပါတယ်။သဒ္ဒါအား စိတ်စေတနာ နလုံးသွင်းမှန်မှုစတဲ့အချက်တွေနဲ့ပြည့်စုံမှ ကိုယ်လှူ
တဲ့အကြိုးကိုအပြည့်အဝခံစားရမှာပါ။ နတ်ပြည်ရောက်မှာလားလို့တော့အတိအကျမပြောနိုင်ပါဘူး။ကျိ မ်းသေတဲ့အရင်းနှီးကတော့ ဝိပသနာတရားအားထုတ်ခြင်းပါပဲ။ ကိုယ်မသေခင်မှာဝိပသနာတရားကို နေစဉ်အားထုတ်နေရင်းမှ ဝေဒနာကိုကျော်နိုင်တဲ့အဆင့်ရောက်ပြီဆိုရင်တော့သေခါနီးဖြစ်တဲ့ဝေဒနာကို အေးချမ်းစွာကျော်ဖြတ်နိုင်ပါပြီ။ သေခါနီးဝေဒနာကိုကျော်လွားနိုင်ဆိုရင်တော့ ကတိမြဲပါပြီ။ ကတိမြဲပြီဆိုရင်တော့ သေပြီဆိုတာနဲ့နတ်ရထားဆိုက်ပြီး နတ်ပြည်ကိုခေါ်ဆောင်သွားတော့တာပါပဲ။ နတ်ပြည်မှာလည်း သောတပန် သက္ကဒါဂန် အနာဂန်နတ်သားကြီးတွေရဲ့ တရားတွေကိုနာကြားပြီး နတ်ပြည်မှာပဲ သောတပန်တည်မှာပါ။ ဒီအတွက်ပေးဆပ်ရတဲ့ အရင်းနှီးက တရားအားထုတ်ရုံပါပဲ။ ငွေအရင်းနှီးတွေလည်းစိုက်ထုတ်စရာမလိုပါဘူး။ ဆင်းရဲခြင်း ချမ်သာခြင်းတွေလည်းမလိုပါဘူး။ ဘယ်သူမဆိုလုပ်လို့ရတဲ့ အလုပ်တစ်ခုပါ။ အားထုတ်ချင်တဲ့စိတ်ကလေးတစ်ခုပဲလိုပါတယ်။ အဲဒီစိတ်ကလေးအမြန်ဆုံးပေါ်ပေါာက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
steemit မိသားစုများ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ။
MSC-251
author